Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်ရှိနေတဲ့ ဂေါက်ကွင်းနား ချဉ်းကပ်ခဲ့တဲ့ လေယာဉ်ငယ်ကြောင့် တိုက်လေယာဉ်တွေ အရေးပေါ် ပျံတက်ခဲ့ရ

သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ဂေါက်ကလပ်နားက မပျံသန်းရဇုန် သတ်မှတ်ထားရာ နေရာကို လေယာဉ်ငယ်တစ်စီး ချဉ်းကပ် ဝင်ရောက်ခဲ့မှုကြောင့် အမေရိကန် တိုက်လေယာဉ်တွေ အရေးတကြီး ပျံတက်ခဲ့ရပါတယ်။

Shutterstock

သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ဂေါက်ကလပ်နားက မပျံသန်းရဇုန် သတ်မှတ်ထားရာ နေရာကို လေယာဉ်ငယ်တစ်စီး ချဉ်းကပ် ဝင်ရောက်ခဲ့မှုကြောင့် အမေရိကန် တိုက်လေယာဉ်တွေ အရေးတကြီး ပျံတက်ခဲ့ရပါတယ်။

ဩဂုတ် ၃ ရက်နေ့ နေ့လယ်ပိုင်းက နယူးဂျာစီ ပြည်နယ်မှာရှိတဲ့ ထရမ့်ပိုင်ဆိုင်ရာ ဂေါက်ကလပ်နားကို အရပ်ဖက် လေယာဉ်ငယ် တစ်စီးက ချဉ်းကပ်ဝင်ရောက်ခဲ့တာပါ။ ဘက်ဒ်မင်စတာ မြို့ထဲက ထရမ့်အမျိုးသား ဂေါက်ကလပ်မှာ သမ္မတထရမ့် ရှိနေခဲ့တာကြောင့် အဲဒီ ဧရိယာ တဝိုက်ကို မပျံသန်းရဇုန်အဖြစ် ယာယီ သတ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် လေကြောင်းကာကွယ်ရေး စစ်ဦးစီးဌာန (NORAD)က အဲဒီ အခြေအနေကို လုံခြုံရေးစည်း ကျိုးပေါက်မှု တစ်ခုအဖြစ် သတ်မှတ်ပြီး တိုက်လေယာဉ်တွေ ချက်ချင်း စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။

တိုက်လေယာဉ်တွေဟာ မီးကျည်တွေကို ပစ်လွှတ်ပြီး အရပ်ဖက် လေယာဉ်ရဲ့ လေယာဉ်မှူးကို အချက်ပြခဲ့တဲ့နောက် အဲဒီလေယာဉ်ကို တားမြစ် လေပိုင်နက်ထဲကနေ လမ်းကြောင်းပြောင်းအောင် ခေါ်ထုတ်ပြီး ခြံရံလိုက်ပါခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မီးကျည်တွေ ပစ်ခတ်တာကို မြေပြင်မှာ ရှိနေသူတွေကပါ တွေ့မြင်ခဲ့ရပြီး NORADကတော့ အဲဒီ မီးကျည်တွေဟာ သတိပေး ခံရတဲ့ လေယာဉ်ကိုရော၊ မြေပြင်ပေါ်မှာ ရှိနေသူတွေကိုပါ ထိခိုက်မှု မရှိအောင် သတိထား ပစ်လွှတ်ခဲ့တာလို့ ကြေညာပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန် နှစ်ရက်တာအတွင်း အမေရိကန်မှာ တားမြစ် လေပိုင်နက်ထဲ အခွင့်မရှိဘဲ ချဉ်းကပ်ပျံသန်းမှု စုစုပေါင်း ၅ ကြိမ်ထိ ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။ NORADကတော့ အရပ်ဖက် လေယာဉ်မှူးတွေ အနေနဲ့ ကိုယ့်ရဲ့ ခရီးစဉ် မတိုင်ခင်မှာ လတ်တလော ကြေညာထားတဲ့ ပျံသန်းမှု ကန့်သတ်ဇုန် ကြေညာချက်တွေကို မပျက်မကွက် စစ်ဆေးကြည့်ကြဖို့ တိုက်တွန်းထားပါတယ်။

ကိုးကား: Fox

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာ မကြာခင် ရာထူးက နုတ်ထွက်လိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ စီးတော် လေယာဉ် (Air Force One) အသစ်ကို သမ္မတ ဒေါ်နယ်လ်ထရမ့် ကိုယ်တိုင် မိတ်ဆက် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

သူနဲ့အတူတူ ဓာတ်ပုံရိုက်ဖို့ အီတလီ ဝန်ကြီးချုပ်က ခခယယ တောင်းဆိုခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စကားကို ကာယကံရှင်က ပြင်းပြင်းထန်ထန် တုံ့ပြန် ငြင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

ဒရုန်း တိုက်လေယာဉ်တွေ ထုတ်လုပ် တည်ဆောက်ပေးဖို့ အမေရိကန် လေတပ်က ကုမ္ပဏီ နှစ်ခုနဲ့ အဝယ်စာချုပ်တွေ ချုပ်ဆိုလိုက်ပါတယ်။