Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၂၇)မှာ စစ်အာဏာရှင်စနစ်ကို ဖီဆန်အုံကြွ တော်လှန်ကြဖို့ လှုံ့ဆော်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

ဇူလိုင်-၂၇၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၂၇)မှာ စစ်အာဏာရှင်စနစ်ကို ဖီဆန်အုံကြွ တော်လှန်ကြဖို့ လှုံ့ဆော်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ ကျေးရွာပေါင်းစုံလူထုသပိတ် ဦးဆောင်ကော်မတီရဲ့ သပိတ်ချီတက်စဥ် ကျဆုံးခဲ့တဲ့ ရဲဘော်ချမ်းမြေ့ကျော် ကျဆုံးခြင်း (၄)နှစ်နှင့် (၅)လ ဖြစ်တဲ့အတွက် သပိတ်ကော်မတီဝင်တွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းကာ ၎င်းရဲ့အုတ်ဂူရှိရာကို ချီတက်အလေးနီပြုခဲ့ကြပါတယ်။

ရဲဘော်ချမ်းမြေ့ကျော်ဟာ ၂၀၂၁မတ်လ ၂၇ရက် တော်လှန်ရေးနေ့ ချင်းတွင်းတံတားအနောက်ဖက် အောင်ဇေယျမြို့သစ်မှာ စစ်တပ်ရဲ့အကြမ်းဖက် ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ယင်မာပင်မြို့နယ်မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည် ရွှေရေကြည်၊ အောင်လံလွှင့်မည်ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းတို့က စစ်အာဏာရှင်ကို အလိုမရှိကြောင်း ချီတက်သပိတ်မှောက်ခဲ့ကြပါတယ်။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာလည်း ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)က ဦးဆောင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

ပြည်သူ့အာဏာကို တည်ဆောက်ခြင်းဖြင့် စစ်အာရှင်စနစ်နဲ့အတူ အာဏာရှင်ဆန်သမျှကို ဖီဆန် အုံကြွ တော်လှန်တဲ့အနေနဲ့ ဒီလှုပ်ရှားမှုကို လုပ်ဆောင်ခဲ့ကြတာလို့ DDMSCက ဆိုပါတယ်။

ဒီကနေ့ပြုလုပ်တဲ့ လူထုသပိတ်လှုပ်ရှားမှုကို စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ကြွေးကြော်သံတွေနဲ့ ကြွေးကြော်ချီတက်ကြတာအပြင် ထားဝယ်သံချပ်ထိုးပြီး တော်လှန်ရေးအတွင်း အဖြစ်အပျက်တွေကို ဝေဖန်ထောက် ပြတာတွေနဲ့ လုပ်ဆောင်ခဲ့ကြောင်း DDMSCက ဆိုပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ DDMSC

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ဝက်လက်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ စစ်ရှောင်အဘိုးအိုအပါအဝင် ပြည်သူ ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရပြီး နေအိမ် အလုံး ၂၀ ခန့် မီးလောင်ပျက်စီးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဆားလင်းကြီးနဲ့ ဘုတလင်မြို့နယ်မှာ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ လှုံ့ဆော်တဲ့ လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၁) မှာ ပြုလုပ်ခဲ့ပါတယ်။