Connect with us

Hi, what are you looking for?

သတင်း

မုံရွာနမခက အဓမ္မစစ်မှုထမ်းခံရတဲ့တပ်သား၃ဦး မုံရွာပကဖနဲ့ ချိတ်ဆက်အလင်းဝင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်က အဓမ္မ စစ်မှုထမ်းခံရတဲ့ တပ်သား ၃ ဦး မုံရွာပကဖနဲ့ ချိတ်ဆက်ပြီး အလင်းဝင်ရောက်လာခဲ့ပါတယ်။

အလင်းဝင် တပ်သား ၃ ဦးကို တွေ့ရစဥ်။ ဓာတ်ပုံမုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့

ဇူလိုင်-၁၅၊၂၀၂၅/ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်က အဓမ္မ စစ်မှုထမ်းခံရတဲ့ တပ်သား ၃ ဦး မုံရွာပကဖနဲ့ ချိတ်ဆက်ပြီး အလင်းဝင်ရောက်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့က မုံရွာမြို့၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်က စစ်မှုထမ်း တပ်သား(စကစအခေါ်ပြည်သူ့စစ်) ၃ ဦးဟာ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တိုက်နယ် (၂) ပကဖ တိုက်ရေးအဖွဲ့နဲ့ ချိတ်ဆက်ပြီး အလင်းဝင်ရောက်ခဲ့တယ်လို့မုံရွာပကဖအဖွဲ့တာဝန်ရှိသူကပြောပါတယ်။

“သူတို့ကို ရပ်ကွက်ထဲက ပျူတွေက ရုံးခဏလိုက်ခဲ့ပါဦးဆိုပြီး စစ်သင်တန်းရောက်တာရော။ အလုပ်ကအပြန် ပါသွားတာရော။ ကျွန်တော် တို့ ရဲဘော်တွေကိုယ်တိုင် နမခ အနီးအနားထိ သွားရောက်ခေါ်ယူခဲ့တာပါ။”လို့ အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

သူတို့ ၃ ဦးဟာ လက်နက်တော့ မပါကြောင်း၊တပ်သား ၃ ဦးအနက် ၂ ဦးမှာ စစ်မှုထမ်းသက် လပိုင်းသာရှိသေးပြီး တစ်ဦးကတော့ တစ်နှစ်ကျော်ရှိပြီလို့ သိရပါတယ်။

အလင်းဝင်သူတွေကို ကောင်းမွန်စွာ ထားရှိပြီး စစ်ရာဇဝတ်အမှုများနဲ့ ပတ်သက်မှုမရှိတာကြောင့် သူတို့ ဖြစ်စေချင်တဲ့ ဆန္ဒအတိုင်း ကြိုးစားဆောင်ရွက်ပေးမယ်လို့ မုံရွာပကဖက အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် (၃)ရက်ကနေ့ကလည်း မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)က စစ်မှုထမ်း ခေါ်ခံရတဲ့ တပ်သား ၄ ယောက်ဟာ မုံရွာပကဖနဲ့ ချိတ်ဆက်ပြီး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်ရောက်လာခဲ့ပါတယ်။

ပြည်သူ့ရင်ခွင်ခိုလှုံလိုသူတွေကို အကူအညီပေးနေတဲ့ပြည်သူ့ပန်းတိုင်အဖွဲ့ကကောက်ယူထားတဲ့ မှတ်တမ်းတွေအရ ၂၀၂၅ ခုနှစ် ဇွန်လအတွင်း စစ်ကောင်စီဘက်မှ စစ်သား၊ ရဲ၊ ပြည်သူ့စစ် အဖွဲ့ဝင် ၂၇၀ ဦး အလင်းဝင်လာခြင်း၊ လက်နက်ချခြင်းနဲ့ စစ်သုံ့ပန်းဖမ်းဆီးခံရခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

အလင်းဝင်လာသူများမှာ စစ်သား ၁၀၀ ဦး၊ ရဲ ၅ ဦး၊ ပြည်သူ့စစ် ၆ ဦး စုစုပေါင်း ၁၁၁ ဦးရှိကြောင်း၊ အလင်းဝင် စစ်သားတွေအနက် ၅၂ ဦးမှာ စစ်မှုထမ်းတပ်သားသစ်များ ဖြစ်ကြောင်းပြည်သူ့ပန်းတိုင်က အသိပေးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံ အလင်းဝင်တာ၊ လက်နက်ချတာတွေ ဆက်လက်ရှိနေပြီး စက်တင်ဘာပထမပတ်အတွင်းမှာ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စစ်သားနဲ့ ရဲ၊ ပြည်သူ့စစ် စုစုပေါင်း ၁၂၈ဦး ရှိဟု ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်ရဲ့ စစ်မှုထမ်းတပ်သား (၂)ဦး လက်နက်နဲ့ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၇) ဘားအံ(ဖားအံ)ခရိုင်က ထုတ်ပြန်ပါတယ်။