Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ စစ်သားစုဆောင်းမှုရသည့်နည်းဖြင့် ရှောင်ကြရန် KNUထံ အလင်းဝင်လာသူ တိုက်တွန်း

ပြည်သူများကို အဓမ္မစစ်သားစုဆောင်းပြီးရှေ့တန်းစစ်မြေပြင်များသို့ ပို့ဆောင်နေသည့် စစ်ကောင်စီက ထွက်ပြေးသွားသူများအား ပြန်လည်ဖမ်းဆီးပြီး ရှေ့တန်းစစ်မြေပြင်များ၌ အသုံးချနေကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)ထံ အလင်းဝင်လာသည့် တပ်သားများက ပြောသည်။

အလင်းဝင်လာသော တပ်သားနှင်းမောင်နှင့် တပ်သား စိုးဌေးအောင်တို့အား တွေ့ရစဉ်။ ဓာတ်ပုံ - Screen Grab

ဇူလိုင်-၂၀၊၂၀၂၅။ထားမြတ်/People’s Spring

ပြည်သူများကို အဓမ္မစစ်သားစုဆောင်းပြီးရှေ့တန်းစစ်မြေပြင်များသို့ ပို့ဆောင်နေသည့် စစ်ကောင်စီက ထွက်ပြေးသွားသူများအား ပြန်လည်ဖမ်းဆီးပြီး ရှေ့တန်းစစ်မြေပြင်များ၌ အသုံးချနေကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)ထံ အလင်းဝင်လာသည့် တပ်သားများက ပြောသည်။

KNU ညောင်လေးပင်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၃) ထံ အလင်းဝင်လာသည့် တပ်သားများဖြစ်သော ခမရ(၅၈၁)တပ်ရင်းမှ တပ်သား စိုးဌေးအောင်နှင့် ခမရ(၂၀)တပ်ရင်းမှ တပ်သား နှင်းမောင်တို့၏ ပြောဆိုချက်ကို ယနေ့ (ဇူလိုင် ၂၀ရက်)တွင် KNLA ဌာနချုပ်က ထုတ်ပြန်ခဲ့ရာ အဆိုပါစစ်သားများက တပ်တွင်းအတွေ့အကြုံကို ယခုကဲ့သို့ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။

တပ်သား စိုးဌေးအောင်သည် ၎င်းတို့ရပ်ကွက်အတွင်း ညအချိန် သွားလာစဉ် စစ်ကောင်စီတပ်က သေနတ်ထောက် ကားပေါ်တင်ခေါ်ကာ စုဆောင်းရေးပို့ဆောင်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။ စိတ်မပါဘဲ ခိုင်းစေခြင်းဖြစ်၍ အခက်အခဲများစွာရှိခဲ့ကြောင်း ၊ သင်တန်းဆင်းပြီးနောက် နတ်သံကွင်း၌ လမ်းကင်း ၂လယူရမည်ဟုဆိုကာ ရှေ့တန်းသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း တပ်သား စိုးဌေးအောင်က ပြောသည်။

Public Service Announcement

Public Service Announcement

ပထမအကြိမ်ထွက်ပြေးရာ ပြန်အဖမ်းခံရပြီး အချုပ်ခံထားရစဉ် လူအင်အားလို၍ အချုပ်ထဲမှ ထုတ်ကာ တာဝန်ထမ်းဆောင်ခိုင်းခြင်းဖြစ်ဟု ပြောသည်။

“စုဆောင်းရေးထဲမပါသေးတဲ့ ညီအကိုတွေကျတော့ သူတို့ ခေါ်ရင်လွတ်အောင်ပြေးပါ။ ဖြစ်နိုင်ရင် ရအောင်ရှောင်ပါသူတို့နဲ့။ ကျနော်တို့က ခံစားခဲ့ရတော့ ကျနော်တို့ပဲသိပါတယ်။ လက်ရှိ စစ်တပ်အဖွဲ့အစည်းထဲ ရောက်နေတဲ့ ညီအကိုတွေကျတော့လည်းဘာမှ မကြောက်ပါနဲ့ကျနော်တို့ ကိုယ်တိုင်ကိုယ်ကျ ဒီမှာရောက်နေပါတယ်။ ကျနော်တို့ ကိုယ်တိုင်ကိုယ်ကျရောက်နေတဲ့အတွက် ဘာမှလည်းမသတ်ပါဘူး ဘာမှလည်းမဖြတ်ပါဘူး။ သူတို့က စစ်တပ်မှိုင်းမိနေတော့ အကုန်လုံးက ကြောက်ရွံ့ပြီး မပြေးရဲကြဘူးဖြစ်နေတာ။ အဲဒါကြောင့်မို့လို့ရဲရဲဝံ့ဝံ့သာ အဆက်အသွယ် ကောင်းကောင်းနဲ့ပြေးလာခဲ့ပါ”ဟု တပ်သား စိုးဌေးအောင်က ပြောသည်။

ထို့အပြင် စစ်ကောင်စီက ထွက်ပြေးပါက တော်လှန်ရေးတပ်များ၏ သတ်ဖြတ်မှု ခံရမည်ဆိုသည့်လိမ်ညာ ဝါဒဖြန့်ခြင်းကိုလည်းမယုံကြည်ရန် ၎င်းက ပြောသည်။

တပ်သားနှင်းမောင်ကလည်း ၎င်းအနေဖြင့် အတင်းအဓမ္မ စစ်သားစုဆောင်းခံရပြီး နတ်မောက်အချုပ်မှ မကွေးစုဆောင်းရေးသို့ပို့ဆောင်ခံရကြောင်း၊ ထိုမှတဆင့်ရှမ်းပြည်နယ် ဟိုပုံးမြို့သို့ သင်တန်းတက်ခဲ့ရကြောင်း ပြောပြသည်။

သင်တန်းပြီးကတည်းက ထွက်ပြေးရန် ကြိုးစားခဲ့ရာ KNU နယ်မြေ ရှေ့တန်းသို့ရောက်စဉ် ထွက်ပြေးခဲ့၍ အချုပ်ခံရကြောင်း၊ အချုပ်ထဲ ၁လအကြာတွင် လက်နက်ကြီးလုံခြုံရေးအတွက် ဟုဆိုကာ ရှေ့တန်းသို့ ပြန်လည်ပို့ဆောင်ခိုင်းစေခံရကြောင်း တပ်သား နှင်းမောင်က ပြောသည်။

စစ်ကောင်စီတပ်တွင်း ကျန်နေသည့် သူငယ်ချင်းများ လည်းလွတ်မြောက်လိုပါက တော်လှန်ရေးတပ်များနှင့်မရရအောင် ဆက်သွယ် အလင်းဝင်ရန်လည်းတပ်သားနှင်းမောင်က တိုက်တွန်းသည်။

စစ်ကောင်စီသည် စကတည်းက နိုင်ငံရေးအခြေအနေမကောင်းတော့ကြောင်း ၊ ဆိုင်ကယ်စီးလျင်ပင် နှစ်ယောက်စီးပါက ပစ်ခတ်သတ်ဖြတ်မည်ဆိုသည်မှာ စစ်ကောင်စီလက်ထက်တွင် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်းလည်း တပ်သားနှင်းမောင်က စစ်တပ်အာဏာသိမ်းမှု ဆိုးကျိုးကို နမူနာပြ ပြောဆိုသည်။

” စစ်ကောင်စီကတော်တော်ကိုဆိုးပါတယ်။ စစ်ကောင်စီကို တကယ်လည်းမုန်းပါတယ်” ဟု တပ်သား နှင်းမောင်က ပြောသည်။

တပ်သား နှင်းမောင်၊တပ်သား တပ်သား စိုးဌေးအောင် အပါအဝင် စစ်ကောင်စီတပ်သားသစ် ၄ဦးတို့သည် ဇူလိုင် ၈ရက်နေ့တွင် KNLA တပ်ရင်း(၉)ထံ လက်နက်များနှင့်အတူ အလင်းဝင်လာခြင်းဖြစ်ပြီး ၎င်းတို့ကိုလည်း KNLAက ဆုကြေးအဖြစ် ကျပ် ၁၀သိန်းစီပေးအပ်ခဲ့သည်။

KNU ကလည်း အတင်းအဓမ္မ စစ်သားစုဆောင်းခံရသည့် တပ်သားသစ်များ အနေဖြင့် စစ်အာဏာရှင်များ၏ အလိုကျ တာဝန်ထမ်းဆောင်ခြင်းမပြုဘဲ တိုင်းရင်းသား တော်လှန်ရေး တပ်များထံ လက်နက်ချ အလင်းဝင်ရန် ဇူလိုင် ၁၉ရက်တွင် ထပ်မံ တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းအနီးအ၀တောင်ကျေးရွာဝန်းကျင်တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ဘက်က လက်နက်ချအလင်းဝင်လာသူတွေ ဆက်တိုက်ရှိနေပြီး အခုရက်ပိုင်းအတွင်းမှာလည်း တဆယ်လောက်ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၃)နယ်မြေက စစ်တပ်စခန်းတခုကို တိုက်ခိုက်ခဲ့ရာ လက်နက် ၃လက်ရရှိခဲ့တယ်လို့ KNUက ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)ညောင်လေးပင်ခရိုင်၊လယ်ဒို(ကျောက်ကြီး)မြို့နယ်မှာ စစ်ကောင်စီတပ်သား ၁၆ ဦး အလင်းဝင်လာကြောင်း KNUက ထုတ်ပြန်ပါတယ်။

သတင်း

​မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်အခြေစိုက် တပ်မ (၁၀၁)လက်အောက်ခံ ခလရ (၂၃၅) တပ်ရင်းကို ရောက်ရှိနေတဲ့ စစ်မှုထမ်းတပ်သားသစ် ၁ဦးဟာ သင်တန်းဆင်းပြီး ၁လအကြာမှာ COBRA ONE Pakokku တပ်ဖွဲ့ထံ လက်နက်မဲ့ အလင်းဝင်ရောက်လာခဲ့ကြောင်း အဆိုပါတပ်ဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။