Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ တစ်လကျော်အတွင်း လမ်းဘေးမှာ သေဆုံးသူ ၇ ဦးထိရှိလာ

အာဏာသိမ်းစစ်ကောင်စီ အုပ်ချုပ်နေတဲ့ မန္တလေးမြို့မှာ ရက်ပေါင်း ၄၀ အတွင်း လမ်းဘေးမှာ သေဆုံးနေတဲ့ ရုပ်အလောင်း ၇ လောင်းထိ တွေ့ရှိခဲ့ရတယ်လို့ လူမှုကူညီရေးအသင်းတွေရဲ့ ဖော်ပြချက်အရသိရပါတယ်။

ဇူလိုင် – ၁၈ ၊၂၀၂၅ ၊ဆိုင်းမင်း/People’s Spring

အာဏာသိမ်းစစ်ကောင်စီ အုပ်ချုပ်နေတဲ့ မန္တလေးမြို့မှာ ရက်ပေါင်း ၄၀ အတွင်း လမ်းဘေးမှာ သေဆုံးနေတဲ့ ရုပ်အလောင်း ၇ လောင်းထိ တွေ့ရှိခဲ့ရတယ်လို့ လူမှုကူညီရေးအသင်းတွေရဲ့ ဖော်ပြချက်အရသိရပါတယ်။

အဲဒီရုပ်အလောင်းတွေကို အမရပူရ ၊ ချမ်းမြသာစည် နဲ့ အောင်မြေသာစံမြို့နယ်တွေမှာ ပြီးခဲ့တဲ့ဇွန်လ ၉ ရက်ကနေ ဇူလိုင်လ ၁၈ ရက်အတွင်း တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

သေဆုံးသူတွေထဲမှာ ၆ ဦးက အမျိုးသားတွေဖြစ်ပြီး ကျန် ၁ဦးကတော့ အမျိုးသမီးဖြစ်ပါတယ်။ သေဆုံးသူတွေ ဟာ အသက်အရွယ်အနေနဲ့ ၃၀ ဝန်းကျင်ကနေ ၄၀ ကျော်အရွယ်တွေဖြစ်တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသူတွေမှာ အာဟာရပြတ်လပ်ပြီးသေဆုံးတာအပြင် မူးယစ်ဆေးဝါးသုံးပြီး ဆေးလွန်တာကြောင့် သေဆုံးတဲ့လက္ခဏာတွေ့ရသူအချို့လည်းပါတယ်လို့ ချမ်းမြသာစည်မြို့နယ်က လူမှုကူညီရေးအသင်းတစ်ခုရဲ့ တာဝန်ရှိသူကပြောပါတယ်။

“အခုရက်ပိုင်းတွေ့တဲ့အလောင်းတွေက ပိုင်ရှင်မဲ့တွေများတယ်ဗျ”လို့ အဲဒီ လူမှုကူညီရေးအသင်းတစ်ခုရဲ့ တာဝန်ရှိသူကဆိုပါတယ်။

ဒီနေ့ (ဇူလိုင် ၁၈ရက်) မှာလည်း ချမ်းမြသာစည်မြို့နယ် ၊အောင်ပင်လယ်ရပ်ကွက် မြို့ပတ်လမ်း ၊ ပေါ်တော်မူဘုရားအနီးမှာ မနက် ၉နာရီ ခွဲခန့်က သေဆုံးနေတဲ့ အသက် ၄၁နှစ်အရွယ် အမျိုးသားရဲ့ ရုပ်အလောင်းကိုထပ်မံတွေ့ရှိခဲ့ပါတယ်။

သူ့ကို အလုပ်ရှင်က အလုပ်ထုတ်လိုက်ပြီးနောက် သွားစရာနေရာမရှိတဲ့အတွက် လမ်းဘေးမှာနေထိုင်ရင် သေဆုံးသွားတာလို့ သိရပါတယ်။

” သူက အာဟာရပြတ်တဲ့လက္ခဏာရယ်၊ ညကမိုးရေထဲမှာ အအေးပတ်တာတွေရောပြီး ဆုံးတာဖြစ်မယ်” လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်သူတစ်ဦးကပြောပါတယ်။

ရုပ်အလောင်းမှာတွေ့ရတဲ့ စမတ်ကတ်အရ သေဆုံးသူဟာ ကွင်းဝိုင်းကျေးရွာ ၊ မြင်ကကုန်းကျေးရွာအုပ်စု ၊ ဘိုကလေးမြို့ က ဖြစ်တယ်််လို့သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး နိုင်ငံရဲ့ အထက်ပိုင်းနဲ့အောက်ပိုင်း ကိုချိတ်ဆက်ထားတဲ့ မန္တလေးမြို့ဟာဆိုရင် ၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁ ရက်မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ လူသတ်မှု ၊ ဓားပြတိုက်မှု ၊ လုယက်မှုတွေ မကြာခဏ ဖြစ်ပွားနေတဲ့အပြင် ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်ကဆိုရင် ငလျင်ကြီးဘေးဒဏ်သင့်ခဲ့ရပါတယ်။

ငလျင်ကြောင့် မြို့ခံတွေရဲ့ အိုးအိမ်စည်းစိမ် ၊ အသက် ဆုံးရှုံးရတာတွေ ၊ မသန်စွမ်းဖြစ်ပွားသူတွေ ရှိခဲ့ပြီး ဒေသခံတွေရဲ့ ပြောပြချက်အရ ပြန်လည်ထူထောင်ရေးကို စစ်ကောင်စီက လုံလောက်အောင်ဆောင်ရွက်ပေးတာမရှိဘူးလို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။