Connect with us

Hi, what are you looking for?

သတင်း

တောင်ကိုရီးယားက LGBTQ+ တို့ရဲ့​ဖျော်​ဖြေပွဲစစ်​ဘေး​ရှောင်​တွေအတွက် ကျပ်သိန်း ၉၀၀ ခန့်ရရှိ

စစ်ဘေးရှောင်များရန်ပုံငွေအတွက် တောင်ကိုရီးယားနိုင်ငံမှာ LGBTQ+ တွေ ပထမဆုံးအကြိမ်ပြုလုပ်တဲ့ဖျော်ဖြေပွဲက‌နေ ကျပ်သိန်း၉၀၀ ခန့်ရရှိခဲ့တယ်လို့ဗမာပြည်သူ့လွတ်မြောက်ရေး ထောက်ပံ့သူများ-ကိုရီးယား(BPLS-Korea)က ထုတ်ပြန်ပါတယ်။

စစ်​ဘေး​ရှောင်​တွေအတွက်​တောင်ကိုရီးယားမှာ LGBTQ+ တွေရဲ့ပထမဆုံးအကြိမ်ဖျော်ဖြေပွဲပြုလုပ်​နေစဥ်။ ။ဓါတ်ပုံ-​ပေးပို့

ဇူလိုင်-၂၈၊၂၀၂၅။တေဇ/ People’s Spring

စစ်ဘေးရှောင်များရန်ပုံငွေအတွက် တောင်ကိုရီးယားနိုင်ငံမှာ LGBTQ+ တွေ ပထမဆုံးအကြိမ်ပြုလုပ်တဲ့ဖျော်ဖြေပွဲက‌နေ ကျပ်သိန်း၉၀၀ ခန့်ရရှိခဲ့တယ်လို့ဗမာပြည်သူ့လွတ်မြောက်ရေး ထောက်ပံ့သူများ-ကိုရီးယား(BPLS-Korea)က ထုတ်ပြန်ပါတယ်။

ဒီဖျော်ဖြေပွဲကို ဇူလိုင် ၂၆ ရက်က ဘူဖြောင်းမြို့မှာရှိတဲ့ Rainbow Myanmar စားသောက်‌ဆိုင်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဖျော်ဖြေပွဲကရရှိလာတဲ့ ‌ရန်ပုံငွေတွေကို စစ်ဘေးရှောင်ပြည်သူတွေအတွက် စားဝတ်နေရေး ၊ ကျန်းမာရေးနဲ့ပညာရေး အတွက် ထောက်ပံ့ကူညီမှုတွေပြုလုပ်သွားမယ်လို့ BPLS-Korea က အသိ​ပေးပါတယ်။

“စစ်အာဏာရှင်စနစ်ဆိုးကြောင့် ဘေးဒုက္ခအမျိုးမျိုးကျရောက်နေရသော စစ်ဘေးရှောင်ပြည်သူများအတွက် စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် ကဏ္ဍအသီးသီးရှိ အခက်ခဲများစွာ ကြုံတွေ့နေရခြင်းကို LGBTQ+ တို့၏ ပါဝင်မှုအင်အားတို့ဖြင့် အထောက်အကူပြုနိုင်ရန် ရည်ရွယ်ပါသည်။ စစ်ဘေးသင့်ပြည်သူများ၏ အခက်အခဲများကို တဖက်တလမ်းမှ ကူညီပေးနိုင်ရန် ရည်ရွယ်ပါသည်။” လို့ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဖျော်ဖြေပွဲကို BPLS-Korea ၊ Against the Fear (ကြောက်ခေတ်ကိုမှောက်ပစ်အဖွဲ့)၊ ဆန်အလှူ ဆေးအကူ ခရီး တို့ကပူးပေါင်းလုပ်ခဲ့တာဖြစ်ပြီး ငွေစာရင်းရှင်းတမ်းတွေကို သူတို့ရဲ့ ပေ့ခ်ျ တွေက‌နေ ကြေညာပေးသွားမယ်လို့ ဖော်ပြထားပါတယ်။ဦး​ဆောင်ကျင်းပတဲ့ အဖွဲ့ သုံးခုကဦး​ဆောင်သူတွေတိုင်ပင်ပြီး နေရာဒေသ အသီးသီးကစစ်​ဘေး​ရှောင်​တွေကိုမျှဝေထောက်ပံ့ဖို့ ရည်ရွယ်ထားတယ်လို့BPLS အဖွဲ့ရဲ့ ပူးတွဲဥက္ကဌ ဦးကျော်ဆန်က​ပြောပါတယ် ။

ကျွန်တော်တို့ရဲ့စည်းလုံးညီညွတ်မှုဟာကျွန်တော်တို့ရဲ့အသံကို ပိုမိုကျယ်လောင်စေမှာ ဖြစ်ပြီး လွတ်လပ်ပြီးတရားမျှတသောနိုင်ငံတော်သစ်ဆီသို့ ခြေလှမ်းတလှမ်းပိုနီးကပ်စေမှာဖြစ်ပါတယ်၊ချစ်ခြင်းနဲ့တန်းတူညီမျှအတွက်-အတူတကွ ရပ်တည်ကြပါစို့ လို့ BPLS-Korea က တိုက်တွန်း ထားပါတယ်။

“ပထမဆုံးပွဲကို အခုလိုအောင်မြင်တော့ ဝမ်းသာပီတိဖြစ်ရပါတယ်။ အဓိက ကျွန်တော်တို့တွေက အာဏာရှင်စနစ်ဆိုးကိုအမြစ်ဖြတ်နေရင်းနဲ့အသားအရောင်၊လူမျိုး၊လိင်စိတ်တိမ်းညွှတ်ခံယူမှုအပေါ် ခွဲခြားဆက်ဆံမှုတွေကို လျော့နည်းအောင်ရည်ရွယ်တာဖြစ်တဲ့အတွက်တချို့သူတွေရဲ့လက်ခံနိုင်စွမ်းနဲ့ အမြင်တွေကိုလည်း ပြောင်းလဲပေးနိုင်တာတွေရှိပါတယ်။ တဖက်မှာ စနစ်ဆိုးတွခုကို ဖြိုချရင်းနဲ့ တချိန်ထဲမှာပဲတန်းတူညီမျှမှုစနစ်ကို တည်ဆောက်တဲ့ထဲကဒီပွဲကလည်းတစ်စိတ်တစ်ဒေသအထောက်အကူဖြစ်စေမယ့် လုပ်ငန်းစဥ်တခုလို့ ခံယူပါတယ်။ စစ်ရှောင်တွေအတွက်လည်း မျှော်မှန်းထားတာထက်ပိုပြီး အထောက်အကူဖြစ်ရတဲ့အတွက် ပိုပြီးတော့ ဝမ်းသာပီတိဖြစ်ရပါတယ်”လို့ဦးကျော်ဆန်းက​ပြောပါတယ် ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တောင်ကိုရီးယားရဲ့ ပထမဆုံး ပြည်တွင်းဖြစ် တိုက်လေယာဉ်ဖြစ်တဲ့ KF-21 Boramaeရဲ့ ပထမဆုံး တစ်စီးကို အောင်အောင်မြင်မြင် ထုတ်လုပ်ပြီး လေတပ်ဆီ လွှဲအပ်ပေးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နျူကလီးယား လက်နက်တွေ ထုတ်လုပ်မှုကို မတားမြစ်ဘူးဆိုရင် နောင်တစ်ချိန် စျေးကွက်ထဲ အဲဒီလက်နက်တွေ ရောင်းချတဲ့ အန္တရာယ်မျိုး ဖြစ်လာနိုင်ကြောင်း တောင်ကိုရီးယား သမ္မတက သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

Facebook