Connect with us

Hi, what are you looking for?

News

ဒီချုပ်ပါတီဝင်​တွေကို ဖိနှိပ်မှု​တွေဆက်တိုက်လုပ်​နေတဲ့ စစ်​ကောင်စီ

ကျဆုံးသူတွေထဲမှာ စစ်ကြောရေးမှာ ကျဆုံးသူတွေရှိသလို အကျဉ်းထောင်မှာကျဆုံးခဲ့ရသူတွေလည်းရှိပါတယ်။

NLD ပါတီကို ဖျက်သိမ်းဖို့ ခြေလှမ်းပြင်နေတဲ့ စစ်ကောင်စီဟာ ပါတီအပေါ်မှာ ဖိနှိပ်မှုတွေကို ဆက်တိုက်ပြုလုပ်နေပါတယ်။

အာဏာသိမ်းတဲ့နေ့က နေ ဒီနေ့အချိန်ထိ ဖမ်းဆီးခံထားရတဲ့ NLD ပါတီဝင်ဟာ ၄၀၀ ကျော်ရှိနေပြီး ဒီထဲက ၈ ဦးဟာ ကျဆုံးခဲ့ရပါတယ်။

ကျဆုံးသူတွေထဲမှာ စစ်ကြောရေးမှာ ကျဆုံးသူတွေရှိသလို အကျဉ်းထောင်မှာကျဆုံးခဲ့ရသူတွေလည်းရှိပါတယ်။

ပါတီရုံးချုပ်အပါအဝင် နိုင်ငံအနှံ့ က NLD ပါတီရုံးတွေ ဖောက်ခွဲခံရတာ ၊ဖျက်ဆီးခံရတဲ့အကြိမ်ရေဟာ ၅၈ ကြိမ်ရှိခဲ့ပြီး ချိတ်ပိတ်ခံရတဲ့ ပါတီဝင်တွေရဲ့နေအိမ်ဟာ အလုံး ၄၀ ထိရှိလာပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီထိပ်ပိုင်းခေါင်းဆောင်တွေကို နှစ်ရှည်ထောင်ဒဏ်တွေချလို့ရအောင် ပုဒ်မအသီးသီးတပ်ကာ ဖမ်းဆီးတရားစွဲထားပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်အာဏာသိမ်းပြီးနောက်မတရားဖမ်းဆီးထောင်ချခံရတဲ့ မန္တလေး တိုင်း NLD အစိုးရအဖွဲ့ဝင်ဝန်ကြီးဦးဇာနည်အောင်ဟာထောင်ဒဏ်စေ့သွားလို့ထောင်ကနေပြန်လွှတ်လာပေမယ့်ခြေချုပ်၊ခံဝန်ဥပဒေနဲ့ထပ်မံတရား စွဲဆိုခံထားရတယ်လို့ တရားရေး အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

သတင်း

ပြည်သူအချို့က စစ်ကောင်စီရဲ့ လုပ်နည်းလုပ်ဟန်အပေါ် မေးခွန်းထုတ်

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

Facebook