Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်ရပ်ဆိုင်းဖို့ ဒွန်းဘက်စ် ပြည်နယ်ကို လက်လွှတ်ပေးမှာ မဟုတ်ကြောင်း ဇီလန်စကီးဆို

စစ်ရပ်စဲရေးအတွက် ယူကရိန်းပိုင် ဒွန်းဘက်စ်ခ်ပြည်နယ်ကို ရုရှားလက်ထဲ လွှဲပေးရမယ်ဆိုတဲ့ စိတ်ကူးကို ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ယတိပြတ် ပယ်ချခဲ့ပါတယ်။

စစ်ရပ်စဲရေးအတွက် ယူကရိန်းပိုင် ဒွန်းဘက်စ်ခ်ပြည်နယ်ကို ရုရှားလက်ထဲ လွှဲပေးရမယ်ဆိုတဲ့ စိတ်ကူးကို ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ယတိပြတ် ပယ်ချခဲ့ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ရုရှားနဲ့ ယူကရိန်းတို့ကြား စစ်ပွဲ ရပ်ဆိုင်းစေဖို့အတွက် ညှိနှိုင်းရာမှာ နှစ်ဖက်ကြားက ထိန်းချုပ်ထားတဲ့ နယ်မြေတချို့ကို အလဲအလှယ် လုပ်ရတာမျိုး ရှိလာနိုင်ကြောင်း ပြောကြားထားပါတယ်။ အဲဒီအတွက် ယူကရိန်းဟာ နိုင်ငံအရှေ့ပိုင်းက ဒွန်းဘက်စ် ပြည်နယ် တစ်ခုလုံးအပြင် ၂၀၁၄ ကတည်းက ရုရှားတပ်တွေ ထိန်းချုပ်ထားရာ ခရိုင်းမီးယား ကျွန်းဆွယ်ကိုပါ လက်လွှတ်ပေးရမယ့် အခြေအနေ ဖြစ်နေပါတယ်။

ဩဂုတ် ၁၅ ရက်နေ့မှာ ထရမ့်က ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံ ဆွေးနွေးမှာဖြစ်ပြီး အဲဒီမတိုင်ခင် ဇီလန်စကီးက သူ့ရဲ့ သဘောထားကို ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။

လောလောဆယ် ရုရှားဟာ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ နေရာတချို့ကို ထိုးစစ်ဆင် တိုက်ခိုက်ပြီး တဖြည်းဖြည်း ရှေ့တိုးလာနေတယ် ဆိုတာကို ဝန်ခံခဲ့ပါတယ်။ အထူးသဖြင့် ဒိုဘရိုပီလီရာ မြို့နားက ထိုးစစ် အခြေအနေဟာ အချိန်တိုအတွင်း ရုရှားတပ်တွေ ၁၀ ကီလိုမီတာလောက် ရှေ့တိုးလာတာကြောင့် ယူကရိန်းတပ်တွေ နောက်ဆုတ်ပေးနေရပါတယ်။

Public Service Announcement

Public Service Announcement

ဇီလန်စကီးကတော့ ဒါဟာ ထရမ့်နဲ့ မတွေ့ဆုံခင် ပူတင်ဖက်က ယူကရိန်းကို ဖိအားထပ်ပေးတဲ့ အစီအမံတစ်ခု ဖြစ်နိုင်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

ထရမ့်နဲ့ ပူတင်တို့ အလာစကာမှာ တွေ့ဆုံမယ့် အစည်းအဝေးနဲ့ ပတ်သက်လို့ အစီအစဉ်တွေကို အသေးစိတ် မကြေညာသေးသလို ဇီလန်စကီးကိုလည်း ဖိတ်ကြားမယ့် အလားအလာ အရမ်းနည်းပါတယ်။

ဒွန်းဘက်စ်ကို လက်လွှတ်ပေးမလားဆိုတဲ့ မေးခွန်းတွေနဲ့ ပတ်သက်လို့ကတော့ ဇီလန်စကီးက ဒွန်းဘက်စ်မှာ ရှိနေတဲ့ ယူကရိန်း စစ်စခန်းတွေ၊ ခံတပ်တွေနဲ့ တခြား ပြင်ဆင်မှုတွေကို ဆုံးရှုံးလိုက်ပြီ ဆိုတာနဲ့ ရုရှားက နောက်ထပ် ကျူးကျော်မှု တစ်ခုအတွက် အဆင်သင့်ဖြစ်အောင် လမ်းဖွင့်ပေးတဲ့ အဓိပ္ပါယ်မျိုး ရောက်သွားလိမ့်မယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

နောက်ပြီး ယူကရိန်းဟာ ကျူးကျော်သူတွေဆီကို ပိုင်နက်နယ်မြေတွေ လက်ဆောင်ပေးသွားမှာ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ စတင်ခဲ့တဲ့ ကျူးကျော်စစ်နောက်ပိုင်း ရုရှားဟာ ယူကရိန်း နိုင်ငံပိုင်နက် နယ်မြေ စုစုပေါင်း ၅ ပုံ ၁ ပုံလောက်ကို ထိန်းချုပ်ထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

ဆောင်းပါး

ရုရှားကျူးကျော်စစ်ရဲ့ နာကျင်မှုနဲ့ ဒဏ်ရာများ

နိုင်ငံတကာ

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ စစ်ပွဲတွေကို စတင်ဖြန့်ဝေ ဖန်တီးနေသူ တစ်ဦးဖြစ်တယ်လို့ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက စွပ်စွဲ ပြောကြားသွားပါတယ်။

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Facebook