Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တူရကီမှာ ရုရှားနဲ့ ယူကရိန်း ကိုယ်စားလှယ်တွေ ထပ်တွေ့မယ်လို့ ယူကရိန်း သမ္မတပြော

ရုရှားနဲ့ ယူကရိန်းကြား ငြိမ်းချမ်းရေး ဆွေးနွေးမှု အသစ်တွေ စတင်လာဖို့ ရှိနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အတည်ပြုခဲ့ပါတယ်။

Getty Images

ရုရှားနဲ့ ယူကရိန်းကြား ငြိမ်းချမ်းရေး ဆွေးနွေးမှု အသစ်တွေ စတင်လာဖို့ ရှိနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အတည်ပြုခဲ့ပါတယ်။

စစ်ဖြစ်နေတဲ့ နှစ်နိုင်ငံရဲ့ ကိုယ်စားလှယ်တွေဟာ ဇူလိုင် ၂၃ ရက်နေ့ကျရင် တူရကီရဲ့ အစ္စတန်ဘူလ်မြို့မှာ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။ သူက ယူကရိန်း လုံခြုံရေး ကောင်စီ အကြီးအကဲ ရူစတမ် အူမာရော့ဗ်နဲ့ အဲဒီကိစ္စ စကားပြောဖြစ်ခဲ့ကြောင်း၊ နှစ်ဖက် စစ်သုံ့ပန်းတွေ လဲဖို့ကိစ္စ၊ အစ္စတန်ဘူလ်မှာ ရုရှားနဲ့ ထပ်တွေ့ကြဖို့ ကိစ္စတွေကို သူတို့ချင်း ဆွေးနွေးခဲ့ကြောင်း ဇီလန်စကီးက ဇူလိုင် ၂၁ ရက်နေ့၊ ပုံမှန် မိန့်ခွန်း အစီအစဉ်မှာ ထည့်သွင်း ပြောဆိုသွားပါတယ်။

ရုရှားနဲ့ နောက်ထပ် ဆွေးနွေးမှုတွေ စတင်ဖို့ကိုတော့ ဇီလန်စကီးက ပြီးခဲ့တဲ့ သီတင်းပတ်မှာ အဆိုပြုခဲ့တာ ဖြစ်ပါတယ်။ အရင်က ရုရှားနဲ့ ယူကရိန်း ကိုယ်စားလှယ်တွေဟာ အစ္စတန်ဘူလ်မှာ တွေ့ဖြစ်ခဲ့ကြပေမယ့် စစ်ရပ်စဲရေး အဆင့်ထိ၊ ဒါမှမဟုတ် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု တစ်ခုခု ရဖို့ထိ အဆင့်မတက်နိုင်ခဲ့ဘဲ သုံ့ပန်းတွေသာ လဲလှယ်ဖြစ်ခဲ့ကြပါတယ်။

မကြာသေးခင်ကတော့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ရုရှားအနေနဲ့ ယူကရိန်း စစ်ပွဲ ရပ်စဲရေးအတွက် ထူးခြားမြင်သာတဲ့ ရလဒ် တစ်ခုခုကို ယူဆောင်မလာနိုင်ဘူးဆိုရင် အမေရိကန်ဆီကနေ ပြင်းထန် အားကောင်းတဲ့ အခွန်စည်းကြပ် အရေးယူမှုတွေကို မျှော်လင့်ထားသင့်ကြောင်း သတိပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်ဟာ ယူကရိန်းဆီ တဆင့်ပေးပို့ဖို့အတွက် NATO စစ်မဟာမိတ် အဖွဲ့ဆီကို စစ်လက်နက်တွေ ရောင်းချပေးဖို့လည်း သဘောတူထားပါတယ်။ ဒါဟာလည်း အမေရိကန်မှာ ထရမ့် သမ္မတ ဖြစ်လာတဲ့နောက် ယူကရိန်းအပေါ် အတော်လေး စိမ်းကားမှု ပြသနေရာကနေ ပြောင်းလဲလာတဲ့ သဘောထားလို့ ဆိုနိုင်ပါတယ်။

ရုရှားကတော့ တူရကီမှာ ယူကရိန်း ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမယ်ဆိုတဲ့ ကိစ္စအပေါ် လောလောဆယ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။ မေလနဲ့ ဇွန်လတွေမှာ နှစ်ဖက် တွေ့ဆုံမှုတွေကတော့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုမျိုး မရရှိဘဲ အဆုံးသတ်ခဲ့ကြပါတယ်။

အခုတစ်ကြိမ် ပြုလုပ်မယ့် နှစ်ဖက် တွေ့ဆုံမှုမှာတော့ နောက်ထပ် သုံ့ပန်းတွေ လဲလှယ်ရေးနဲ့ နှစ်နိုင်ငံ သမ္မတတွေ မျက်နှာစုံညီ တွေ့ဆုံဖို့ ဖြစ်နိုင်ခြေ အလားအလာတွေကိုပါ ဆွေးနွေးသွားဖွယ် ရှိကြောင်း ယူကရိန်း သံတမန် အသိုက်အဝန်းက မှတ်ချက်ပေးထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။