Connect with us

Hi, what are you looking for?

LuduNwayOo

News

လှိုင်သာယာက ဒလန် ဘင်လာဒင် အသတ်ခံရ

“ဆင်ဖြူရှင်လမ်းမပေါ်မှာ ခေါင်းကို နှစ်ချက်ပစ်ခံရတယ်လို့ သိရတယ်။ဆေးရုံကိုခေါ်သွားပြီ။စစ်တပ်တော့ လမ်းပိတ် စစ်နေတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

People's Spring
People's Spring

လှိုင်သာယာမြို့နယ် (၁၀) ရပ်ကွက်မှ စစ်ကောင်စီသတင်းပေး ဆယ်အိမ်မှူး ဘင်လာဒင်(ခ) ကျော်
မင်းဦးသည် ယနေ့(နိုဝင်ဘာ ၁၇ ရက်) နံနက် ၉ နာရီခန့်က သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း အဆိုပါရပ်ကွက်ဒေသခံများက ​ပြောသည်။

“ဆင်ဖြူရှင်လမ်းမပေါ်မှာ ခေါင်းကို နှစ်ချက်ပစ်ခံရတယ်လို့ သိရတယ်။ဆေးရုံကိုခေါ်သွားပြီ။စစ်တပ်တော့ လမ်းပိတ် စစ်နေတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

နိုဝင်ဘာ ၁၃ ရက်တွင် လှိုင်သာယာအပိုင် ကစင်ကျေးရွာအုပ်ချုပ်ရေးမှူး သောင်းလှိုင်စိုးမှာ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။

အလားတူ နိုဝင်ဘာ ၁၂ ရက်ကလည်း စစ်ကောင်စီ သတင်းပေးဟု ဒေသခံများကဆိုသော လှိုင်သာယာ လူမိုက်ခင်စိန် ပစ်သတ်ခံထားရသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် လှိုင်သာယာမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲထားသော ကနောင်လမ်းမကြီးပေါ်ရှိ အားကစားရုံးအနီး၌ နိုဝင်ဘာ ၁၅ ရက်က အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

ပေါက်ကွဲမှုအပြီးတွင် စစ်ကောင်စီက ဘုရင့်နောင်တံတား၊အောင်ဇေယျတံတား ၊ပန်းလှိုင်တံတား၊ရွှေပြည်သာတံတား နှင့် ဒဂုံဧရာ အဝေးပြေးဝင်း ထိပ်တို့တွင် ပိတ်ဆို့စစ်ဆေးမှုများလုပ်ဆောင်ခဲ့ပြီး လိုင်းကားများကိုပါ ခရီးသည်များကို ဆင်းခိုင်း၍ စစ်ဆေးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

သတင်း

ဖေဖော်ဝါရီ ၂၃ရက်နှင့်၂၇ရက်ကလည်း ဝိုင်ဒင်းကျေးရွာအနီး တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၃ဦးသေဆုံးကာအများအပြားဒဏ်ရာရခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ကော့သောင်းခရိုင်အမှတ် (၁) တပ်ရင်းက ထုတ်ပြန်ထားသည်။

သတင်း

အနက်ရောင်သေမင်း အဖွဲ့အနေဖြင့် ရန်ကုန် နှင့် မန္တလေးမြို့တို့၌ ဒလန်ရှင်းလင်းရေးကို လုပ်ဆောင်ရန်ရှိပြီး မန္တလေးမြို့သို့လည်း ဗိုလ်ရှိုင်းကို စေလွှတ်ထားကြောင်း ၎င်းက ဆိုသည်။