Connect with us

Hi, what are you looking for?

သတင်း

ဒဂုံဆိပ်ကမ်း (၆၇)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မြို့ပြအဖွဲ့ တိုက်ခိုက်

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် (၆၇) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ချိန်ကိုက်မိုင်းတစ်လုံးဖြင့် တိုက်ခိုက်ပြီးနောက် လာရောက်စစ်ဆေးသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုပါ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Operation Flame ၏တာဝန်ခံက ပြောသည်။

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် (၆၇) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဇူလိုင်-၃၀၊၂၀၂၅။သတိုး/People’s Spring

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် (၆၇) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ချိန်ကိုက်မိုင်းတစ်လုံးဖြင့် တိုက်ခိုက်ပြီးနောက် လာရောက်စစ်ဆေးသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုပါ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Operation Flame ၏တာဝန်ခံက ပြောသည်။

“ရုံးကိုမိုင်း တစ်လုံးနဲ့တည်ပြီး ခေါ်ခွဲ ခွဲပြီးမှ၊ လာစစ်ဆေးတဲ့ စခ၊ရခ၊ပျူအဖွဲ့ကိုစောင့်ပြီး ၂လုံးထပ်ခွဲ။ရန်သူထိခိုက်မှုရှိနိုင်ပါတယ်။”ဟု ၎င်းကပြောသည်။

အဆိုပါတိုက်ခိုက်မှုကို Operation Flame၏ Fire Power အထူးစစ်ဆင်‌ ရေးအနေဖြင့် ဇူလိုင် ၂၉ ရက်က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်ဆင်ရေးလုပ်ဆောင်သည့် ရဲဘော်အားလုံး ဘေးကင်းကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“ကျွန်ုပ်တို့ Operation Flameအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ ပြုလုပ်ဖော်ဆောင်မည် အတုအယောင် ရွေးကောက်ပွဲကို လုံးဝလက်ခံသွားမှာမဟုတ်ပဲ ရန်ကုန်တော်လှန်ရေးမဟာမိတ် များအားလုံးနှင့် အတူလက်တွဲပြီး အကြမ်းဖက်စစ်တပ်ကို အရှိန်မြင့်တိုက်ခိုက်ချေမှုန်းသွားမှာ ဖြစ်ပါတယ်”ဟု ယင်းအဖွဲ့က ထုတ်ပြန် ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ လှည်းကူးမြို့နယ် အုန်းနှဲကုန်းရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးကို ပြင်းအားမြင့်မိုင်း နှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိကြောင်း Yangon Army (YA) အဖွဲ့တာဝန်ရှိသူကပြောသည်။

သတင်း

ပဲခူးတိုင်း၊ အုတ်ဖိုမြို့ မြို့နယ်ရဲစခန်းအနီးရှိ စစ်ကောင်စီ၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့- အုတ်ဖိုမှ တပ်ခွဲမှူးရဲဘော်ဒေဝက လူထုနွေဦးသို့ ပြောသည်။

သတင်း

နိုင်ငံပိုင်မြေများ ‌ရောင်းချနေသည့် ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးကြောင်း ယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

သတင်း

ရန်ကုန်မြို့ ‌ရွှေပြည်သာမြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး နှစ်ရုံးကို မိနစ်ပိုင်းသာခြား၍ ပြင်းအားမြင့်လက်ပစ်ဗုံးများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Armyမှ တာဝန်ရှိသူက လူထူနွေဦးသို့ ပြောသည်။