Connect with us

Hi, what are you looking for?

LuduNwayOo

News

မီးဖွားပြီးစအမျိုးသမီးကို အကြမ်းဖက်စစ်​ကောင်စီတပ်ကအကြိမ်ကြိမ်အဓမ္မပြုကျင့်မှု ချင်းတစ်မျိုးသားလုံးနှင့်မြန်မာပြည်သူများကို​စော်ကားခြင်းဖြစ်ပြီး တာဝန်ခံရမည်

ချင်းပြည်နယ်တီးတိန်မြို့နယ်အပ်လွယ်ကျေးရွာနေထိုင်သော လသားက​လေးငယ်၏မိခင်အား အကြမ်းဖက်စစ်အုပ်စုတပ်သားများက ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့ည ၁၁:၀၀ နာရီ အချိန်နှင့် ည ၁၂း၀၀ နာရီတို့တွင် အကြိမ်ကြိမ်အဓမ္မပြုကျင့်သွားခဲ့သည်ဟု ယနေ့ ထုတ်ပြန်ထားခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကလေးမီးဖွားပြီးစ ချင်းအမျိုးသမီးတစ်ဦးကိုအကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့ခြင်းအတွက် တာဝန်ခံရမည်ဖြစ်ကြောင်းနှင့်ယင်းလုပ်ရပ်သည်ချင်းတစ်မျိုးသားလုံးနှင့် မြန်မာပြည်သူတို့အား စော်ကားခြင်းဖြစ်ကြောင်းမင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်သည်။

ချင်းပြည်နယ်တီးတိန်မြို့နယ်အပ်လွယ်ကျေးရွာနေထိုင်သော လသားက​လေးငယ်၏မိခင်အား အကြမ်းဖက်စစ်အုပ်စုတပ်သားများက ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့ည ၁၁:၀၀ နာရီ အချိန်နှင့် ည ၁၂း၀၀ နာရီတို့တွင် အကြိမ်ကြိမ်အဓမ္မပြုကျင့်သွားခဲ့သည်ဟု ယနေ့ ထုတ်ပြန်ထားခြင်းဖြစ်သည်။

ယင်းသတင်းထွက်ပေါ်နေသည်မှာ နှစ်ရက်ခန့်ကြာနေပြီဖြစ်သော်လည်း မြေမြင်ကိုကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ပြီးမှ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ခြင်းဖြစ်သည်။အဓမ္မပြုကျင့်စဉ်တွင် မီးနေသည်၏ခင်ပွန်းအား ဝပ်ခိုင်းထားပြီး ဝိုင်းဝန်း ရိုက်နှက်ကန်ကြောက်ထိုးကြိတ်သလို သေနတ်ဒင်ဖြင့်ထုထောင်းနှိပ်စက် အနိုင်ကျင့်ခဲ့သည်ဟုလည်း​ဖော်ပြထားသည်။

အဓမ္မပြုကျင့်ခံရသည့် အမျိူသမီးသည် ကလေးမီးဖွားထားသည်မှာ တစ်လခွဲခန့်သာ ရှိသေးသည့်အသက်၂၀ ကျော်အရွယ်ဖြစ်သည်ဟု ‌ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ပွဲအတွင်း အမျိုးသမီးများအား ပစ်မှတ်ထား အနိုင်ကျင့်စော်ကားခြင်းသည် စစ်ပွဲနှင့် မသက်ဆိုင်သည့် အမျိုးသမီးများ၏ လုံခြုံရေး၊ အသက်၊အရှက်တရားနှင့် အခွင့်အရေးများအား ချိုး ဖောက်ကျူးလွန်ခြင်းဖြစ်ပြီး ချင်းတစ်မျိုးသားလုံးနှင့် မြန်မာပြည်သူတို့အား စော်ကားခြင်းဖြစ်သလို
အဓမ္မကျူးလွန်သူနှင့် ကျူးလွန်မှုအတွက် တာဝန်ရှိသူအားလုံး ယခုဖြစ်စဉ်အတွက် တာဝန်ယူရမည်ဟုမင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။