Connect with us

Hi, what are you looking for?

News

စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ယာဉ်တန်းကို ကလေးဝ PDF က မိုင်းခွဲတိုက်ခိုက်

“စစ်ကား ၆စီးရံပြီး မောင်းလာတာ။ ကျတော်တို့ ပ​ဒေသာမိုင်းဆင်ပြီး ဆွဲတာ။ မိုင်းကွဲ​​ပေမယ့် အားလုံးတော့ မကွဲဘူး”ဟု ၎င်းက ပြောသည်။

(အာဏာသိမ်းစစ်​ကောင်စီ၏စစ်ကိုင်းတိုင်းဝန်ကြီးချုပ်မြတ်​ကျော်)

အကြမ်းဖက်စစ်ကောင်စီမှစစ်ကိုင်းတိုင်းဝန်ကြီးချုပ်မြတ်​ကျော်၏ယာဉ်တန်းကို ကလေးဝ-တန့်ဆည်-ရေဦးလမ်းတွင် ကလေးဝ PDF က မိုင်းခွဲတိုက်ခိုက်ခဲ့သည်။

ကလေးဝ-တန့်ဆည်-ရေဦးလမ်းမှကလေးဝမြို့နှင့် ခြောက်မိုင်ခန့်ဝေးသော ယုဇနကျေးရွာအနီးတွင် ယနေ့(နိုဝင်ဘာ၁စရက်) နံနက် ၁၀နာရီ ၃၇မိနစ်က မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကလေးဝ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“စစ်ကား ၆စီးရံပြီး မောင်းလာတာ။ ကျတော်တို့ ပ​ဒေသာမိုင်းဆင်ပြီး ဆွဲတာ။ မိုင်းကွဲ​​ပေမယ့် အားလုံးတော့ မကွဲဘူး”ဟု ၎င်းက ပြောသည်။

“ကွဲကွဲချင်း စက်သေနတ်နဲ့ ပြန်ပစ်တယ်။ လက်နက်ကြီးနဲ့ ပြန်ထုလို့ ဆုတ်ခဲ့လိုက်တယ်။ ထိခိုက်မှုတော့ မသိသေးဘူး”ဟု ၎င်းက ဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

ကလေးဝတွင် ယခုကဲ့သို့ မိုင်းခွဲတိုက်ခိုက်နေချိန် ယောဒေသ ဆောမြို့တွင်လည်း တိုက်ပွဲပြင်းထန်နေသည်။

ဆောနယ်မှာ စစ်​ကောင်စီတပ်က Mi35ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေပြီး စက်သေနတ်များဖြင့်လည်း ပစ်ခတ်နေသည်ဟု ယနေ့( နိုဝင်ဘာ ၁၉ရက်) နေ့လယ် ၁နာရီခန့်အခြေအနေကို ဒေသခံတစ်ဦးက ပြောသည်။

ဒေသခံကာကွယ်​ရေး တပ်ဖွဲ့​များနှင့်CDF မင်းတပ်၊ ကန်ပက်လက် ပူး​ပေါင်း တပ်ဖွဲ့​များက စစ်ကူအဖြစ် သွားရောက်တိုက်ခိုက်နေပြီး လက်ရှိတွင် တိုက်ပွဲပြင်းထန်နေသည်ဟု PDFနှင့် နီးစပ်သူတစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။