Connect with us

Hi, what are you looking for?

News

စစ်​ရေးတင်းမာ​နေ၍ က​လေး-ဂန့်​ဂေါလမ်းပိုင်းကို တစ်ပတ်အတွင်း သွားလာခြင်းမပြုရန် က​လေး PDF ထုတ်ပြန်

အဆိုပါ ၁၂ဦးအနက် ကျဆုံးသွားခဲ့သည့်သုံးဦး၏ ရုပ်အလောင်းများကို ယမန်နေ့က တွေ့ရှိခဲ့ပြီး ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့သည်ဟု ကလေး PDFက ဆိုသည်။

People's Spring
People's Spring

ကလေးမြိုနယ်အတွင်း တင်းမာနေသည့် စစ်ရေးအခြေ အနေကြောင့် ကလေး – ဂန့်ဂေါလမ်းပိုင်းကို ကားများ တစ်ပတ်အတွင်းသွားလာခြင်း မပြုရန် ကလေး PDFက ယနေ့(နိုဝင်ဘာ ၁၉ ရက်)အသိ​ပေး ထုတ်ပြန်သည်။

စစ်ရေးတင်းမာနေမှု အနေအထားအရ အချိန်မရွေးတိုက်ပွဲများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ကလေး-ဂန့်ဂေါလမ်းပိုင်းအား ယနေ့ကစ၍ ရက်သတ္တပတ်အတွင်း မည်သည့် မော်တော်ယာဉ်မှ ဖြတ်သန်းသွားလာခြင်း မပြုကြရန် မေတ္တာရပ်ခံထားသည်။

လက်ရှိတွင် ကလေး-ဂန့်ဂေါလမ်းပိုင်းအား အာဏာသိမ်းစစ်တပ်နှင့်​ထောက်တိုက်များက စစ်ကူထောက်ပံ့​ရေး သယ်ယူပိုဆောင်ခြင်းများအတွက် အသုံးပြုနေခြင်းကြောင့် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်မှုများ ဖြစ်ပေါ်လာပါက ပြည်သူများဘေးကင်းရန်အတွက် ကြိုတင်အသိပေးရခြင်း ဖြစ်ကြောင်းထုတ်ပြန်ချက်၌ ပါရှိသည်။

နိုဝင်ဘာ ၁၈ ရက်က ကလေးမြို့နယ်ချင်းဆိုင်ရွာအနီးမှာ စစ်ကောင်စီလက်အောက်ခံ လေ့ကျင့်ရေးတပ်ရင်း အမှတ်(၁ဝ)၏တပ်ဖွဲ့တစ်ခုကို ကလေး PDF လက်အောက်ခံ UGF မြို့ပြပြောက်ကျားတပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်ကောင်စီဘက်က ၁၅ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်းသိရသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် နို၀င်ဘာ၁၇ရက်ကလည်း ဒေသခံကာကွယ် ရေးတပ်သားများ ရှေ့တန်းထွက်ချိန်တွင် စခန်း၌ကျန်ခဲ့သည့် နေမကောင်းသည့် တပ်သားနှစ်ဦးနှင့် ဆေးတပ်သားအမျိုးသမီး၁၀ဦးကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

အဆိုပါ ၁၂ဦးအနက် ကျဆုံးသွားခဲ့သည့်သုံးဦး၏ ရုပ်အလောင်းများကို ယမန်နေ့က တွေ့ရှိခဲ့ပြီး ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့သည်ဟု ကလေး PDFက ဆိုသည်။

ကျန်ရှိသည့် အမျိုးသမီးဆေးတပ်သား၉ဦးကိုမူ နဂါးပွက်ကျေးရွာသို့ခေါ်ဆောင်သွားသည်ဟု PDF (ကလေး)က ထုတ်ပြန်ထားပြီး လက်ရှိတွင် စစ်ကောင်စီကို ပိတ်ဆို့တိုက်ခိုက်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်များက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေဖြင့်ပြည်သူတို့ရဲ့အသက်၊ခန္ဓာနဲ့ အနာဂတ်အတွက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊လူထုကို ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ရေးမဏ္ဍိုင်သုံးရပ်နဲ့ ရှေ့သို့အရှိန်အဟုန်မပျက်ချီတက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်မတော်ကအောက်တိုဘာ ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖဲရှုံးပြီး ဖုန်းခိုးယူမှုအရေးယူခံရမှာကြောက်တာကြောင့် စစ်တပ်ထံ အညံ့ခံသွားတဲ့ PDF ရဲဘော်သတင်းပေးမှုကြောင့် စစ်တပ်က ဘုတလင်မြို့နယ် အရှေ့တောင်ခြမ်းကို ​လေ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

Facebook