Connect with us

Hi, what are you looking for?

သတင်း

“မပြီးဆုံးသေးတဲ့ ၈၈၈၈ လူထုအားနဲ့ ဒို့အတူရုန်း” စာတမ်းဖြင့်တောင်ကိုရီးယားတွင်ဆန္ဒပြ

တောင်ကိုရီးယားနိုင်ငံတွင်ပြည်ပရောက်တက်ကြွလှုပ်ရှားသူများက (၃၇) နှစ်မြောက် ရှစ်လေးလုံး လူထုအရေးတော်ပုံနေ့အကြိုအထိမ်းအမှတ်ဂုဏ်ပြုပွဲနှင့် အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေးလမ်းလျှောက်ချီတက်ဆန္ဒပြပွဲအား ယနေ့ပြုလုပ်ခဲ့သည်။

ဓာတ်ပုံ - Bo Aung Din

သြဂုတ်-၃၊၂၀၂၅။ သုည/People’s Spring

တောင်ကိုရီးယားနိုင်ငံတွင်ပြည်ပရောက်တက်ကြွလှုပ်ရှားသူများက (၃၇) နှစ်မြောက် ရှစ်လေးလုံး လူထုအရေးတော်ပုံနေ့အကြိုအထိမ်းအမှတ်ဂုဏ်ပြုပွဲနှင့် အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေးလမ်းလျှောက်ချီတက်ဆန္ဒပြပွဲအား ယနေ့ပြုလုပ်ခဲ့သည်။

သြဂုတ်၃ရက်တွင်ပြုလုပ်​သောဆန္ဒပြပွဲကို တောင်ကိုရီးယားနိုင်ငံ NUG ကိုယ်စားလှယ် ဦးရန်နိုင်ထွန်း၊ကလေးကဘော်အဖွဲ့၊Yaw Funding Korea၊ Aung Zay Ya Supporting -Group ၊ ဗိုလ်သံချောင်းထောက်ပို့အဖွဲ့၊ မြင်းခြံG-Zထောက်ပို့အဖွဲ့နှင့် တောင်ကိုရီးယားနိုင်ငံရှိစစ်အာဏာရှင်ဆန့်ကျင်ရေးတက်ကြွလှုပ်ရှားသူများပူးပေါင်းပါဝင်ခဲ့သည်။

ဆန္ဒပြသူများက “ရန်သူတကာ ကြောက်ဒူးတုန်ပါစေ ပြည်သူအပေါင်း ရွှင်လန်းအားတက်ကြပါစေ” ၊ “မပြီးဆုံးသေးတဲ့ ၈၈၈၈ လူထုအားနဲ့ ဒို့အတူရုန်း” စသည့်စာသားများကို ကိုရီးယား၊ မြန်မာ နှစ်ဘာသာဖြင့် ရေးသားပြီး မြန်မာစစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ကြွေးကြော်သံများဖြင့်ချီတက်ဆန္ဒပြခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့နောက် ပြည်ပရောက်မြန်မာများက ဆိုးလ်မြို့ရှိ စစ်​ကောင်စီသံရုံးအနီးတွင် သတင်းစာရှင်းလင်းပွဲနှင့်အတူ ဆန္ဒပြသပိတ်ကျင်းပပြုလုပ်ပြီး အရပ်ဖက်သံရုံးအနီးသို့ လမ်းလျှောက်ချီတက်ပြီးနောက် အိတ်ဖွင့်ပေးစာပေးအပ်ခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့က လူလုပ်တူးမြောင်း တစ်ခုထဲ ရောက်နေတဲ့ ငါးမန်းတစ်ကောင်ကို လူပေါင်း သိန်းနဲ့ချီပြီး လာရောက် ကြည့်ရှုနေကြပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယားရဲ့ ပထမဆုံး ပြည်တွင်းဖြစ် တိုက်လေယာဉ်ဖြစ်တဲ့ KF-21 Boramaeရဲ့ ပထမဆုံး တစ်စီးကို အောင်အောင်မြင်မြင် ထုတ်လုပ်ပြီး လေတပ်ဆီ လွှဲအပ်ပေးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နျူကလီးယား လက်နက်တွေ ထုတ်လုပ်မှုကို မတားမြစ်ဘူးဆိုရင် နောင်တစ်ချိန် စျေးကွက်ထဲ အဲဒီလက်နက်တွေ ရောင်းချတဲ့ အန္တရာယ်မျိုး ဖြစ်လာနိုင်ကြောင်း တောင်ကိုရီးယား သမ္မတက သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

Facebook