Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် ရေတပ်ရဲ့ F-35 တိုက်လေယာဉ်တစ်စီး ပျက်ကျ၊ လေယာဉ်မှူး အသက်ရှင်

အမေရိကန် ရေတပ်က F-35 တိုက်လေယာဉ်တစ်စီး ပျက်ကျပြီး ဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

US Navy

အမေရိကန် ရေတပ်က F-35 တိုက်လေယာဉ်တစ်စီး ပျက်ကျပြီး ဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

အဲဒီ တိုက်လေယာဉ်ဟာ ဇူလိုင် ၃၀ ရက်နေ့က ကယ်လီဖိုးနီးယားပြည်နယ် အလယ်ပိုင်း၊ လီမော ရေတပ်စခန်းကနေ ပျံတက်ပြီး မကြာခင်မှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

လေယာဉ်ပျက်ကျတဲ့ အကြောင်းရင်းကို ဆက်လက် စုံစမ်းနေဆဲဖြစ်ပြီး လေယာဉ်မှူးကတော့ လေထီးနဲ့ ဘေးကင်းကင်း ခုန်ထွက်နိုင်ခဲ့တယ်လို့ ရေတပ်က ပြောပါတယ်။

လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေထဲမှာတော့ လယ်ကွင်းပြင် တစ်နေရာမှာ လေယာဉ်ပျက်ကျထားပြီး မီးလောင်ရာက မီးခိုးတွေ အူထွက်နေတာကို တွေ့ရပါတယ်။ လေယာဉ် ပျက်ကျတဲ့ နေရာဟာ ကယ်လီဖိုးနီးယား အလယ်ပိုင်း၊ ဖရက်စ်နိုမြို့နဲ့ မိုင် ၄၀ လောက် အကွာမှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ပျက်ကျခဲ့တဲ့ လေယာဉ်ဟာ ရေတပ် တိုက်လေယာဉ်မှူးတွေကို လေ့ကျင့်ပေးတဲ့ VF-125 ပျံသန်းရေး အုပ်ထဲက ဖြစ်တယ်လို့လည်း ဆိုပါတယ်။ လေယာဉ် အမျိုးအစားကတော့ F-35C ဖြစ်တယ်လို့ ရေတပ်က ထုတ်ပြန်ပါတယ်။

ကမ္ဘာပေါ်မှာ နည်းပညာ အမြင့်ဆုံး ခေတ်ရှေ့ပြေး တိုက်လေယာဉ်တွေအဖြစ် သတ်မှတ်ခံရတဲ့ F-35တွေမှာ အဓိက မျိုးကွဲသုံးခုရှိပြီး F-35Cတွေကတော့ လေယာဉ်တင် သင်္ဘောတွေမှာ အခြေစိုက်နိုင်အောင် အထူးပြု ဖန်တီး တည်ဆောက်ထားတဲ့ ရေတပ်သုံး အမျိုးအစားပါ။ F-35Aတွေက သမားရိုးကျ ပြေးလမ်းတွေမှာ အခြေစိုက်ပြီး လေတပ်အတွက် အသုံးပြုဖို့ တည်ဆောက်ထားသလို F-35Bတွေကတော့ ထောင်လိုက် အတက်အဆင်းပါ ပြုလုပ်နိုင်ပြီး အမေရိကန် မရိန်းတပ်ဖွဲ့က သုံးစွဲနေပါတယ်။

ရေဒါနဲ့ ထောက်လှမ်းမှုကို ရှောင်တိမ်းနိုင်တဲ့ ကိုယ်ပျောက် နည်းပညာပါတဲ့ F-35 တိုက်လေယာဉ်တွေဟာ တစ်စီးကို ဒေါ်လာ သန်း ၁၀၀ ဝန်းကျင်လောက် တန်ဖိုးရှိပါတယ်။ အမေရိကန် အတွက်တော့ အခုနှစ်မှာ ဒုတိယမြောက် F-35 တစ်စီးကို ဆုံးရှုံးရခြင်း ဖြစ်ပါတယ်။ ဇန်နဝါရီလတုန်းက အလာစကာ ပြည်နယ်၊ အိုင်လ်ဆန် လေတပ်စခန်းမှာ ဖြစ်ပွားတဲ့ လေတပ်ရဲ့ F-35Aတစ်စီး ပျက်ကျပြီး လေယာဉ်မှူးကတော့ အသက်ရှင် လွတ်မြောက်ခဲ့ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး F-35 တိုက်လေယာဉ် အစိတ်အပိုင်းတွေ တင်ဆောင်သွားတဲ့ သင်္ဘောတစ်စီးက လမ်းကြောင်းပြောင်းပြီး တရုတ်ပိုင်နက်ထဲ ကမ်းကပ်ခဲ့တဲ့၊ နောက်ဆက်တွဲ အနေနဲ့ အစိတ်အပိုင်းတချို့ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အမေရိကန် လွှတ်တော်မှာ စုံစမ်း စစ်ဆေးနေပါတယ်။

နိုင်ငံတကာ

အဆင့်မြင့် F-35 တိုက်လေယာဉ်တွေကို ဆော်ဒီအာရေးဘီးယားဆီ ရောင်းချပေးဖို့ အမေရိကန်က မီးစိမ်းပြလိုက်ပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

တူရကီဆီ F-35 တိုက်လေယာဉ်တွေ ရောင်းချရေး စဉ်းစားပေးမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ထိပ်တန်း F-35 တိုက်လေယာဉ် တစ်စီးဟာ အီရန်ရဲ့ ပစ်ခတ်မှုကြောင့်လို့ ယူဆရတဲ့ အခြေအနေကြောင့် အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။

Facebook