Connect with us

Hi, what are you looking for?

News

က​လေး PDFမှ ​ပျောက်ဆုံး​နေသည့် တပ်သားနှစ်ဦးနှင့် ​ဆေးတပ်သားအမျိုးသမီးတို့၏ ရုပ်အ​လောင်းများတွေ့ရှိ

​တွေ့ရှိသည့် ရုပ်အလောင်းများမှာ သေနတ်ဒဏ်ရာဖြင့်သေဆုံးနေခြင်းဖြစ်သည်ဟု ၎င်းက​ ပြောသည်။အကြမ်းဖက်စစ်တပ်က စခန်းသိမ်းပြီးချိန်တွင် နဖူးတည့်တည့်ကို သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း PDF(က​လေး) တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

(စခန်းစီးနင်းခံရပြီး​နောက် ကျဆုံးခဲ့​သော ရဲ​ဘော်နှစ်ဦးကို ​တွေ့ရစဥ်)

အကြမ်းဖက်စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းစဉ် ပျောက်ဆုံးနေသည့် ကလေးမြို့ပြည်သူကာကွယ်ရေးတပ်ဖွဲ့စခန်းမှ အမျိုးသားနှစ်ဦးနှင့် ​ဆေးတပ်သားအမျိုးသမီးတစ်ဦးတို့၏ ရုပ်အ​လောင်းများကို တွေ့ရှိခဲ့ကြောင်း PDF(က​လေး)တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ​ပြောသည်။

​တွေ့ရှိသည့် ရုပ်အလောင်းများမှာ သေနတ်ဒဏ်ရာဖြင့်သေဆုံးနေခြင်းဖြစ်သည်ဟု ၎င်းက​ ပြောသည်။အကြမ်းဖက်စစ်တပ်က စခန်းသိမ်းပြီးချိန်တွင် နဖူးတည့်တည့်ကို သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း PDF(က​လေး) တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

နိုဝင်ဘာ ၁၇ရက် ၈နာရီခွဲခန့်က ကလေး-PDF တပ်ရင်း (၃) စခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်များက အင်းအားအလုံးအရင်းဖြင့် ၀င်ရောက်စီနင်းခဲ့ခြင်းဖြစ်သည်။ ထိုစခန်းတွင် နေမကောင်းဖြစ်နေသည့် တပ်သားနှစ်ဦးနှင့် ဆေးတပ်သားအမျိုးသမီး ၁၀ ဦးသာရှိနေချိန်ဖြစ်သည်။

​တွေ့ရှိသည့် ရုပ်အလောင်းများကို ကောင်းမွန်စွာ သဂြိုလ်ပေးခဲ့သည်ဟု ဆိုသည်။ ကျန်အမျိုးသမီးဆေးတပ်ဖွဲ့ ၉ ဦးကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပြီး ယ​နေ့ (နိုဝင်ဘာ ၁၈ ရက်)နံနက်ပိုင်းတွင် နဂါးပွက်ရွာသို့ ပြောင်းရွှေ့​ခေါ်​ဆောင်သွားသည်ဟု PDF(ကလေး)က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ယနေ့နံနက် ၁၀ နာရီခွဲခန့်တွင် PDF (က​လေး) တပ်ဖွဲ့ဝင်များက နဂါးပွက်ရွာအတွင်း တပ်စွဲထားသော အကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲ့များကို သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုကြောင့် ဒေသခံကာကွယ်ရေးတပ်များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများပြင်းထန်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေဖြင့်ပြည်သူတို့ရဲ့အသက်၊ခန္ဓာနဲ့ အနာဂတ်အတွက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊လူထုကို ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ရေးမဏ္ဍိုင်သုံးရပ်နဲ့ ရှေ့သို့အရှိန်အဟုန်မပျက်ချီတက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်မတော်ကအောက်တိုဘာ ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖဲရှုံးပြီး ဖုန်းခိုးယူမှုအရေးယူခံရမှာကြောက်တာကြောင့် စစ်တပ်ထံ အညံ့ခံသွားတဲ့ PDF ရဲဘော်သတင်းပေးမှုကြောင့် စစ်တပ်က ဘုတလင်မြို့နယ် အရှေ့တောင်ခြမ်းကို ​လေ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

Facebook