Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အမေရိကန် လက်နက်တွေနဲ့အတူ စစ်ရေးပြ ချီတက်ခဲ့တဲ့ တာလီဘန်တွေ

အမေရိကန်ရဲ့ ထိုးစစ်ကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်က အာဖဂန်မှာ အာဏာ လက်လွှတ်လိုက်ရတဲ့ တာလီဘန်တွေဟာ အခုအခါမှာတော့ သူတို့ရဲ့ နေရာဟောင်းဆီ ပြန်ရောက်လာပြီ ဖြစ်သလို အမေရိကန် လက်နက်တွေကိုပါ ရရှိသွားခဲ့ပါတယ်။

အမေရိကန်လုပ် စစ်လက်နက် ပစ္စည်းတွေနဲ့အတူ တာလီဘန် စစ်သွေးကြွတွေက အာဖဂန် နစ္စတန် နိုင်ငံမှာ စစ်ရေးပြ ချီတက်ခဲ့ပါတယ်။

ဩဂုတ်လမှာ တာလီဘန်တွေက အမေရိကန်ရဲ့ မဟာမိတ်ဖြစ်တဲ့ အာဖဂန် အစိုးရဟောင်းကို ဖြုတ်ချပြီး နိုင်ငံအာဏာကို သိမ်းပိုက်လိုက်ပါတယ်။ အဲဒီနောက် နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ အစွန်းရောက် ဘာသာရေး အခြေပြုတဲ့ အုပ်ချုပ်ရေး ပုံစံကို ပြန်လည် အသက်သွင်းလာခဲ့ပါတယ်။

ဒါ့အပြင် အရင်က ပြောက်ကျား စစ်သွေးကြွ အဖွဲ့ အနေနဲ့သာ ရှိခဲ့ရာကနေ ပုံမှန် စစ်တပ်တစ်ခုအသွင် ပြောင်းလဲ ဖွဲ့စည်းဖို့လည်း တာလီဘန်တွေက စိုင်းပြင်းနေပါတယ်။ ဒီအတွက် လိုအပ်တဲ့ စစ်လက်နက် ပစ္စည်းတွေကလည်း အတော်လေး ဖူဖူလုံလုံ ဖြစ်လာပါပြီ။ အရင် အာဖဂန် စစ်တပ်ကို အမေရိကန်က ထောက်ပံ့ခဲ့တဲ့ စစ်အသုံးအဆောင် အတော်များများဟာ တာလီဘန်တွေရဲ့ လက်ထဲ ကျရောက်သွားတာကြောင့်ပါ။

အမေရိကန်ရဲ့ ထိုးစစ်ကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်က အာဖဂန်မှာ အာဏာ လက်လွှတ်လိုက်ရတဲ့ တာလီဘန်တွေဟာ အခုအခါမှာတော့ သူတို့ရဲ့ နေရာဟောင်းဆီ ပြန်ရောက်လာပြီ ဖြစ်သလို အမေရိကန် လက်နက်တွေကိုပါ ရရှိသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၁၄ ရက်က ကဘူးလ်မြို့တော်မှာ တာလီဘန်တွေက အမေရိကန်လုပ် Humvee စစ်ကားတွေ၊ M117 သံချပ်ကာယာဉ်တွေ၊ အမေရိကန်လုပ် M4ရိုင်ဖယ် သေနတ်တွေနဲ့အတူ ဟန်ရေးပြ ချီတက်ခဲ့ပါတယ်။ ဒါ့အပြင် M-17 ရဟတ်ယာဉ်တွေကလည်း စစ်ရေးပြ လမ်းကြောင်း အထက်မှာ ဝဲပျံနေတာကို တွေ့ရပါတယ်။

ဒီချီတက်ပွဲမှာ လေ့ကျင့်သား ပြည့်ဝနေတဲ့ စစ်သည် ၂၅၀ လောက် ပါဝင်ခဲ့တယ်လို့ တာလီဘန်တွေရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အရင် အာဖဂန် စစ်တပ်ဟာ တာလီဘန်တွေနဲ့ တိုက်ပွဲ ဖြစ်ခဲ့တဲ့နောက် ကစဉ့်ကလျား ဆုတ်ခွာ ထွက်ပြေးရာကနေ စစ်လက်နက်တွေ ကျန်နေခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ထွက်ပေါ်လာတဲ့ စာရင်းဇယား မှတ်တမ်းတွေအရ ၂၀၀၂ ကနေ ၂၀၁၇ အတွင်း အမေရိကန်ဟာ ဒေါ်လာ ၂၈ ဘီလီယံလောက် တန်ဖိုးရှိတဲ့ လက်နက်တွေ၊ ယာဉ်တွေ၊ ထောက်လှမ်းရေးနဲ့ စစ်သုံးကိရိယာတွေ၊ လေယာဉ်တွေကို အာဖဂန် စစ်တပ်ဆီ ထောက်ပံ့ပေးထားခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂဆိုင်ရာ အီရန် သံတမန် အဖွဲ့က အီရန်ရဲ့ တိုက်ခိုက်မှုဟာ တရားမျှတပြီး အမေရိကန် အနေနဲ့ ကြားမဝင်ဖို့ လိုတယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံတကာ

အမေရိကန် လေတပ်ဟာ CCAလို့ နာမည်ပေးထားတဲ့ ပရောဂျက်ကို အကောင်အထည်ဖော် စမ်းသပ်နေတာ နှစ်နဲ့ချီ ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ရှိရင်းစွဲ တိုက်လေယာဉ်တွေကို လေယာဉ်မှူးတွေအစား AIက ဆုံးဖြတ် ပျံသန်းတာမျိုး ခိုင်းစေနေတာ ဖြစ်ပါတယ်။