Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့နယ်အတွင်း စစ်တပ်စစ်ကြောင်းတိုက်ခိုက်ခံရပြီး သေဆုံးဒဏ်ရာရသူများပြား

စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်၊မုံရွာ-အရာတော်လမ်းပိုင်းကိုစစ် ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ၄ရက်တာ တိုက်ပွဲအတွင်းမှာ စစ်တပ်အရာရှိတွေအပါအဝင် ၄၀ ဦးခန့် သေဆုံးပြီး၂၀ ဦးခန့်ဒဏ်ရာ တွေရရှိခဲ့တယ်လို့ တော်လှန်​​ရေးတပ်ဖွဲ့ ဝင်​တွေက​ပြောပါတယ်။

စစ်တပ်စစ်​ကြောင်းထံမှ သိမ်းဆည်းရရှိခဲ့တဲ့ သက်​သေခံကတ်နဲ့စာရွက်စာတမ်း​တွေ။ဓါတ်ပုံ-မုံရွာပကဖ

ဩဂုတ်၁၄၊၂၀၂၅၊မေ/People’s Spring

စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်၊မုံရွာ-အရာတော်လမ်းပိုင်းကိုစစ် ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ၄ရက်တာ တိုက်ပွဲအတွင်းမှာ စစ်တပ်အရာရှိတွေအပါအဝင် ၄၀ ဦးခန့် သေဆုံးပြီး၂၀ ဦးခန့်ဒဏ်ရာ တွေရရှိခဲ့တယ်လို့ တော်လှန်​​ရေးတပ်ဖွဲ့ ဝင်​တွေက​ပြောပါတယ်။

ဩဂုတ်လ၈ ရက်နေ့က စီးပွားရေးတက္ကသိုလ်က နေထွက်လာတဲ့ အင်အား ၁၅၀ ပါစစ်ကြောင်ကိုမိုင်းဆွဲတိုက်ခိုက်ခဲ့သလို ကျောက္ကာရွာစာသင် ကြောင်းကအထွက်မှာလည်း စောင့်ကြိုတိုက်ခိုက်ခဲ့ရာစစ်သား ၇ဦး ထိခိုက်ကျဆုံးခဲ့တယ်လို့​တော်လှန်​ရေးတပ်ဖွဲ့​တွေက ထုတ်ပြန်ပါတယ်။

“ကျွန်တော်တို့ မြင်တာကတော့ မုံရွာအနေနဲ့ဆို ရန်သူအနေနဲ့ မြို့ပေါ် ကွက်ကွက်လေးပဲ စိုးမိုးနိုင်တာဆိုတော့ လမ်းပိုင်းစိုးမိုးမှုရချင်တာရော၊ ကုန်စည်စီးဆင်းမှုဖြတ်တောက်ချင်တာရောပါမယ်ဗျ”လို့စစ်တပ်စစ်​ကြောင်းထိုးတဲ့ရည်ရွယ်ချက်အ​ပေါ်မုံရွာမြို့နယ်ပအဖတာဝန်ရှိသူကပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် စစ်တပ် တပ်ဖြန့်ထားတဲ့ ရေနံကုန်းလမ်းဆုံနဲ့ ရွှေဂူဖြူဘုရားအနီးတို့မှာလည်း ဒရုန်းနဲ့တိုက်ခိုက်ခဲ့သလို ဩဂုတ်လ ၁၁ ရက်နေ့ အထိ​လေးရက်ဆက်တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။တိုက်ပွဲ​တွေအတွင်းမှာ စစ်တပ်စစ်​ကြောင်း​တွေကို ​တော်လှန်​ရေးတပ်​တွေက စစ်တပ်ဆီကသိမ်းထားတဲ့ကားမိုင်း​တွေနဲ့တိုက်ခဲ့သလို ၊ဒရုန်း​တွေအသုံးပြုတိုက်ခိုက်ခဲ့ပါတယ် ။စစ်တပ်ကသံချပ်ကာ ယာဥ် တချို့ပါအသုံးပြုခဲ့​ပေမယ့် ပြန်ဆုတ်​​ပြေးသွားတယ်လို့ ​ပြောပါတယ် ။

စစ်တပ်စစ်​ကြောင်းထံမှ သိမ်းဆည်းရရှိခဲ့တဲ့ သက်​သေခံကတ်နဲ့စာရွက်စာတမ်း​တွေ။ဓါတ်ပုံ-မုံရွာပကဖ

ဒီတိုက်ပွဲ တွေအတွင်းစစ် ကောင်စီတပ်က ဗိုလ်မှူး၁ဦး၊ဗိုလ်ကြီး၁ဦးအပါအဝင် ၂၀ဦးခန့် ဒဏ်ရာရခဲ့ပြီး ၄၀ဦး သေဆုံးကာ သေဆုံးသူအများစုဟာ ပြည်သူ့စစ် တွေဖြစ်တယ်လို့ မုံရွာမြို့နယ်၊ပအဖက ထုတ်ပြန်ထားပါတယ်။

​တော်လှန်​ရေးအဖွဲ့​တွေက စစ်တပ်စစ်​ကြောင်းထံက စစ်​ကြောင်းတစ်ခုရဲ့အင်အားနဲ့လက်နက်ခဲယမ်းအ​သေးစိပ်ပါဝင်တဲ့စာရင်းနဲ့ စစ်​ကြောင်းထိုးမယ့်​မြေပုံ​တွေကိုပါ သိမ်းဆည်းရရှိခဲ့ပါတယ်။ အင်အား ၅၂ ဦးပါ စစ်​ကြောင်းမှာ စစ်မှုမထမ်းမ​နေရ စနစ်နဲ့စု​ဆောင်းထားတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်၄၅ ​ယောက်ပါဝင်​နေတာ​တွေ့ရပါတယ်။

သြဂုတ်လ ၁၄ ရက်အထိ စစ်ကြောင်းဟာ မုံရွာမြို့မှ ကျောက္ကာရွှေဂူဖြူ ဘုရားပတ်ချာလည်အထိ အင်အား၄၀၀ ခန့်နဲ့တပ်ဖြန့်ထားပြီး ပြည်သူပိုင်ပစ္စည်း တွေကို ယူဆောင် မီးရှို့ဖျက်ဆီးတာ တွေပြုလုပ် နေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ကမမောင်းမြို့ကနေ ဖာပွန်ဒေသဆီစစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်ဆင်ရေးကာလလေးလကျော်လာတဲ့အထိဖာပွန်ဆီမရောက်နိုင်ဘဲအထိအခိုက်အကျအဆုံးများနေတယ်လို့ KNU တပ်မဟာ (၅) ၊ မူတြော်( ဖာပွန်) ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက အရပ်သား ၆ဦး ထက်မနည်းသတ်ဖြတ်ခဲ့ပြီး ပိုင်ရှင်မပေါ်သေးတဲ့ အလောင်းတချို့ပါ ရှိနေတယ်လို့ ဒေသခံမြေပြင်သတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီးမှာ စစ်တပ်စစ်ကြောင်း ထိုးလာတာကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။

Facebook