Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြစ်ဝအနီးကုန်တင်သင်္ဘောတစ်စင်း နစ်မြုပ်၊ ထိုင်းမှသယ်လာ​​သောကုန်စည်အားလုံးဆုံးရှုံး

ထိုင်းနိုင်ငံ၊ ရနောင်းမြို့ နှင့် ကော့သောင်းမြို့မှ ထွက်လာသော ကုန်တင်သင်္ဘောတစ်စင်းသည် ဇူလိုင်၁၉ရက် နံနက်က ရန်ကုန်မြစ်ဝအနီးတွင် နစ်မြုပ်ပြီး ကျပ်သိန်းပေါင်းသိန်းချီတန်ကြေးရှ်ိသည့် ​ရေယာဉ်ပေါ်ပါ ကုန်စည်အားလုံး ဆုံးရှုံးခဲ့သည်ဟု ရေလုပ်ငန်းရှင်အချို့ကပြောသည်။

ကုန်တင်သင်္ဘောစတင်နစ်မြှပ်၍ ​ရေယာဥ်​လုပ်သားများကိုကယ်တင်​နေစဥ်။ ဓါတ်ပုံ-CJ

ဇူလိုင်-၂၀၊၂၀၂၅။မိထက်/ People’s Spring

ထိုင်းနိုင်ငံ၊ ရနောင်းမြို့ နှင့် ကော့သောင်းမြို့မှ ထွက်လာသော ကုန်တင်သင်္ဘောတစ်စင်းသည် ဇူလိုင်၁၉ရက် နံနက်က ရန်ကုန်မြစ်ဝအနီးတွင် နစ်မြုပ်ပြီး ကျပ်သိန်းပေါင်းသိန်းချီတန်ကြေးရှ်ိသည့် ​ရေယာဉ်ပေါ်ပါ ကုန်စည်အားလုံး ဆုံးရှုံးခဲ့သည်ဟု ရေလုပ်ငန်းရှင်အချို့ကပြောသည်။

ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများအပါအဝင် အိမ်သုံးကုန်စည်များ၊လျှပ်စစ်ပစ္စည်းများ သယ်ဆောင်လာသည့် ပုဂ္ဂလိကပိုင်ကုန်တင်သင်္ဘောတစ်စင်းသည် ဇူလိုင်လ ၁၉ရက် နံနက်ပိုင်းတွင် ရန်ကုန်မြစ်ဝမှ ရေမိုင် ၇ မိုင်ခန့်အကွာ ပင်လယ်ပြင်၌ နစ်မြုပ်ခြင်းဖြစ်သည်။

“ဝမ်းဗိုက်ပေါက်တာထင်တယ်။ ဝမ်းထဲ ရေဝင်တာကို မထိန်းနိုင်တော့ဘဲ မြုပ်တာကိုပဲ ထိုင်ကြည့်နေခဲ့ရတာ။ ကပ္ပတိန်နဲ့ လုပ်သားတွေအားလုံး ကယ်ဆယ်နိုင်ခဲ့တယ်။ လူတွေဘေးကင်းအောင်ပဲ လုပ်နိုင်ခဲ့တယ်။ ဆုံးရှုံးမှုတော်တော်များတယ်” ဟု အဆိုပါဖြစ်စဉ်ကို သိသည့်လုပ်ငန်းရှင်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

သင်္ဘောသည် အကြီးစားကုန်တင်ရေယာဉ်ဖြစ်ပြီး ရနောင်းမြို့ဆိပ်ကမ်းမှ ဇူလိုင်ပထမလပတ်ထဲတွင် စတင်ထွက်ခွာခဲ့ပြီး ကော့သောင်းမြို့တွင် ယာယီကမ်းကပ်ခဲ့ကာ ရန်ကုန်မြို့သို့ဦးတည်ထွက်ခွာလာခဲ့ခြင်းဟု ကုန်သည်တစ်ဦးကပြောသည်။

သင်္ဘောပေါ်တွင်ပါဝင်သည့် ကုန်စည်များ၏တန်ဖိုးသည် ကျပ်ငွေသိန်းပေါင်း သိန်းချီတန်ကြေးရှိကြောင်း ရန်ကုန်မှ ဆောက်လုပ်ရေးလုပ်ငန်းရှင်အချို့က ပြောသော်လည်း အသေးစိတ်မသိရှိရပေ။လက်ရှ်ိတွင် ကုန်သည်များ၊ လုပ်ငန်းရှင်များနှင့် သင်္ဘောပိုင်ကုမ္ပဏီကြားတွင်ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်နေသည်ဟု သတင်းရရှိသည်။

ယခုရက်ပိုင်း၌ ပင်လယ်ပြင်တွင်မုတ်သုံလေအားကောင်းပြီး မိုးကောင်းနေသည်။ ဇူလိုင်လ ၂၃ရက်မှစ၍ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတခုဖြစ်ပေါ်နိုင်ပြီး မုတ်သုံလေအား ဆက်လက်ကောင်းနိုင်ကြောင်းသတိပေးချက်ရှိနေသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျုံတွေ တင်လာတဲ့ ကုန်တင်သင်္ဘောကို ရုရှားက ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် လူ ၁၀ ဦး သေဆုံးကြောင်း ယူကရိန်း ရေတပ်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားမှာ ကုန်တင်သင်္ဘောတစ်စီး ဒရုန်းနဲ့ ပစ်ခတ်တာ ခံခဲ့ရတဲ့ ဖြစ်စဉ်အပြီး အမေရိကန်က အီရန်မှာရှိတဲ့ စစ်ရေးပစ်မှတ် တချို့ကို တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို ဖြတ်သန်း ခုတ်မောင်းတဲ့ ကုန်တင်သင်္ဘော တစ်စီးဟာ အီရန်ရဲ့ ဒရုန်းတိုက်ခိုက်မှုကို ခံခဲ့ရကြောင်း သိရပါတယ်။

နိုင်ငံတကာ

စင်ကာပူ ကမ်းလွန်ရေပြင်မှာ အကြီးစား ကုန်တင်သင်္ဘောနှစ်စီး တိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။