Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့လယ်က အထင်ကရနေရာနှစ်ခုမှာ “တရားတဲ့သူသာ နိုင်ကြေးဟေ့”စာကပ်ပြီးလူထုလှုပ်ရှားမှုပြုလုပ်

စစ်ကောင်စီရဲ့လုံခြုံရေးတင်းကြပ်ထားတဲ့မန္တလေးမြို့လယ်ရှိ အထင်ကရနေရာနှစ်ခုမှာ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ ပြောခဲ့တဲ့ “တရားတဲ့သူသာ နိုင်ကြေးဟေ့” စာသား​တွေကို ကပ်ပြီး မြို့ပေါ်လူထုတိုက်ပွဲလှုပ်ရှားမှုပြုလုပ်ခဲ့တယ်ကိုတေဇာဆန်းကအသိပေးပါတယ် ။

ဓာတ်ပုံ-GSCB

ဇူလိုင်-၂၈၊၂၀၂၅။​​နေ့သစ်/People’s Spring

စစ်ကောင်စီရဲ့လုံခြုံရေးတင်းကြပ်ထားတဲ့မန္တလေးမြို့လယ်ရှိ အထင်ကရနေရာနှစ်ခုမှာ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ ပြောခဲ့တဲ့ “တရားတဲ့သူသာ နိုင်ကြေးဟေ့” စာသား​တွေကို ကပ်ပြီး မြို့ပေါ်လူထုတိုက်ပွဲလှုပ်ရှားမှုပြုလုပ်ခဲ့တယ်ကိုတေဇာဆန်းကအသိပေးပါတယ် ။

ဇူလိုင် ၂၈ ရက်နေ့မှာ မန္တလေးမြို့လယ်အထင်ကရနေရာများဖြစ်တဲ့ ကွန်ဗန်းရှင်းစင်တာ (Mandalay Convention Center) နဲ့ မန္တလေးတက္ကသိုလ်တို့မှာ “တရားတဲ့သူသာ နိုင်ကြေးဟေ့”၊ “ငုံ့မခံနဲ့ တုံ့ပြန်ကြ”၊ “ကျဆုံးသွားတဲ့ အာဇာနည်များကို မမေ့ကြနဲ့”စတဲ့ စာသားပါ စာရွက်တွေကို ကပ်ခဲ့ကြတယ်လို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစုက ဓာ​တ်ပုံနဲ့တကွ ထုတ်ပြန်ပါတယ်။

“ပြည်သူ့တော်လှန်ရေးကြီးမှာ ပြည်သူသာလျှင် အဓိကပါ။ ပြည်သူလူထု ထောက်ခံပါဝင်နေသရွေ့ ဒီတော်လှန်ရေးက ရှေ့ကို ဦးတည်ရှေးရှုနေမှာပါပဲ။ ပြည်သူအားလုံးအနေနဲ့လည်း အာဏာရူးစစ်အုပ်စုကို “ငုံ့မခံဘဲ” ရရာနည်းနာနည်းလမ်းအစုံနဲ့ “တုံ့ပြန်” နေကြဖို့ လိုအပ်ပါတယ်။”လို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစုက အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

အာဏာရှင်ကို ဆက်လက် တွန်းလှန်ကြရင်း ပြည်သူမှ ပြည်သူသို့ အပြန်အလှန် ဖေးကူကြရင်း တော်လှန်ခရီးကြမ်းကို အတူဆက်လက် ချီတက်ကြဖို့ကိုလည်း သပိတ်အင်အားစုက တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထောင်တွင်းဖိနှိပ်မှုတွေရှိပေမယ့် မန္တလေးအိုးဘိုထောင်က နိုင်ငံရေးအကျဉ်းသားတွေစုပေါင်းပြီး ‌လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေပြုလုပ်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာ နယ်ကျော်လှည့်လည်လာတဲ့ ပုသိမ်ကြီးပြည်သူ့စစ်အဖွဲ့က ပျူစောထီး ၃ ဦးကို နယ်မြေခံ ပသစနဲ့ စစ်တပ်က ပြန်လည်ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။