Connect with us

Hi, what are you looking for?

သတင်း

ချင်းမိုင်က မြန်မာအများစု ရှိရာစျေးကို အာဏာပိုင်တွေစီးနင်း၊ ၆ ဦးအဖမ်းခံရ

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က မြန်မာ အလုပ်သမား အများအပြားရှိတဲ့ စျေးတစ်ခုကို ဒေသ အုပ်ချုပ်ရေးမှူး အမိန့်နဲ့ အာဏာပိုင်တွေက စီးနင်းပြီး စုစုပေါင်း ၆ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

Thai Media/Facebook

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က မြန်မာ အလုပ်သမား အများအပြားရှိတဲ့ စျေးတစ်ခုကို ဒေသ အုပ်ချုပ်ရေးမှူး အမိန့်နဲ့ အာဏာပိုင်တွေက စီးနင်းပြီး စုစုပေါင်း ၆ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

ချန်တာရိုမှာရှိတဲ့ ချင်းမိုင် အမှတ်တရ စျေးထဲက စီးနင်းမှုတွေဟာ တရားဝင် စာရွက်စာတမ်းတွေ မရှိဘဲ အလုပ်လုပ်နေတဲ့ နိုင်ငံခြားသားတွေကို ရှာဖွေဖို့ ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အဲဒီစျေးမှာ မြန်မာနိုင်ငံ အရပ်ရပ်က ထုတ်ကုန်တွေကို ရောင်းချတဲ့ မြန်မာ စျေးသည်တွေလည်း ရှိနေပါတယ်။

ချင်းမိုင်မှာ မြန်မာတွေ များပြားလာတာ၊ အဲဒီစျေးထဲမှာလည်း မြန်မာတွေ ပိုမိုထူထပ်လာတာတွေကို ထိုင်းလူမှုကွန်ရက် သုံးစွဲသူတွေကြား ဆွေးနွေး ဝေဖန်မှုတွေလည်း ရှိနေခဲ့ပါတယ်။ ဇူလိုင် ၁၆ ရက်နေ့မှာတော့ အုပ်ချုပ်ရေးမှူး နီရတ် ဖုန်ဆစ်တာဝေါင်ရဲ့ အမိန့်အရ စျေးထဲမှာ စီးနင်း ရှာဖွေမှုတွေ လုပ်ခဲ့တာလို့ ဆိုပါတယ်။

တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေ စျေးထဲမှာ ရှိနေတယ်ဆိုတဲ့ သတင်းအရ ရှာဖွေမှုတွေ လုပ်ခဲ့တာဖြစ်ပြီး စစ်ဆေးမှုတွေအရ နိုင်ငံခြားသား အလုပ်သမားတွေ ရောင်းချနေတဲ့ အစားအသောက် အရောင်းဆိုင် အများအပြားကို တွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူတွေက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စျေးထဲမှာ ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားသား အလုပ်သမားတွေ ငှားရမ်းထားသူ ဆိုင်ရှင် ၃ ဦးနဲ့ တရားဝင် စာရွက်စာတမ်း မရှိဘဲ အလုပ်လုပ်နေသူ နိုင်ငံခြားသား ၃ ဦးကို စိစစ်တွေ့ရှိခဲ့တယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။ အဲဒီ ၆ ဦးစလုံးကို ချန်တာရို ရဲစခန်းဆီ ခေါ်ဆောင်သွားပြီး ထိန်းသိမ်းထားပါတယ်။

စျေးအုပ်ချုပ်ရေး အဖွဲ့ကတော့ အာဏာပိုင်တွေက လုပ်ငန်းခွင် လုံခြုံရေးနဲ့ ဝန်ထမ်းမှတ်ပုံတင် ကိစ္စတွေ စစ်ဆေးဖို့ လာရောက်ခဲ့ပြီး ဥပဒေ စည်းမျဉ်းတွေနဲ့အညီ လုပ်ဆောင်ခဲ့တာတွေကို ကျေးဇူးတင်ကြောင်း ထုတ်ပြန်ခဲ့ပြီး ရှုပ်ရှုပ်ထွေးထွေး ဖြစ်သွားခဲ့တဲ့ အခြေအနေတွေကြောင့် စိတ်အနှောင့်အယှက် ကြုံခဲ့တဲ့ စျေးဝယ်သူတွေကိုလည်း တောင်းပန်ကြောင်း ထုတ်ပြန်ထားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

နိုင်ငံတကာ

အသက် ၆၆ နှစ်အရွယ် ထိုင်းအမျိုးသမီးကြီး တစ်ဦးဟာ ဉာဏ်ရည်တု နည်းပညာ (AI)နဲ့ ဖန်တီးထားတဲ့ Facebook ပရိုဖိုင် တစ်ခုနဲ့ ရည်းစားဖြစ်ပြီး လမ်ပန်ကနေ ကီလိုမီတာ ၁၀၀ လောက် ကွာဝေးတဲ့ ချင်းမိုင်ထိ ထွက်ခွာလာခဲ့ကြောင်း သိရပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။