Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

အပစ်ရပ်ရေး အမေရိကန်၊ တရုတ်၊ မလေးရှားတို့က ကြားဝင်ပေးလိုကြောင်း ကမ်းလှမ်းထားတယ်လို ထိုင်းယာယီ ဝန်ကြီးချုပ်ပြော

ကမ္ဘောဒီးယားနဲ့ အပစ်အခတ် ရပ်စဲနိုင်ရေးအတွက် အမေရိကန်၊ တရုတ်နဲ့ မလေးရှားတို့က ကြားဝင် စေ့စပ်ပေးဖို့ စကားကမ်းလှမ်းမှုတွေ ရခဲ့ကြောင်း ထိုင်းယာယီ ဝန်ကြီးချုပ် ဖုန်သမ် ဝီချာရာချိုင်က အတည်ပြုခဲ့ပါတယ်။

Getty Images

ကမ္ဘောဒီးယားနဲ့ အပစ်အခတ် ရပ်စဲနိုင်ရေးအတွက် အမေရိကန်၊ တရုတ်နဲ့ မလေးရှားတို့က ကြားဝင် စေ့စပ်ပေးဖို့ စကားကမ်းလှမ်းမှုတွေ ရခဲ့ကြောင်း ထိုင်းယာယီ ဝန်ကြီးချုပ် ဖုန်သမ် ဝီချာရာချိုင်က အတည်ပြုခဲ့ပါတယ်။

ဇူလိုင် ၂၆ ရက် ညပိုင်းမှာ ဖုန်သမ်က လောလောလတ်လတ်အဖြစ် သူဟာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ ကမ္ဘောဒီးယားကိစ္စ ဆွေးနွေး စကားပြောဖြစ်ခဲ့ကြောင်း လူမှုကွန်ရက်ပေါ်မှာ ရေးသားထားခဲ့ပါတယ်။ သူက အပစ်အခတ် ရပ်စဲရေးအတွက် အမေရိကန်က စေ့စပ်ညှိနှိုင်းပေးတာမျိုးကို အဆိုပြု ကမ်းလှမ်းခဲ့တယ်လို့ ဖုန်သမ်က ဆိုပါတယ်။

ဒါ့အပြင် အရင်က တရုတ်အစိုးရနဲ့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အလှည့်ကျ ဥက္ကဋ္ဌ (မလေးရှား အစိုးရ)တို့ဆီကလည်း ဆက်သွယ်မှုတွေ ရထားခဲ့ကြောင်း၊ အားလုံးက ငြိမ်းချမ်းရေးနဲ့ အပစ်အခတ် ရပ်စဲရေးကို လိုလားနေကြောင်း သူက ရေးသားထားပါတယ်။

အပစ်အခတ် ရပ်စဲရေး ဆိုတာကို အခြေခံ အချက်အလက်တွေ အားဖြင့် သူလည်း သဘောတူကြောင်း၊ ဒါကြောင့် နှစ်ဖက် မျက်နှာချင်းဆိုင် ဆွေးနွေးတာမျိုးကို သူက တောင်းဆိုခဲ့ကြောင်း၊ ကမ္ဘောဒီးယားဖက်ကလည်း ယုံကြည်မှု တည်ဆောက်ဖို့ဆိုရင် အလေးအနက်ရှိမှုနဲ့ ရိုးသားမှုတွေကို ပြသဖို့လိုကြောင်း သူက ထောက်ပြသွားပါတယ်။

Public Service Announcement

Public Service Announcement

ဖုန်သမ်ဟာ အစောပိုင်းတုန်းက ကမ္ဘောဒီးယားနဲ့ အပစ်အခတ် ရပ်စဲရေးအတွက်ဆိုရင် ဘယ်ကြားနိုင်ငံ၊ ကြားအဖွဲ့အစည်းရဲ့ ဝင်ရောက် ညှိနှိုင်းပေးမှုကိုမှ လက်ခံမှာ မဟုတ်ဘဲ နှစ်နိုင်ငံတည်း တိုက်ရိုက် ဆွေးနွေးလိုတယ်လို့ ပြောထားဖူးပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြား နယ်စပ်ရေးရာ စစ်ရေးပဋိပက္ခဟာ ဇူလိုင် ၂၇ ရက်နေ့မှာတော့ ၄ ရက်မြောက်အဖြစ် ဆက်လက် တည်တံ့နေပြီး နယ်စပ်မှာ အပြန်အလှန် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေကြောင်း သိရပါတယ်။

ကိုးကား: Khaosod

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုမှာ ဒဏ်ရာပြင်းထန်ခဲ့တဲ့ ကျောင်းသူတစ်ဦး ထပ်မံ သေဆုံးသွားခဲ့ပါတယ်။ ဒါကြောင့် သေနတ်သမား ကျောင်းသားရဲ့ လက်ချက်ကြောင့် သေဆုံးသူ စုစုပေါင်းဟာ ၉ ဦး ရှိလာခဲ့ပါတယ်။

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က စိန့်ဂေဘရီရယ် ကောလိပ်မှာ ကျောင်းသား တစ်ဦးက သေနတ်ပြ ခြိမ်းခြောက်မှု ဖြစ်ပွားအပြီး လုံခြုံရေး တင်းကျပ်လိုက်သလို စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။