Connect with us

Hi, what are you looking for?

သတင်း

ပုလောမြို့နယ်တွင် စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးနှင့် ဗုံးသီးထိမှန်ပြီး နှစ်ဦးသေဆုံး၊ လေးဦးထိခိုက်ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ရှပ်ပုံရွာတွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးနှင့် ဗုံးသီးထိမှန်ပြီး နှစ်ဦးသေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံပြည်သူများနှင့် တော်လှန်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးစထိမှန်၍ ထိခိုက်ပျက်စီးသွားသော နေအိမ်တစ်လုံးကိုတွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့

ဇူလိုင်-၁၈၊ ၂၀၂၅။ ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ရှပ်ပုံရွာတွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးနှင့် ဗုံးသီးထိမှန်ပြီး နှစ်ဦးသေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံပြည်သူများနှင့် တော်လှန်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

ပုလောမြို့နယ်အခြေစိုက် ခလရ ၂၈၅ တပ်နှင့် ရှပ်ပုံရွာ၊ ဝါတန်းဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်များက ရှပ်ပုံရွာအတွင်းသို့ ဇူလိုင် ၁၂၊ ၁၃ နှင့် ၁၄ ရက်များတွင် လက် နက်ကြီးပစ်ခတ်ခြင်းနှင့် ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ခြင်းဟု အထက်ပါ သတင်းရင်းမြစ်များက ပြောသည်။

“၁၂၊ ၁၃၊ ၁၄ ရက်တွေမှာ ဖြစ်ခဲ့တာခင်ဗျ။ လက်နက်ကြီး၊ ဒရုန်းကလည်း တနေကုန်နီးပါး တိုက်ခိုက်ခဲ့တာ”ဟု ပုလောမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုမှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးနှင့် ဒရုန်းဗုံးသီးများသည် ရှပ်ပုံရွာ ဆီတောင်နှင့် ဝါတန်းရပ်များသို့ ကျရောက်ပြီး အမျိုးသားတစ်ဦးသေဆုံးကာ သက်ကြီးပိုင်းတစ်ဦးအပါအဝင် အမျိုးသမီးသုံးဦးနှင့် အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာများရခဲ့ကြောင်း ၎င်းက ဆက်ပြော သည်။

ထို့အပြင် ဇူလိုင် ၁၂ ရက် ညနေပိုင်းက ရှပ်ပုံရွာအနီး၌ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ပစ်ခတ်သည့် ဒရုန်းဗုံးသီးထိမှန်၍ ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးအခြေအနေကို မသိရသေးပေ။

အထက်ပါ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုနှင့် ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုများတွင် ရှပ်ပုံကျေးရွာမှ ပြည်သူပိုင်နေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံပြည်သူများလည်း ဘေးလွတ်ရာထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။