Connect with us

Hi, what are you looking for?

သတင်း

ဗန်က ပန်တိုဂျာကို အမှတ်နဲ့အနိုင်ရပြီး ချန်ပီယံခါးပတ်​အောင်မြင်စွာကာကွယ်

UFC ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်ကာကွယ်ပွဲမှာ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်က ပြိုင်ဘက် ဘရာဇီးဖိုက်တာ ပန်တိုဂျာကို အမှတ်နဲ့အနိုင်ရပြီး ချန်ပီယံခါးပါတ်ကို​အောင်မြင်စွာကာကွယ်ခဲ့ပါတယ်။

Screenshot

စက်တင်ဘာ-၂၀၊၂၀၂၆။ သုည/People’s Spring

UFC ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်ကာကွယ်ပွဲမှာ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်က ပြိုင်ဘက် ဘရာဇီးဖိုက်တာ ပန်တိုဂျာကို အမှတ်နဲ့အနိုင်ရပြီး ချန်ပီယံခါးပါတ်ကို​အောင်မြင်စွာကာကွယ်ခဲ့ပါတယ်။

ဒီကနေ့ မနက် အမေရိကန်မှာ ထိုးသတ်ခဲ့တဲ့ UFC ဖလိုင်းဝိတ်တန်း လက်ရှိချန်ပီယံဗန်နဲ့ ချန်ပီယံဟောင်း ပန်တိုဂျာတို့ဟာ UFC 331 ပြိုင်ပွဲရဲ့ အဓိကခေါင်ပွဲ (Main Event) အဖြစ် ဖလိုင်းဝိတ်တန်း ချန်ပီယံကာကွယ်ပွဲထိုးသတ်ခဲ့တာ ဖြစ်ပြီး ငါးချီပြည့် ရသအပြည့်​ပေးပြီးအကြိတ်အနယ်ယှဥ်ပြိုင်ခဲ့ကြပါတယ်။

ပန်တိုဂျာက ပွဲစထွက်ကတည်းက ချုပ်ကွက်နဲ့အနိုင်ယူဖို့ကြိုးစားခဲ့ပြီး ပထမအချီနဲ့ စတုတ္ထအချီ​တွေမှာဗန်ကို လှဲချနိုင်​ပေမယ့် ပါးနပ်တဲ့ဗန်က ပြန်ရုန်းထွက်တာ ၊ ပန်တိုဂျာအားသန်နဲ​နောက်​ကျောက​နေ အချုပ်မခံရ​အောင်အ​ကောင်းဆုံးခုခံနိုင်ခဲ့ပါတယ်။ကျန်ပွဲချိန်​တွေမှာ​တော့ ဗန်က ​လက်သီးထိုးချက်များစွာနဲ့ ပန်တိုဂျာကိုအသာစီးထိုးနိုင်ခဲ့ပါတယ်။ ​နောက်ဆုံးအချီမှာ ဗန်ရဲ့ထိုးချက်​ကြောင့်ပန်တိုဂျာလဲကျသွားပြီး ဗန်ပွဲဖြတ်ဖို့ကြိုးစား​ပေမယ့် ပန်တိုဂျာ မာ​ကျောလွန်းမှု​ကြောင့်သာ အလဲထိုးနဲ့အဆုံးမသတ်နိုင်ခဲ့တာပါ ။ပွဲအပြီးမှာ ဒိုင်လူကြီး ၃ ဦးစလုံးက ဗန်ကို အနိုင်​ပေးခဲ့တာဖြစ်ပါတယ် ။

Public Service Announcement

Public Service Announcement

ဗန်က ပထမပွဲတုန်းက ပန်တိုဂျာကိုကံ​ကောင်းလို့​ပြောခဲ့သူ​တွေ အခုပွဲမှာ​တော့ ဗန်ရဲ့ချန်ပီယံလက်စွမ်းကိုမြင်​တွေခွင့်ရကြပြီ မလားလို့​ပြောခဲ့ပါတယ် ။

ပွဲအစ ပထမအချီမှာ ပန်တိုဂျာက ၎င်းအားသာတဲ့ ချုပ်ကွက်နဲ့ ဗန်ကို အနိုင်ယူဖို့ ကြိုးစားခဲ့ပေမယ့် ဗန်က အကောင်းဆုံး ပြန်လည်ရုန်းထွက်နိုင်ခဲ့ပြီး လက်သီးထိုးချက်တွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

ဒုတိယအချီမှာတော့ ပန်တိုဂျာရဲ့ လက်သီးချက်ကို ဂျိုရှုအာဗန်က ရှောင်ရင်း ဗန်ရဲ့ ခေါင်းနဲ့ ပန်တိုဂျာတိုက်မိကာ ဘယ်ဘက်မျက်ခုံးကွဲသွားခဲ့ပါတယ်။ ဒီပွဲမှာတော့ ပန်တိုဂျာကို ဗန့်ကို ရင်ဆိုင်ဖို့ လက်သီးချက်၊ ဒူးတိုက်ချက်တွေကို အသုံးပြုခဲ့ပေမယ့် ထိရောက်မှု မရှိဘဲ ဗန်ရဲ့ ဘယ်၊ညာ လက်သီးတွဲလုံးတွေက ပန်တိုဂျာကို အထိနာစေခဲ့ပါတယ်။

တတိယအချီမှာလည်း ဗန်ဟာ မြန်ဆန်တဲ့ လက်သီးချက်တွေနဲ့ ဒဏ်ရာရနေတဲ့ ပန်တိုဂျာရဲ့ မျက်နှာကိုသာ ဦးတည်တိုက်ခိုက်ခဲ့ပါတယ်။ အသက်အရွယ်အရ သက်လုံကျဆင်းလာတဲ့ ပန်တိုဂျာရဲ့ ချုပ်ကွက်တွေဟာ အားမပါနိုင်တော့ဘဲ ဗန်ရဲ့ ထိုးသတ်ချက်တွေသာ အလူးအလဲခံခဲ့ရပါတယ်။

စတုတ္ထအချီမှာတော့ ပန်တိုဂျာဟာ ဗန်ကို ယှဉ်ထိုးဖို့ မကြိုးစားတော့ဘဲ ဂျူဂျစ်ဆုချုပ်ကွက်တွေသာ အားပြုတိုက်ခိုက်ခဲ့ပြီး ချုပ်နေရင်း ထိုးခဲ့တဲ့ လက်သီးချက်ကြောင့် ဗန်ရဲ့ ညာဘက်မျက်ခုံးထောင့် အနည်းငယ်ဒဏ်ရာရခဲ့ပါတယ်။

နောက်ဆုံးအချီမှာတော့ ဗန်ဟာ လက်သီးချက်ကြောင့် ပန်တိုဂျာ လဲကျခဲ့ရပြီး ချုပ်ကွက်နဲ့ ပွဲသိမ်းဖို့ ကြိုးစားပေမယ့် ပန်တိုဂျာက ရုန်းထွက်နိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ပွဲချိန်အများစု အသာရအောင်ထိုးသတ်နိုင်ခဲ့တဲ့ ဂျိုရှုအာဗန်ဟာ ပန်တိုဂျာကို ပြတ်ပြတ်သားသားပဲ အမှတ်နဲ့ အနိုင်ရခဲ့ပါတယ်။

ဂျိုရှူအာဗန်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာ ၇ရက်က ကျင်းပခဲ့တဲ့ UFC 232 ပြိုင်ပွဲမှာ ဖလိုင်းဝိတ်ချန်ပီယံ ပန်တိုဂျာကို အနိုင်ယူပြီး ချန်ပီယံသစ် ဖြစ်ခဲ့ပြီးနောက် ဒုတိယအကြိမ် ချန်ပီယံကာကွယ်ပွဲ ထိုးသတ်ခဲ့တာပါ။

ဒီပွဲမှာ ပြိုင်ဘက်ကို အနိုင်ယူကာ ချန်ပီယံခါးပတ်ကာကွယ်နိုင်ခဲ့သလို UFC ၈ ပွဲဆက် အနိုင်ရတဲ့ စံချိန်ကိုလည်း တင်နိုင်ခဲ့ပါတယ်။

ဗန်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာ ၇ရက်က ကျင်းပခဲ့တဲ့ UFC 232 ပြိုင်ပွဲမှာ ဖလိုင်းဝိတ်ချန်ပီယံ ပန်တိုဂျာကို အနိုင်ယူပြီး ချန်ပီယံသစ် ဖြစ်ခဲ့ပြီး အခုအခါမှာလည်း ပန်တိုဂျာကို ထပ်မံအနိုင်ယူကာ ချန်ပီယံကို ကာကွယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

UFC မှာ ချန်ပီယံခါးပတ်ရ ပထမဆုံးအရှေ့တောင်အာရှဖွားဖိုက်တာဖြစ်သလို အသက်၂၄ နှစ်နဲ့ ချန်ပီယံခါးပတ်ရခဲ့တာကြောင့် UFC ပြိုင်ပွဲမှာ ဒုတိယအသက်အငယ်ဆုံးချန်ပီယံလည်း ဖြစ်ပါတယ်။ ဒါဟာ သိုင်းပေါင်းစုံပြိုင်ပွဲမှာ ကမ္ဘာပေါ်မှာ နာမည်အကျော်ကြားဆုံးUFC မှာ မြန်မာဖိုက်တာတစ်ဦးအနေနဲ့ ပထမဆုံးချန်ပီယံဖြစ်ခဲ့တာပါ။

အသက် ၂၅နှစ်အရွယ် ချင်းလူငယ်ဖိုက်တာ ဂျိုရှုအာဗန်ဟာ UFC မှာ ပြိုင်ပွဲပေါင်း ၁၂ ပွဲအထိ ထိုးသတ်ထားပြီး ၁၁ ပွဲနိုင်၊ ၁ ပွဲရှုံးဆိုတဲ့ ရလဒ်ကောင်း ပိုင်ဆိုင်ထားပါတယ်။

ဗန်ဟာ မြန်မာပြည်ဖွားတိုင်းရင်းသား ဖြစ်ပြီး အမေရိကန်နိုင်ငံမှာ ငယ်စဉ်ကတည်းက မိသားစုနဲ့ အတူ ပြောင်းရွှေ့အခြေချနေထိုင်သူ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုချစ်တဲ့ ဗန်ဟာ UFC ပြိုင်ပွဲ အောင်ပွဲခံတိုင်း မြန်မာအလံနဲ့ အတူ အောင်ပွဲခံလေ့ရှိသူ ဖြစ်ပြီး ဒီပွဲမှာ မြန်မာအလံခြုံပြီး အောင်ပွဲခံခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

UFC 331 ပြိုင်ပွဲရဲ့ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်နဲ့ ဘရာဇီးဖိုက်တာ ပန်တိုဂျာတို့ တရားဝင်ဆေးစစ်ဝိတ်ချိန်မှု ဒီကနေ့ (စက်တင်ဘာ ၁၉ ရက်) ပြုလုပ်ခဲ့ရာ အောင်မြင်ခဲ့ကြောင်း UFC က ထုတ်ပြန်ပါတယ်။

ဆောင်းပါး

မိုးရွာပြီးစ မြူတွေဆိုင်းနေတဲ့ ချင်းတောင််ခြေတနေရာမှာ ချယ်ရီပန်းနဲ့ ထင်းရှုးပင်တွေ ဝိုင်းရံထားတဲ့ ခြံဝင်းလေးနဲ့ အိမ်လေးတစ်လုံးဟာ သက်ငြိမ်ပန်းချီကားတစ်ချပ်လို လှပနေပါတယ်။တောင်မြူခိုးတွေဟာအိမ်လေးရဲ့ဘေးဘီမှာ ဝေ့သီ‌နေပါတယ်။ ကျေးငှက်တွေရဲ့ တွန်ကျူးသံက ငြိမ့်ညောင်းလှပါတယ်။

သတင်း

UFC ရဲ့ ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်ပိုင်ရှင် ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်ဟာ လာမယ့် ချန်ပီယံကာကွယ်ပွဲမှာ ဘရာဇီးဖိုက်တာ ပန်တိုဂျာကို ပွဲချိန် ၃ချီအတွင်း အလဲထိုးပြီး ပွဲသိမ်းမယ်လို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

သတင်း

(၁၇)ကြိမ်မြောက် World MMA Awards ဆုပေးပွဲမှာ ချင်းလူမျိုးဖိုက်တာ ဂျိုရှုအာဗန် က (တစ်နှစ်တာအတိုးတက်ဆုံးဖိုက်တာဆု) Breakthrough Fighter of the Year ဆုကို ဆွတ်ခူးခဲ့ပါတယ်။