Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမျိုးသမီး တစ်ဦးနဲ့ လိင်ကိစ္စ ရှုပ်ထွေးခဲ့တဲ့ ဘန်ကောက်က ဘုန်းကြီးနှစ်ပါးကို လူဝတ်လဲခိုင်း

အမျိုးသမီး တစ်ဦးနဲ့ လိင်ဆက်ဆံထားတဲ့ ဓာတ်ပုံ၊ ဗီဒီယိုတွေကို ရှာတွေ့ခဲ့တဲ့နောက် ဘန်ကောက်မြို့က ထင်ရှားတဲ့ ဘုန်းတော်ကြီး နှစ်ပါးကို ထိုင်းရဲတွေက လူဝတ်လဲစေခဲ့ပါတယ်။

Bangkok Post

အမျိုးသမီး တစ်ဦးနဲ့ လိင်ဆက်ဆံထားတဲ့ ဓာတ်ပုံ၊ ဗီဒီယိုတွေကို ရှာတွေ့ခဲ့တဲ့နောက် ဘန်ကောက်မြို့က ထင်ရှားတဲ့ ဘုန်းတော်ကြီး နှစ်ပါးကို ထိုင်းရဲတွေက လူဝတ်လဲစေခဲ့ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ အဂတိတိုက်ဖျက်ရေး ဌာနခွဲ (ACD) အရာရှိတွေဟာ ဇူလိုင် ၉ ရက်နေ့တုန်းက ထိုင်းသာသနာပိုင် ဆရာတွေဆီ လျှောက်ထား ညှိနှိုင်းပြီး အဲဒီကိစ္စကို ကူညီဖြေရှင်းပေးဖို့ ပန်ကြားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဗုဒ္ဓသာသနာရဲ့ ပုံရိပ် ထိခိုက်မှု မဖြစ်စေဖို့ ရည်ရွယ်ပြီး အမျိုးသမီးနဲ့ ပတ်သက်ခဲ့တဲ့ ဘုန်းတော်ကြီး နှစ်ပါးကို လူဝတ်လဲစေခဲ့တာ ဖြစ်ပါတယ်။

အခုလို ပြဿနာတက်နေတဲ့ လိင်မှု အရှုပ်တော်ပုံဟာ သတင်းတွေက ဆီကာကော်လို့သာ နာမည်ဖော်ပြထားတဲ့ အမျိုးသမီးဆီကနေ ဓာတ်ပုံနဲ့ ဗီဒီယိုပေါင်း ၈၀၀၀၀ ကျော် ပေါက်ကြား ထွက်ပေါ်လာမှုကနေ စတင်ခဲ့တာပါ။ ဇူလိုင် ၄ ရက်နေ့တုန်းက အမျိုးသမီး ပိုင်ဆိုင်တဲ့ ဖုန်း ၅ လုံးထဲကနေ အဲဒီ သက်သေ အထောက်အထားတွေကို ရဲတွေက သိမ်းဆည်း ရမိခဲ့တာ ဖြစ်ပါတယ်။ ဓာတ်ပုံနဲ့ ဗီဒီယိုတွေထဲမှာတော့ အမျိုးသမီးဟာ ဘန်ကောက်ရဲ့ အထူးထင်ရှားတဲ့ ဘုန်းကြီးကျောင်းတွေက အထင်ကရ ကိုယ်တော်တွေ အပါအဝင် ဘုန်းကြီးတချို့နဲ့ ချစ်ရည်လူးထားတယ် ဆိုတာကို ရဲတွေက ရှာတွေ့ခဲ့ပါတယ်။

Bangkok Post

လက်ရှိ အချိန်ထိတော့ အမျိုးသမီးနဲ့ ဇာတ်ရှုပ်ထားတဲ့ ဘုန်းကြီး ၈ ပါးထိ ရဲတွေက စိစစ် တွေ့ရှိထားပြီး နောက်ထပ်လည်း လူဝတ်လဲခိုင်းရမယ့်သူတွေ ရှိလာဦးမယ့် သဘောပါ။ ဘုန်းကြီး ၃ ပါးဟာ ဝိနည်းတွေ ချိုးဖောက်ကြောင်း (ပါရာဇိကကျကြောင်း) စစ်ဆေး တွေ့ရှိထားပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ရဲတွေက သက်သေ အထောက်အထားတွေကို ယူပြီး သက်ဆိုင်ရာ ဘုန်းတော်ကြီးကျောင်း အသီးသီးဆီ သွားရောက်ခဲ့တဲ့အခါ ကျောင်းထိုင်ကိုယ်တော် တစ်ပါးနဲ့ ဒုကျောင်းထိုင် ကိုယ်တော်တစ်ပါးက ကျောင်းအသီးသီးမှာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ ရဲတွေက သူတို့ရဲ့ တည်နေရာကို ခြေရာခံ စုံစမ်းပြီး တခြားမြို့တွေမှာ ရှာတွေ့ခဲ့တဲ့နောက် အထောက်အထား အခိုင်အမာပြပြီး လူဝတ်လဲစေခဲ့တာ ဖြစ်ပါတယ်။ ရဲတွေက နောက်ထပ် တတိယမြောက် ဘုန်းတော်ကြီး တစ်ပါးကိုလည်း ရှာဖွေနေဆဲပါ။

ဝိနည်းချိုးဖောက်တဲ့ ဘုန်းတော်ကြီးတွေဟာ အသာတကြည် လူဝတ်လဲပေးလိုက်ပေမယ့် ကိစ္စတွေက လွယ်လွယ်နဲ့ အဆုံးသတ်မှာ မဟုတ်ဘဲ ငွေရေးကြေးရေး အရှုူပ်အထွေးတွေ ရှိသလား ဆိုတာကို ရဲတွေက ဆက်လက် စုံစမ်းသွားမှာပါ။ အထူးသဖြင့် ဘုန်းကြီးကျောင်း ရန်ပုံငွေတွေကို ဆီကာကော်အတွက် ထောက်ပံ့ပေးဖို့ ဘုန်းကြီးတွေက မလျော်မကန် သုံးစွဲထားသလား ဆိုတာမျိုးတွေကို စစ်ဆေးသွားမယ်လို့ သိရပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်ကဘုရားကျောင်းတစ်ခုမှာပစ်ခတ်မှု ကျူးလွန်ခဲ့တဲ့သံသယတရားခံအမျိုးသားဟာကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မီးရထား တစ်စီးပေါ်မှာ ထိုင်းအမျိုးသမီး တစ်ဦးနဲ့ အီတလီ ဆယ်ကျော်သက် လူငယ်လေးတွေကြား စကားအခြေအတင် ဖြစ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံဆိုင်ရာ အီတလီ သံရုံးက ပြန်လည် တောင်းပန်ခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အရက်ဘား မီးလောင်မှုမှာ သေဆုံးသူ အရေအတွက်ဟာ ၃၂ ဦးထိ မြင့်တက်လာခဲ့ပါတယ်။