Connect with us

Hi, what are you looking for?

News

လှိုင်သာယာက ဒလန် ဘင်လာဒင် အသတ်ခံရ

“ဆင်ဖြူရှင်လမ်းမပေါ်မှာ ခေါင်းကို နှစ်ချက်ပစ်ခံရတယ်လို့ သိရတယ်။ဆေးရုံကိုခေါ်သွားပြီ။စစ်တပ်တော့ လမ်းပိတ် စစ်နေတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

People's Spring
People's Spring

လှိုင်သာယာမြို့နယ် (၁၀) ရပ်ကွက်မှ စစ်ကောင်စီသတင်းပေး ဆယ်အိမ်မှူး ဘင်လာဒင်(ခ) ကျော်
မင်းဦးသည် ယနေ့(နိုဝင်ဘာ ၁၇ ရက်) နံနက် ၉ နာရီခန့်က သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း အဆိုပါရပ်ကွက်ဒေသခံများက ​ပြောသည်။

“ဆင်ဖြူရှင်လမ်းမပေါ်မှာ ခေါင်းကို နှစ်ချက်ပစ်ခံရတယ်လို့ သိရတယ်။ဆေးရုံကိုခေါ်သွားပြီ။စစ်တပ်တော့ လမ်းပိတ် စစ်နေတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

နိုဝင်ဘာ ၁၃ ရက်တွင် လှိုင်သာယာအပိုင် ကစင်ကျေးရွာအုပ်ချုပ်ရေးမှူး သောင်းလှိုင်စိုးမှာ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။

အလားတူ နိုဝင်ဘာ ၁၂ ရက်ကလည်း စစ်ကောင်စီ သတင်းပေးဟု ဒေသခံများကဆိုသော လှိုင်သာယာ လူမိုက်ခင်စိန် ပစ်သတ်ခံထားရသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် လှိုင်သာယာမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲထားသော ကနောင်လမ်းမကြီးပေါ်ရှိ အားကစားရုံးအနီး၌ နိုဝင်ဘာ ၁၅ ရက်က အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

​မကွေးတိုင်း၊ နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က အမျိုးသမီး ၁ဦးကို စစ်တပ်သတင်းပေး (ဒလန်)လို့ စွပ်စွဲပြီး ရှင်းလင်းလိုက်တဲ့အပေါ် ဒလန်ဖြစ်ကြောင်း သက်သေပြပေးဖို့ သေဆုံးသူရဲ့ သားဖြစ်သူက လူမှုကွန်ရက်ကနေ တောင်းဆိုလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းတာတွေ လုပ်ရင် ထိရောက်စွာ အရေးယူမယ်လို့ ကချင်ပြည်နယ် ရွှေကူခရိုင် အခြေစိုက်လှုပ်ရှားနေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၁၁) တပ်ရင်း(၁၂) က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်မှာ ညအချိန်ကင်းပတ်ပြီးပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နဲ့ ပျူစောထီးတွေ လိုက်ပါလာတဲ့ယာဉ်ကို နည်းပညာမြင့်အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ꩻ လှိုင်သာယာအနောက်ပိုင်းမြို့နယ်က အ.မ.က (၂၃) မူလတန်း စာသင်ကျောင်း ဒီကနေ့ (ဖေဖော်ဝါရီ ၁၆) နံနက်မှာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူတွေက ပြောပါတယ်။