Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ အင်အားအသင့်အတင့်ရှိတဲ့ ငလျင်လှုပ်ခတ်

မန္တလေးတဝိုက် ဒီ​နေ့မနက်အ​စောပိုင်းမှာ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်လှုပ်ခတ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဇူလိုင်-၁၆၊၂၀၂၅။မေရီ/People’s Spring

မန္တလေးတဝိုက် ဒီ​နေ့မနက်အ​စောပိုင်းမှာ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်လှုပ်ခတ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဇူလိုင်လ ၁၆ ရက် မနက် ၃ နာရီ ၂၈ မိနစ်ခန့်က လှုပ်ခတ်ခဲ့တဲ့ နောက်ဆက်တွဲငလျင်ဟာ အင်အားအသင့်အတင့်ရှိပြီး အနည်းငယ်ကြမ်းတမ်းခဲ့တယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

“အိမ်ပေါ်ကနေတောင် ပြေးဆင်းရတယ်ဗျာ။ မတ် ၂၈ လို ဖြစ်ပြီကိုထင်တာ။ ရမ်းခါနေတာပဲ။ တော်တော်ကြမ်းတယ်။”လို့ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်နေ မြို့ခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မန္တလေးမြို့အပြင် အမရပူရ၊ စစ်ကိုင်း၊ ပြင်ဦးလွင် စတဲ့ဒေသတွေမှာလည်း ငလျင်ပြင်းထန်မှု သိသာခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ခဲ့တာ ၃ လ ကျော်ပြီမို့ ယခုအခါ ပျက်စီးနေတဲ့အိမ်တွေ ပြန်ပြင်နေကြပြီဖြစ်တာကြောင့် ငလျင်ကြီးထပ်လာပြီး ပြန်ပြိုမှာကို စိုးရိမ်တယ်လို့ မြို့ခံတွေ ပြောပါတယ်။

ဒီမနက်ငလျင်ဟာ အင်အားပမာဏ ၄.၉ ရစ်(ခ်)တာစကေးရှိပြီး မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရဲ့ အရှေ့တောင်ဘက် (၄) မိုင်ခန့်အကွာ မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု လှုပ်ခတ်သွားတာဖြစ်ကြောင်း စစ်ကောင်စီရဲ့ မိုးဇလက ထုတ်ပြန်ပါတယ်။

​မြေငလျင်သတင်း​တွေထုတ်ပြန်​ပေးတဲ့ NUG ရဲ့ MOHADM ကလည်းမန္တလေးမြို့ရဲ့အနောက်ဘက် ၁ ကီလိုမီတာအကွာ၊ ​မြေအနက် ၃၂ ကီလိုမီတာ ကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၄.၇ အဆင့်ဖြင့် အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့​ဖော်ပြပါတယ် ။

တစ်ကမ္ဘာလုံးက ​မြေငလျင်သတင်း​တွေတိုင်းတာ​ဖော်ပြ​ပေး​နေတဲ့ အ​မေရီကန်​​မြေငလျင်တိုင်းတာ​ရေးဌာန (USGS)ကလည်းမြေငလျင်ဟာမန္တ​လေးမြို့ရဲ့အ​နောက်ဘက် ၁ ကီလိုမီတာ အကွာ၊​မြေအနက်၃၂ ကီလိုမီတာ(မိုင် ၂၀ ခန့် )ကိုဗဟိုပြုပြီး​တော့ ၄.၇ အဆင့်နဲ့လှုပ်ခတ်ခဲ့တယ်လို့​ဖော်ပြပါတယ် ။

စစ်ကိုင်းငလျင်ကြီးရဲ့ နောက်ဆက်တွဲ ငလျင်ငယ်​တွေကြောင့်ထိခိုက်ဆုံးရှုံးမှု​တွေလျော့နည်းစေဖို့ အတွက် ​မြေငလျင်အန္တရာယ်ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်​တွေနဲ့အညီ နေထိုင်ကြဖို့ အသိပေးထားပါတယ်။

အင်အားရှိတဲ့ငလျင်ဖြစ်တာကြောင့် အပျက်အစီးတွေရှိလာရင် အကူအညီတောင်းနိုင်ကြောင်း လူမှုကူညီရေးအသင်းတွေက အသိပေးထားပါတယ်။

ဒါအပြင်ဇူလိုင်လ ၁၆ ရက်​​နေ့ ၊ နံနက် ၇ နာရီ ၅၂ မိနစ်မန္တလေးတိုင်း၊ မိတ္ထီလာမြို့ရဲ့အရှေ့- အရှေ့မြောက်ဘက်၄၅ကီလိုမီတာ( ၂၈ မိုင်ခန့်)အကွာ၊မြေအောက်အနက် ၁၀ ကီလိုမီတာ(၆မိုင်​ကျော်)ကိုဗဟိုပြုပြီး​တော့ရစ်ခ်တာစကေး ၄.၄ အဆင့်နဲ့ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခုထပ်လှုပ်ခတ်ခဲ့တယ်လို့MOHADMထုတ်ပြန်ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

Facebook