Connect with us

Hi, what are you looking for?

သတင်း

စစ်ဆိုင်ထားသည့်​နေရာမှ သင်တန်းဆင်းစစ်သား နှစ်ဦး စစ်ကိုင်းPDF ထံအလင်းဝင်

စစ်ဆိုင်ထားသည့် နေရာမှ ပြည်သူ့စစ်မှုထမ်းတပ် သားနှစ်ဦးအလင်းဝင်လာကြောင်း စစ်ကိုင်းပြည်သူ့ကာကွယ်ရေတပ်မတော် (SAGAING-PDF) တာဝန်ရှိသူက ပြောသည်။

သင်တန်းဆင်း စစ်သား ၂ ဦး စစ်ကိုင်းPDF ထံအလင်းဝင်စဥ်။ဓါတ်ပုံ-စစ်ကိုင်းPDF

ဇူလိုင်-၅၊၂၀၂၅။ရဲခေါင်/People’s Spring

စစ်ဆိုင်ထားသည့် နေရာမှ ပြည်သူ့စစ်မှုထမ်းတပ် သားနှစ်ဦးအလင်းဝင်လာကြောင်း စစ်ကိုင်းပြည်သူ့ကာကွယ်ရေတပ်မတော် (SAGAING-PDF) တာဝန်ရှိသူက ပြောသည်။

အလင်းဝင်လာသူနှစ်ဦးသည် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့်အတင်းကြပ်စု​ဆောင်းခံရသူများဟု ဆိုသည်။

သင်တန်းဆင်း စစ်သား ၂ ဦး စစ်ကိုင်းPDF ထံအလင်းဝင်စဥ်။ဓါတ်ပုံ-စစ်ကိုင်းPDF

“ဒီလပိုင်းပဲ။စစ်ဆိုင်ထားတဲ့နေရာကမို့ပါ။အသေး စိတ်မထုတ်ပြန်တော့ဘူး”ဟု အထက်ပါတာဝန်ရှိသူ က အလင်းဝင်တပ်သားနှစ်ဦးအကြောင်း ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် စစ်မှုထမ်းနေရသောစစ်ကောင်စီတပ်သားများအနေဖြင့် ဆက်သွယ်ကာ အလင်းဝင်ရောက်နိုင်ကြောင်း စစ်ကိုင်း PDF က အသိပေးသည်။

လူ့ဂုဏ်သိက္ခာနှင့်အညီဆက်လက်ထိုင်နိုင်ရေးအတွက်ပါ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဟု ကတိပြုသည်။

ဇူလိုင်လ၃ရက်နေ့ကလည်းစစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်မှာအနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ အဓမ္မစစ်မှုထမ်းခံရသည့် တပ်သားလေးဦးသည် လက်နက်ခဲယမ်းများဖြင့် မုံရွာပကဖအဖွဲ့ထံ ဘက်ပြောင်ခိုလှုံထားသည်။

စစ်ကောင်စီတပ်သားများအလင်းဝင်ဘက်ပြောင်းမှုကိုကူညီနေသည့် ပြည်သူ့ပန်းတိုင်ကကောက် ယူထားသည့် မှတ်တမ်းများအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ မှ ဇွန်လ တတိယပတ်အထိ အလင်း ဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်းစုစုပေါင်း ၁,၄၂၉ ဦးရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရိုင် တပ်ရင်း(၃)က အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကောင်းမွန်စွာ ကျွေးမွေးထားကြောင်း ရုပ်သံမှတ်တမ်းဖော်ပြပြီး အလင်းဝင်သူနဲ့ စစ်သုံ့ပန်းကို ခွဲခြားထားရှိတာဖြစ်လို့ စစ်ကောင်စီတပ်သားတွေ အလင်းဝင်မလား စစ်သုံ့ပန်းအဖြစ်ခံမလား စဉ်းစားစေလိုတယ်လို့ သတိပေးခဲ့ပါတယ်။