Connect with us

Hi, what are you looking for?

News

Mytel ကုမ္ပဏီအကြီးအကဲ အသတ်ခံရမှုမှာ ၄ ဦးကိုဖမ်းမိပြီလို့ စစ်ကောင်စီထုတ်ပြန်

Mytel ကုမ္ပဏီရဲ့ အကြီးအကဲ ဗိုလ်မှူးဟောင်း ဦးသိန်းအောင်နဲ့ဇနီးဟာ နိုဝင်ဘာလ ၄ ရက်မနက်ပိုင်းက မရမ်းကုန်း ၊တေးနုယဉ်လမ်း မှာရှိတဲ့နေအိမ်ကနေ လမ်းလျှောက်ထွက်ချိန်မှာ သေနတ်နဲ့ပစ်ခံခဲ့ရတာပါ။

စစ်တပ်ပိုင် Mytel ဆက်သွယ်ရေးကုမ္ပဏီရဲ့ ဘဏ္ဍာရေးအမှုဆောင်အရာရှိချုပ် သေနတ်နဲ့ပစ်သတ်ခံရမှုမှာ ပါဝင်သူ ၄ ဦးကို ဖမ်းမိထားတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

Mytel ကုမ္ပဏီရဲ့ အကြီးအကဲ ဗိုလ်မှူးဟောင်း ဦးသိန်းအောင်နဲ့ဇနီးဟာ နိုဝင်ဘာလ ၄ ရက်မနက်ပိုင်းက မရမ်းကုန်း ၊တေးနုယဉ်လမ်း မှာရှိတဲ့နေအိမ်ကနေ လမ်းလျှောက်ထွက်ချိန်မှာ သေနတ်နဲ့ပစ်ခံခဲ့ရတာပါ။

ဒီပစ်ခတ်မှုမှာ ဦးသိန်းအောင် ဟာ သေဆုံးသွားပြီးအမျိုးသမီးကတော့ ဒဏ်ရာရသွားခဲ့တယ်လို့သိရပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အမျိုးသမီး ၁ ဦးအပါအဝင် ၄ ဦးကို ဖမ်းမိထားတယ်လို့ စစ်ကောင်စီက ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးဖို့ ၂ ဦးကျန်သေးတယ်လို့လည်း စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာတွေ့ရပါတယ်။

စစ်ကောင်စီက စွပ်စွဲဖမ်းခံရသူတွေကတော့ အသက် ၁၉ နှစ်အရွယ် လူငယ်အမျိုးသား ၊ အသက် ၃၅ နှစ်အရွယ် အမျိုးသား ၊ အသက် ၂၃ နှစ်အရွယ် လူငယ်အမျိုးသား နဲ့ အသက် ၂၄ နှစ်အရွယ် လူငယ်အမျိုးသမီး တွေဖြစ်တာကိုတွေ့ရပါတယ်။

သူတို့ ၄ ဦးကို မင်္ဂလာဒုံ ၊ လှိုင် ၊ တိုက်ကြီး တို့မှာ ဖမ်းမိတယ်လို့စစ်ကောင်စီကဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

မြန်မာစစ်တပ်နဲ့ ပတ်သက် ဆက်နွှယ်တဲ့ နိုင်ငံတကာကုမ္ပဏီပေါင်းတွေ စာရင်းထဲမှာ နောက်ထပ် ၅၃ ခုကို Burma Campaign UKက ထပ်မံဖြည့်တင်းလိုက်ပါတယ်။