Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရဲ့မဟာမိတ်​တွေကို အရေးယူပိတ်ဆို့မှု ဖယ်ရှားပေးခဲ့တဲ့ အမေရိကန်ကို ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဝေဖန်

အာဏာသိမ်း စစ်ကောင်စီရဲ့ မဟာမိတ် စီးပွားရေး လုပ်ငန်းရှင် တချို့အပေါ် အရေးယူ ပိတ်ဆို့မှုတွေ ဖယ်ရှားပေးခဲ့တဲ့ အမေရိကန် အစိုးရရဲ့ ဆုံးဖြတ်ချက်ကို မြန်မာ့လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

ဓါတ်ပုံ-AP

သြဂုတ်-၁၊၂၀၂၅။People’s Spring

အာဏာသိမ်း စစ်ကောင်စီရဲ့ မဟာမိတ် စီးပွားရေး လုပ်ငန်းရှင် တချို့အပေါ် အရေးယူ ပိတ်ဆို့မှုတွေ ဖယ်ရှားပေးခဲ့တဲ့ အမေရိကန် အစိုးရရဲ့ ဆုံးဖြတ်ချက်ကို မြန်မာ့လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

တွမ်အန်ဒရူးစ်က အမေရိကန် အစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ တုန်လှုပ်စရာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အမေရိကန်ဟာ ဇူလိုင် ၂၄ ရက်နေ့တုန်းက စစ်ကောင်စီရဲ့ လက်နက်ပွဲစားတွေ အပါအဝင် မြန်မာနိုင်ငံက လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း နာမည် ၅ ခုကို အရေးယူ ပိတ်ဆို့မှု နာမည်ပျက် စာရင်းကနေ ဖယ်ရှားပေးခဲ့တာပါ။

လူသတ်သမား စစ်ကောင်စီ လက်ထဲကို စစ်လက်နက်တွေ မရောက်အောင် ကန့်သတ်ဖို့ နိုင်ငံတကာ စုပေါင်း အားထုတ်မှုတွေ အတွက်တော့ ဒီလုပ်ရပ်ဟာ အကြီးစား နောက်ပြန်ဆွဲတဲ့ ခြေလှမ်းမျိုးလို့ အန်ဒရူးစ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီအလိုတော်ရိခရိုနီတွေ၊လက်နက်ပွဲစားတွေကို ဖိအားပေး အရေးယူတဲ့ လုပ်ဆောင်မှုတွေဟာ အခုဆုံးဖြတ်ချက်ကြောင့် အများကြီး ထိခိုက်နှောင့်နှေးရတယ်လို့လည်းသူကပြောကြားသွားပါတယ်။

အမေရိကန် အစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေ ကြားမှာလည်း အတော်လေး ဝေဖန် ရှုတ်ချချင်စရာ ဖြစ်ခဲ့ပါတယ်။ အမေရိကန်က အရေးယူ ပိတ်ဆို့ စာရင်းကနေဖယ်ရှားပေးလိုက်တဲ့ကုမ္ပဏီတွေထဲမှာ လက်နက်မှောင်ခိုမှုနဲ့ ရှုပ်ထွေး ဆက်နွှယ်နေတဲ့ လုပ်ငန်းတွေ ပါဝင်ပြီး အဲဒါတွေက စစ်ကောင်စီ လိုအပ်တဲ့ လက်နက်နဲ့ စစ်သုံးပစ္စည်းတွေ ဝယ်ယူနိုင်အောင် ကူညီပေးနေကြကြောင်း ပြောပါတယ်။

အမေရိကန်မှာ သမ္မတ(ဟောင်း) ဂျိုးဘိုင်ဒန် လက်ထက်တုန်းက သတ်မှတ်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အရေးယူ ပိတ်ဆို့မှု အမိန့်တွေကို ဆက်လက် ထားရှိဖို့ ထရမ့်ရဲ့အစိုးရကဖေဖော်ဝါရီလမှာ လက်မှတ်ရေးထိုး အတည်ပြုပေးခဲ့ပေမယ့် လပိုင်းအကြာမှာပဲ အခုလို အပြောင်းအလဲမျိုးကို တွေ့မြင်လာရတာ ဖြစ်ပါတယ်။

ကိုးကား-Al Jazeera

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။