Connect with us

Hi, what are you looking for?

သတင်း

ကရင်နီပြည်အတိုင်ပင်ခံကောင်စီ တိုးချဲ့ဖွဲ့စည်း

ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC)ကို ကရင်နီပြည်နိုင်ငံ့ဝန်ထမ်းများ CDMကော်မတီမှ တစ်ဦးထည့်သွင်းပြီး တိုးချဲ့ဖွဲ့စည်းလိုက်သည်။

ကရင်နီပြည်နယ်မှ စစ်ဘေးရှောင်ပြည်သူများအား တွေ့ရစဉ်။ ဓာတ်ပုံ - ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်

ဇူလိုင် -၂၉၊၂၀၂၅။ရဲခေါင်/People’s Spring

ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC)ကို ကရင်နီပြည်နိုင်ငံ့ဝန်ထမ်းများ CDMကော်မတီမှ တစ်ဦးထည့်သွင်းပြီး တိုးချဲ့ဖွဲ့စည်းလိုက်သည်။

ကရင်နီပြည်အတိုင်ပင်ခံကောင်စီ၏(၁၉)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် အဖွဲ့ဝင်တိုးချဲ့ဖွဲ့စည်းကြောင်း ဇူလိုင် ၂၈ ရက်က အသိပေးခဲ့သည်။

တိုးချဲ့မှုမတိုင်မီKSCC၏အဖွဲ့ဝင်များမှာဦးအောင်ဆန်းမြင့် ဥက္ကဌ၊အယ်ဗလင်း ဒုဥက္ကဌ ၊ဆိုဖီယာဒေးမြာ အထွေထွေအတွင်းရေးမှူးအပါအဝင် ကောင်စီဝင် ၁၃ဦးရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ယခုတိုးချဲ့ဖွဲ့စည်းမှုတွင်ကောင်စီဝင်၁၄ဦးရှိလာကာကရင်နီပြည်နိုင်ငံ့ဝန်ထမ်းများ CDM ကော်မတီမှ ဦးသန်းကျော်ဦးသည် ကော်မတီဝင်အဖြစ် ပါဝင်လာခြင်းဖြစ်သည်။

ကိုယ်စားပြုပါဝင်ခွင့်ရရှိခြင်းအတွက်ဝမ်းမြောက်ဂုဏ်ယူကာCDM နိုင်ငံ့ဝန်ထမ်းများနှင့်တကွ က ရင်နီပြည်၏ နိုင်ငံရေးအခန်းကဏ္ဍများတွင် ချမှတ်ထားခဲ့သော ရည်မှန်းချက်များအတိုင်း ဆက်လက် ကြိုးစားသွားမည်ဟု ကရင်နီပြည်နိုင်ငံ့ဝန်ထမ်းကော်မတီက ယနေ့(ဇူလိုင် ၂၉ ရက်)တွင် အသိပေးသည်။

“အစကတည်းက ပါဝင်ဖို့ စီစဉ်ထားခဲ့ကြတာ ဖြစ်ပါတယ်။ ဒီ ကော်မတီတွေထက် ပိုအရေးကြီးသော ကိစ္စတွေက ကရင်နီမှာ တခုပြီး တခုဆက်တိုက် ဖြစ်ပျက်နေတော့ အချိန်ကြာသွားတာ ဖြစ်ပါတယ်။ ဒါက တော့ အားနည်းချက် ဖြစ်ခဲ့ပါတယ်။ CDM ဆိုတာ တော်လှန်ရေး ရဲ့ အစိတ်အပိုင်း တွေထဲက တခု ဖြစ်ပါတယ်။ဒါတွေ ကို သက်ဆိုင်ရာ ပြည်နယ် ပြည်ထောင်စု အစိုးရတွေ ရဲ့ မူဝါဒဆွဲခြင်း (သို့မဟုတ်) မြေပြင်အသံတွေ ထင်ဟပ်လာနိုင်ဖို့ အခုလို ပါဝင်ခဲ့တာ ဖြစ်ပါတယ်”ဟု ကရင်နီပြည်နိုင်ငံ့ဝန်ထမ်းကော်မတီတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

CDMများသည် တော်လှန်ရေး၏ ကျရာနေရာအလိုက် ပြည်သူနှင့် တသားတည်း ရပ်တည်နေမည်ဖြစ်ကြောင်းလည်း ၎င်းက ကတိပြုသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကရင်နီပြည် နယ်၌ အကြမ်းမဖက်အာဏာဖီဆန်ခဲ့သည့် CDM နိုင်ငံ့ဝန်ထမ်းပေါင်း ၅,၆၀၀ ကျော်ရှိသည်။

KSCCကို ၂၀၂၁ ဧပြီ ၉ ရက်တွင် ဖွဲ့စည်းခဲ့ပြီး ကရင်နီပြည်နယ်၏ နိုင်ငံရေးဦးဆောင်မှု နှင့် အတူ အားလုံးပါဝင်နိုင်သော စုပေါင်းခေါင်းဆောင် မှုဖြင့် ပြည်နယ်၏ အုပ်ချုပ်ရေး၊တရားစီရင်ရေး နှင့် ဥပဒေပြုရေးမဏ္ဍိုင်များကို ဖော်ဆောင်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေယာဉ်တွေပျံသန်းပြီး ခြိမ်းခြောက်မှုတွေ လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့ကပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ နန်းမယ်ခုံမြို့ကို စစ်တပ်က လူလှိုင်းသုံးပြီး ထိုးစစ်ဆင်နေတယ်လို့ ကရင်နီအခြေစိုက်တော်လှန်ရေးတပ်တာ၀န်ရှိသူတချို့က ပြောပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီးမှာတိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က နေရာတွေကို လုံခြုံရေးအရ တားမြစ်လိုက်ပြီး အသွားအလာမလုပ်ကြဖို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MB-PDF)က ဒီကနေ့ ဇွန်လ ၃၀ရက်မှာ သတိပေးထုတ်ပြန်ပါတယ်။