Connect with us

Hi, what are you looking for?

သတင်း

မြဝတီမြို့မှ​ရေကြီး​နေလို့ ကယ်ဆယ်​ရေးစခန်း ၁၁ ခုဖွင့်လှစ်

သောင်ရင်းမြစ်ရေဟာ မြဝတီမြို့ရဲ့စိုးရိမ်ရေမှတ်အထက် ၉ ပေခွဲကျော်လွန်လာပြီး မြို့မှာရေကြီးနေလို့ ကယ်ဆယ်ရေးစခန်း(၁၁)ခု ဖွင့်လှစ်ထားပြီး ရေဘေးသင့်ပြည်သူ ၃၅၀၀အထိ ခိုလှုံနေတယ်လို့ ကရင်နယ်ခြားစောင့်တပ်(BGF)ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မြဝတီမြို့ရေဘေးကို BGF ရဲဘော်တွေ ကယ်ဆယ်ရေးလုပ်ဆောင်နေစဉ်။ ဓာတ်ပုံ - ပေးပို့

ဇူလိုင်-၂၄၊၂၀၂၅။DEE/People’s Spring

သောင်ရင်းမြစ်ရေဟာ မြဝတီမြို့ရဲ့စိုးရိမ်ရေမှတ်အထက် ၉ ပေခွဲကျော်လွန်လာပြီး မြို့မှာရေကြီးနေလို့ ကယ်ဆယ်ရေးစခန်း(၁၁)ခု ဖွင့်လှစ်ထားပြီး ရေဘေးသင့်ပြည်သူ ၃၅၀၀အထိ ခိုလှုံနေတယ်လို့ ကရင်နယ်ခြားစောင့်တပ်(BGF)ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

BGFရဲ့ စစ်ကားတွေနဲ့ ရေဘေးသင့်ပြည်သူတွေကို ကယ်ဆယ်ရေးစခန်းတွေဆီ ပို့ဆောင်ပေးခဲ့တယ်လို့ BGFက ပြောပါတယ်။

“စိုးရိမ်ရေအမှတ်က၉၆၃(စင်တီမီတာ)၊ခုရောက်နေတာက ၁၃၀၃(စင်တီမီတာ)။ ကယ်ဆယ်ရေးစခန်း ၁၁ခု၊ ရေဘေးသင့်ပြည်သူ ၃၅၀၀ဦး”လို့ BGFရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၂၃ ရက်စပြီး မြဝတီမြို့ရဲ့မြေနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ အမှတ်(၁)၊ အမှတ်(၂)နဲ့ အမှတ်(၃)ရပ်ကွက်တွေမှာ ရေကြီးလို့ နေအိမ်တွေ ရေနစ်မြုပ်ခဲ့ပါတယ်။

သောင်ရင်းမြစ်ရေဟာ မြို့ရဲ့စိုးရိမ်ရေမှတ်အထက် ၉ ပေခွဲကျော်လွန်လာပြီး နောက်တစ်ရက်မှာတော့ ၃ ပေခန့် ထပ်မြင့်လာနိုင်တဲ့အတွက်မြစ်ကမ်းအနီး နဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ ရေဘေးလွတ်ရာ ဆီ ရှောင်ရှားကြဖို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မိုးဇလက သတိပေးထားပါတယ်။

တောင်တရုတ်ပင်လယ်ပြင်က အပူပိုင်းမုန်တိုင်းဝီဖာ(Wipha)အရှိန်ကြောင့် ဇူလိုင် ၂၅ရက်အထိ ရှမ်းပြည်နယ်(အရှေ့ပိုင်းနဲ့ တောင်ပိုင်း)၊မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ချင်းပြည်နယ်၊ ကရင်နီ(ကယား) ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ နေရာကွက် မိုးကြီးနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူသားစာနာနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက လည်း သတိပေးထားပါတယ်။

မိုးကြီးတာနဲ့အတူ လေပြင်းတိုက်ခတ်တာ ၊ လျှပ်စီးလက်တာ ၊ မိုးကြိုးပစ်တာ ၊ လျှပ်တစ်ပြက်ရေကြီးတာ နဲ့ မြေပြိုတာ စတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်တယ်လို့ သတိပေးထားပါတယ်။

အပူပိုင်းမုန်တိုင်း ဝီဖာရဲ့အရှိန်ကြောင့် မိုးကြီးခြင်းမြေပြိုခြင်း၊ရေကြီးတာတွေ ကြုံတွေ့ရနိုင်လို့ သဘာ၀ဘေးကို ပြည်သူတွေ ချက်ချင်းသတိမူပြီးကြိုတင်ပြင်ဆင်ကြဖို့ကရင်အမျိုးသားအစည်းအရုံး(KNU) က ဇူလိုင် ၂၃ရက်မှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်အနီးက ရေပူရာဘာခြံအနီးမှာ ကားဗုံးပေါက်ကွဲမှုဖြစ်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNA)အဖွဲ့က တပ်သားအချို့ ထိခိုက်သေဆုံးမှုရှိတယ်လို့ ကနဦး သတင်းရရှိပါတယ်။

နိုင်ငံတကာ

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းရာက ရေကြီးမှုတွေကြောင့် လူ ၄၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

မိုးတွင်းကာလ ရေဘေးဆက်တိုက်ရင်ဆိုင်နေရတဲ့ ဖားကန့်မှာ ဇူလိုင်လ ၁၉ရက်ကစတဲ့ ရေ ဘေးကြောင့် လမ်းနဲ့အိမ် ပျက်စီးမှုတွေများပြားခဲ့ပြီး ဒေသခံတွေအခက်အခဲကြုံတွေ့နေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။