Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့ကအိမ်များကို စစ်တပ်ဆက်တိုက်မီးရှို့ ၊ မိုးဗြဲ-လွိုင်​ကော်လမ်းတိုက်ပွဲပြင်းထန်​နေ

မိုးဗြဲမြို့ရှိ လူနေအိမ် များကို စစ်ကောင်စီတပ်စစ်ကြောင်းကနေ့စဥ်မီးရှို့ဖျက်ဆီးနေပြီး မိုးဗြဲ-လွိုင်ကော်လမ်းပိုင်းတွင် တိုက်ပွဲများ ပြင်းထန်နေကြောင်းကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

စစ်​ကောင်စီတပ်က မိုးဗြဲမြို့သို့ဝင်​ရောက်တပ်စွဲပြီး​နောက် အိမ်များကို ဆက်တိုက်မီးရှို့​နေစဥ်။ ဓါတ်ပုံ-KNDF

ဇူလိုင်-၇၊၂၀၂၅။ရဲခေါင်/People’s Spring

မိုးဗြဲမြို့ရှိ လူနေအိမ် များကို စစ်ကောင်စီတပ်စစ်ကြောင်းကနေ့စဥ်မီးရှို့ဖျက်ဆီးနေပြီး မိုးဗြဲ-လွိုင်ကော်လမ်းပိုင်းတွင် တိုက်ပွဲများ ပြင်းထန်နေကြောင်းကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

မိုးဗြဲမြို့တွင်းသို့ အင်အားအဆမတန်အသုံးပြု၍ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သော စစ်တပ်စစ်ကြောင်းများကဇူလိုင် လ ၃ ရက်နေ့ကစ၍ မြို့တွင်းရပ်ကွက်များအတွင်းရှိ အရပ်သားပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဟု KNDF ကထုတ်ပြန်ထားသည်။

“စစ်ကောင်စီဟာ ပြည်သူတွေရဲ့ စည်စိမ်ဥစ္စာကို ပျက်စီးရာပျက်စီးကြောင်းလုပ်နေတာလို့ပြောရမယ်။မြို့ကိုထိန်းသိမ်းစောင့်ရှောက်ဖို့ထက် ပြည်သူ့ အသက်အိုးအိမ်ကို ဖျက်ဆီးဖို့ လိုလားတာကို တွေ့ရတယ်”ဟုအထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

https://www.facebook.com/LuduNwayOo/videos/1259989649004093

စစ်ကောင်စီသည် မိုးဗြဲမြို့အတွင်းရှိ ရပ်ကွက်များအတွင်းသို့ အင်အားအများအပြားဖြင့် ဖြန့်ခွဲ၍ လူ မိုက်ဆန်ဆန် ဖျက်ဆီးဝင်ရောက်ကာ အကြောင်းမဲ့ မီးရှို့ဖျက်ဆီးမှုကြောင့်ဇူလိုင်လ ၆ ရက်ညနေပိုင်းထိ လူနေအိမ် ၂၀ ကျော် မီးလောင်းပျက်စီးဆုံးရှုံးခဲ့​ကြောင်းKNDF ကအသိပေးသည်။

မိုးဗြဲမြို့အတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့များဝင်ရောက် စစ်ကြောင်းထိုးနေ၍ တော်လှန်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲများနေ့စဥ် ဖြစ်ပွားနေကြောင်း သိရသည်။

“မိုးဗြဲမြို့အနီးဝန်းကျင် အထူးသဖြင့် မိုးဗြဲ-လွိုင်ကော်လမ်းပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေတယ်။စစ်ကောင်စီဟာ မိုးဗြဲကနေ လွိုင်ကော်ကို စစ်ကြောင်း တိုးနိုင်ဖို့ ဆက်ပြီးတော့မှ ကြိုးစားနေတာကြောင့် တိုက်ပွဲတွေ ဆက်ဖြစ်နေတာ ဖြစ်ပါတယ်”ဟုကရင်နီတပ်ပေါင်းစုတာဝန်ရှိသူကပြောသည်။

ထို့အပြင်မိုးဗြဲမြို့အနီးဝန်းကျင်ရှိ လူနေကျေးရွာများသို့လည်း လက်နက်ကြီးများ ပစ်ခတ်နေသောကြောင့် စစ်ရေးအသိနှင့် လုံခြုံရေးသတိရှိစွာ နေထိုင်သွားလာရန် ပြည်သူများကို KNDF က တိုက်တွန်းထားသည်။

ရှမ်းပြည်တောင်ပိုင်းမှ ကရင်နီပြည်နယ်သို့ဝင် ပေါက်ဖြစ်ရာ မိုးဗြဲမြို့ကို စစ်ကောင်စီက ခြောက်လ ကျော်ကြာ ထိုးစစ်ဆင်ပြီးနောက် မြို့ပေါ်ရပ်ကွက်များနှင့် လမ်းမကြီးကို ဇူလိုင်လဆန်းရက်က ပြန်လည်ထိန်းချုပ်ခဲ့သည်။

လူဦးရေ နှစ်သောင်းကျော်နေထိုင် ခဲ့သည့် မိုးဗြဲ မြို့သည် စစ်အုပ်စုအခြေစိုက်ရာ နေပြည်တော်ကို နာရီပိုင်းနှင့် ရောက်နိုင်သည့် ပင်လောင်း-ဖယ်ခုံ -မိုးဗြဲ-လွိုင်ကော် လမ်းပိုင်းပေါ်၌ ရှိသည်။

စစ်​ကောင်စီကလည်း ဇူလိုင် ၆ ရက်တွင် မြို့​အ​ရှေ့ဘက်အစွန်ဆုံး ​ညောင်ဝိုင်းရပ်ကွက်အထိအပြီးသတ်သိမ်းပိုက်နိုင်ပြီဖြစ်​ကြောင်း ဇူလိုင် ၇ ရက်ထုတ် စစ်​ကောင်စီသတင်းစာများတွင် ​ဖော်ပြထားသည်။၂၀၂၅ နှစ်ဆန်းမှစ၍ တိုက်ပွဲကြီးငယ် ၆၀၀ ​ကျော်ဖြစ်ပွားပြီး ရန်သူ့အ​လောင်း ၂၄ ​လောင်း ၊လက်နက်မျိုးစုံ ၆၃ လက်နှင့်အတူ သိမ်းဆည်းရရှိခဲ့​ကြောင်းဆိုသည်။​တော်လှန်​ရေးအဖွဲ့များကို အကြမ်းဖက်လုပ်ရပ်များလုပ်ခဲ့သည်ဟုစွပ်စွဲထားသလို ၊ကရင်နီစစ်​မြေပြင်တွင် စစ်​ရှောင်နှင့်​တော်လှန်​ရေးရဲ​ဘော်များကို အ​ရေး​ပေါ်ကျန်းမာ​​ရေး​စောင့်​ရှောက်မှု​ပေး​နေသည့် Free Burma Ranger အဖွဲ့ကိုပါ စွပ်စွဲ​ရေးသား​ဖော်ပြထားသည်ကို​တွေ့ရသည်။

ထိုအပြင် မိုးဗြဲတန်ပြန်ထိုးစစ်တွင် တိုက်ပွဲများအတွင်း ဒဏ်ရာရ​သေဆုံး​သော စစ်သားအနည်းငယ်သာရှိသည်ဟုစစ်​ကောင်စီကဝါဒဖြန့်ထားသည်။မိုးဗြဲ နှင့် လွိုင်​​ကော်လမ်း​ကိုပြန်ဖွင့်နိုင်ရန်​ဆောင်ရွက်​နေသည်ဟုလည်းဆိုသည်​။

၂၀၂၄ နှစ် ဒီဇင်ဘာလကစသည့် စစ်တပ်၏ မိုးဗြဲတန်ပြန်ထိုးစစ်တွင် စစ်သားနှင့် PNO ပြည်သူ့စစ် ၇၀၀ ​ကျော်အသုံးပြုခဲ့ပြီး ရာ​နှင့်ချီ၍ ​သေဆုံးကာ ၊ကရင်နီ​တော်လှန်​ရေးတပ်များက ရဲ​ဘော် ၄၀ ခန့်ကျဆုံးခဲ့​ကြောင်း ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

စစ်ဗျူဟာတွေနဲ့ တပ်ရင်း‌တွေပြန်လည်စုပေါင်းပြီး စစ်ဒေသတွေအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဇူလိုင် ၂၁ရက်မျာ ထုတ်ပြန်ပါတယ်။