Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်ဒေသ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီပူးပေါင်းတပ်ကို KIAတိုက်ခိုက်

KIAတိုက်ခိုက်၍ စစ်သင်္ဘောအုပ်စုလုံခြုံရေးစစ်ကြောင်း အထိနာ

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်တစ်ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ - The Diplomat

ဇူလိုင်-၂၈၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသတွင် ဇူလိုင်၂၇ရက်က စစ်ကောင်စီ၊ရှမ်းနီSNAပူးပေါင်းတပ်နှင့်ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြားတနေကုန်နီးပါးတိုက်ပွဲပြင်းထန်ခဲ့ကြောင်းကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဆယ်ဇင်းဒေသရှိ တောင်ဦးကျေးရွာအနီးတွင် ဇူလိုင် ၂၇ရက် နေ့လည် ၁၂နာရီ ၄၀ခန့်ကစ၍ ည ၇နာရီအထိ တိုက်ပွဲဖြစ်ခဲ့ဟု ဆိုသည်။

SNA ပူးပေါင်းတပ်ကို KIA တပ်မဟာ(၉)တပ်ရင်း(၂၆)တပ်ဖွဲ့များကတိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

“ကြားရတာတော့SNA နဲ့ ပြည်သူ့စစ်တွေက တော်တော်အထိနာသွားတယ်လို့ ကြားတယ်။သူတို့ တက်လာတာပေါ့”ဟုကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အခြားကချင်သတင်းရင်းမြစ်တစ်ဦးကလည်း ယမန်နေ့ညပိုင်းက ဖားကန့်မြို့ပေါ်တွင် တိုက်ပွဲဖြစ်ခဲ့ကြောင်း ပြောသည်။

ထို့အပြင်ရွှေကူမှဗန်းမော်မြို့သို့ဆန်တက်ရန်ကြိုးပမ်းနေသည့်စစ်သင်္ဘောအုပ်စုလုံခြုံရေးပေးရန်စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်ကိုလည်း ရွှေကူမြို့နယ် ဒုတိယမြစ်ကျဉ်းအနီး KIAပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့သည်ဟု ဆိုသည်။

ရွှေကူအခြေစိုက် စစ်ကောင်စီတပ်နှင့် သင်္ဘောပေါ်ပါလာသည့် ပြည်သူ့စစ်မှုထမ်းတပ်သားသစ်များ ပူးပေါင်းထားသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို KIAနှင့် ရွှေကူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPDF) တို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးနေသည့် ရုပ်အလောင်းမှတ်တမ်းကိုလည်း သတင်းရင်းမြစ်က ပြသသည်။

စစ်သင်္ဘောများနှင့်စစ်ကောင်စီတပ်စစ်ကြောင်းရှေ့ဆက်တိုးရန် ကြိုးပမ်းပါက ပိုအထိနာမည်ဟု ၎င်းက သုံးသပ်သည်။

“မြစ်ကျဉ်းအရှည်က ၁၀မိုင်ကျော်တယ်။ ကျောက်ဆောင်တွေ ပေါတယ်။ ရေပါးတယ်။ သေဖို့ ဆက်လာကြတာ သပ်သပ်ပါ”ဟုကချင်သတင်းရင်း မြစ်က ပြောသည်။

စစ်ကောင်စီတပ်သင်္ဘော လုံခြုံရေးစစ်ကြောင်းတွင် အင်အား ၃၀၀ကျော်ပါဝင်ပြီး ဇူလိုင် ၂၆ရက်နှင့် ၂၇ရက်တွင် KIAပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အခြားစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဇူလိုင် ၂၆ရက်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၁၇ဦးသေဆုံးပြီး ယမန်နေ့ တိုက်ပွဲတွင်လည်း အထိနာသည်ဟု ၎င်းကဆိုသည်။

ကချင်သတင်းရင်းမြစ်နောက်ထပ်တစ်ဦးကလည်း ဇူလိုင် ၁၇ရက်တွင် မန္တလေးမြို့မှ ထွက်လာပြီး ကချင်ပြည်နယ် ရွှေကူမြို့သို့ ရောက်ရှိနေသည့် စစ်သင်္ဘောအုပ်စုကို KIAက တိုက်ခိုက်ခဲ့မှုနှင့် ရှေ့တိုးလာပါက ကြုံရနိုင်သည့် စစ်ရေးအခြေအနေများကို ယနေ့(ဇူလိုင်၂၈ရက်)တွင် လူမှုကွန်ရက်၌ “မြစ်ကျဥ်းမှာ…ရေသောက်ဆင်းမှာလား” ခေါင်းစဉ်ဖြင့် ရေးသားခဲ့သည်။

“စကစ ရေယာဥ်အုပ်စုဟာ ကချင်ပြည်ထဲအရောက် မနေ့က ရွှေကူအထွက် ငါးဘတ်ဝမှာ ပစ်ခံရပါတယ်..KIA ဟာ သတ်ကွင်းရွေးတာတော် ပါတယ် ..အဲဒီနေရာမှာ ရေလယ်မှာထွန်းနေတဲ့ ကျောက်ဆောင်တွေ အများကြီးရှိသလို ရေလည်းတိမ်တော့ သင်းဘောတွေ လှုပ်ရှားရတာခက်ခဲပုံပါပဲအကယ်၍များ…၁၀မိုင်ကျော်လောက်ရှည်တဲ့ ဒုတိယမြစ်ကျဥ်းထဲဝင်လာရင် တော့ ပစ်ကွင်းပိုကောင်းလို အပျက်စီးများနိုင်ပါတယ်…မြစ်ဘေးကနေ ခြေလျင်စစ်ကြောင်းထိုးပီး လမ်းရှင်းမယ်ဆိုတောင်မှ ..ဧရာအရှေ့ကမ်းဘက်မှာပဲ လုပ်နိုင်တာမိုလို..မြစ်ကျဥ်းအနောက်ဖက်က ပွင့်နေမှာပါပဲ..ရှေ့နောက်ဝိုင်းပစ်ခံရဖိုများပါတယ်” ဟု ကချင်သတင်းရင်းမြစ်ကရေးသားထားသည်။

ထို့ပြင် မြစ်ကမ်းဘေးက ပစ်ကျဥ်း၊ကတုတ်များအတွင်းမှ အများစုသည်လည်း လေကြောင်းမှ ချေမှုန်းရန် ခက်လိမ့်မည်ဟုလည်း သုံးသပ်ထားသည်။

“ဘေးနှစ်ဖက်ရှိတောင်ရိုးတောင်ကုန်း ပေါ်ကလည်း projectile fire လုပ်နိုင်တာမိုလို..အထိခိုက်များနိုင်ပါတယ်။စကစ ဘက်ကတော့..သင်းဘော ၃,၄စီး နဲ့ စမ်းတက်ကြည့်ပီး အခြေအနေ ကို စောင့်ကြည့်ကောင်းကြည့်နိုင်ပါတယ်..မဟန်ဘူးဆိုရင် တချို အောက်ဖက်ပြန်ဆင်းပီး မလည်-စဥ့်ကူး တကြောအားဖြည့်နိုင်ပါတယ်။မြစ်ညှာဖက်မှာ မိုးသိပ်မကြီးပေမဲ့ …မြစ်ကျဥ်းထဲမှာ ရေစီးသန်နေလို ရေဆန်သင်းဘော တွေအတွက် ခက်ခဲနိုင်ပါတယ်။ ကမ်းနှစ်ဖက်ကို searching fire လုပ်ပီးတက်မယ် , flash marking လုပ်မယ်… ပြီးရင် point ညွန်းပီးလေယဥ်ဗုံးကြဲမယ်…ဆိုတာကတော့ အရပ်သား တွေတောင်သိလောက်တဲ့ နည်းနာမိုလို…KIA ဘက်က ဘယ်လိုပြင်ဆင်ထားသလဲဆိုတာကို..စိတ်ဝင်တစား စောင့်ကြည့်ရပါတော့မယ်”ဟုလည်း ကချင်သတင်းရင်းမြစ်က ရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မိုးရာသီရောက်တိုင်းရေဘေးနဲ့မြေပြိုမှုဘေးရင်ဆိုင်နေရတဲ့ကချင်ပြည် နယ်၊ဖားကန့်မြို့နယ်မှာသုံးရက်ခန့်မိုးကြီးပြီးတဲ့နောက်ဒီကနေ့(ဇွန်လ ၁၄ရက်)မနက်ပိုင်းကစပြီး ရပ်ကွက်နဲ့ကျေးရွာအချို့ရေဘေးကြုံတွေ့နေရပါတယ်။