Connect with us

Hi, what are you looking for?

News

မီးဖွားပြီးစအမျိုးသမီးကို အကြမ်းဖက်စစ်​ကောင်စီတပ်ကအကြိမ်ကြိမ်အဓမ္မပြုကျင့်မှု ချင်းတစ်မျိုးသားလုံးနှင့်မြန်မာပြည်သူများကို​စော်ကားခြင်းဖြစ်ပြီး တာဝန်ခံရမည်

ချင်းပြည်နယ်တီးတိန်မြို့နယ်အပ်လွယ်ကျေးရွာနေထိုင်သော လသားက​လေးငယ်၏မိခင်အား အကြမ်းဖက်စစ်အုပ်စုတပ်သားများက ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့ည ၁၁:၀၀ နာရီ အချိန်နှင့် ည ၁၂း၀၀ နာရီတို့တွင် အကြိမ်ကြိမ်အဓမ္မပြုကျင့်သွားခဲ့သည်ဟု ယနေ့ ထုတ်ပြန်ထားခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကလေးမီးဖွားပြီးစ ချင်းအမျိုးသမီးတစ်ဦးကိုအကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့ခြင်းအတွက် တာဝန်ခံရမည်ဖြစ်ကြောင်းနှင့်ယင်းလုပ်ရပ်သည်ချင်းတစ်မျိုးသားလုံးနှင့် မြန်မာပြည်သူတို့အား စော်ကားခြင်းဖြစ်ကြောင်းမင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်သည်။

ချင်းပြည်နယ်တီးတိန်မြို့နယ်အပ်လွယ်ကျေးရွာနေထိုင်သော လသားက​လေးငယ်၏မိခင်အား အကြမ်းဖက်စစ်အုပ်စုတပ်သားများက ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့ည ၁၁:၀၀ နာရီ အချိန်နှင့် ည ၁၂း၀၀ နာရီတို့တွင် အကြိမ်ကြိမ်အဓမ္မပြုကျင့်သွားခဲ့သည်ဟု ယနေ့ ထုတ်ပြန်ထားခြင်းဖြစ်သည်။

ယင်းသတင်းထွက်ပေါ်နေသည်မှာ နှစ်ရက်ခန့်ကြာနေပြီဖြစ်သော်လည်း မြေမြင်ကိုကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ပြီးမှ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ခြင်းဖြစ်သည်။အဓမ္မပြုကျင့်စဉ်တွင် မီးနေသည်၏ခင်ပွန်းအား ဝပ်ခိုင်းထားပြီး ဝိုင်းဝန်း ရိုက်နှက်ကန်ကြောက်ထိုးကြိတ်သလို သေနတ်ဒင်ဖြင့်ထုထောင်းနှိပ်စက် အနိုင်ကျင့်ခဲ့သည်ဟုလည်း​ဖော်ပြထားသည်။

အဓမ္မပြုကျင့်ခံရသည့် အမျိူသမီးသည် ကလေးမီးဖွားထားသည်မှာ တစ်လခွဲခန့်သာ ရှိသေးသည့်အသက်၂၀ ကျော်အရွယ်ဖြစ်သည်ဟု ‌ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ပွဲအတွင်း အမျိုးသမီးများအား ပစ်မှတ်ထား အနိုင်ကျင့်စော်ကားခြင်းသည် စစ်ပွဲနှင့် မသက်ဆိုင်သည့် အမျိုးသမီးများ၏ လုံခြုံရေး၊ အသက်၊အရှက်တရားနှင့် အခွင့်အရေးများအား ချိုး ဖောက်ကျူးလွန်ခြင်းဖြစ်ပြီး ချင်းတစ်မျိုးသားလုံးနှင့် မြန်မာပြည်သူတို့အား စော်ကားခြင်းဖြစ်သလို
အဓမ္မကျူးလွန်သူနှင့် ကျူးလွန်မှုအတွက် တာဝန်ရှိသူအားလုံး ယခုဖြစ်စဉ်အတွက် တာဝန်ယူရမည်ဟုမင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

LGBT ၁ဦးလည်း ဖမ်းဆီးခံရပြီး ထွက်ပြေးလွတ်မြောက်လာ

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဘန်ကောက် ခရီးစဉ်အတွင်း ဆန္ဒပြခဲ့တဲ့ ထိုင်းလွှတ်တော် အမတ်ဟာ မြန်မာပြည်သူတွေဆီက ထောက်ခံချီးကျူးတဲ့စာတွေ အများအပြား လက်ခံ ရရှိနေတယ်လို့ ဆိုပါတယ်။

သတင်း

ရန်ကုန်-နေပြည်တော်အမြန်လမ်း၊ မိုင်တိုင် ၃၂ အနီးမှာ ဒီနေ့ မနက် ၉နာရီခန့်က TikTokရိုက်နေတဲ့ အမျိုးသမီးတစ်ဦး ကားတိုက်ခံရတယ်လို့ သတင်းရရှ်ိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ငြိမ်းချမ်းရေးဟာ ငြိမ်းချမ်းရေးမဟုတ်၊ ဆွေးနွေးရေးကိစ္စ SCEF ရဲ့မူအတိုင်း အခိုင်အမာရပ်တည်ဟု ထုတ်ပြန်