Connect with us

Hi, what are you looking for?

News

ခုခံစစ်စတင်ကြောင်းကြေညာပြီး ၂လအတွင်း စစ်ကောင်စီတပ်သား ၁၅၀၀ ကျော်သေဟု NUG ထုတ်ပြန်

ယင်းဇယားတွင် ခုခံတော်လှန်စစ် ၃၆၇ကြိမ်၊ စစ်ကောင်စီတပ်သား သေဆုံးမှု ၁၅၆၃ ဦး၊ စစ်ကောင်စီတပ်သား ဒဏ်ရာရ ၃၈၅ဦး၊ ပြည်သူ့ရင်ခွင် ခိုလှုံရန် ဆက်သွယ်သူ ရဲ နှင့် တပ်သား ၁၀၇၉ဦးရှိကြောင်း ဖော်ပြထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူလူထု ခုခံစစ်စတင်ကြောင်း ကြေ ညာပြီး နှစ်လအတွင်း စစ်ကောင်စီတပ်သား ၁၅၆၃ဦး သေဆုံးခဲ့သည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။

ခုခံစစ်စတင်ကြောင်း ကြေညာသည့် စက်တင်ဘာ ၇ရက်မှ နိုဝင်ဘာ ၇ရက်အထိ နှစ်လတာ ကာလအတွင်း မြန်မာနိုင်ငံ အနှံ့တွင် ဖြစ်ပွားခဲ့သော ပြည်သူ့ ခုခံ တော်လှန်စစ် စစ်ရေးအခြေအနေပြ ဇယားကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်းဇယားတွင် ခုခံတော်လှန်စစ် ၃၆၇ကြိမ်၊ စစ်ကောင်စီတပ်သား သေဆုံးမှု ၁၅၆၃ ဦး၊ စစ်ကောင်စီတပ်သား ဒဏ်ရာရ ၃၈၅ဦး၊ ပြည်သူ့ရင်ခွင် ခိုလှုံရန် ဆက်သွယ်သူ ရဲ နှင့် တပ်သား ၁၀၇၉ဦးရှိကြောင်း ဖော်ပြထားသည်။

အဆိုပါကာလအတွင်း စစ်ကောင်စီတပ်၏ အကြမ်းဖက်မှုကြောင့် ပြည်သူလူများ အသက်ဆုံးရှုံးရမှု၊ ဖမ်းဆီးခံရမှုများလည်းရှိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံး ဖမ်းဆီးခံရမှုများလည်း ရှိခဲ့သည်။

Public Service Announcement

Public Service Announcement

“စစ်မြေပြင်မှာ အသက်ပေးသွားတဲ့ ရဲဘော်တွေရှိတယ်။ခြေလက်အင်္ဂါ စွန့်လှုသွားတဲ့ ရဲဘော်တွေ ရှိတယ်။မြို့ပြရဲ့ အန္တရယ်တွေကြားမှာ သူမတူတဲ့ သူရသတ္တိနဲ့ ရုန်းကန် လှုပ်ရှားရင်း ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ရဲဘော်တွေ ၊ ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခံရတဲ့ ရဲဘော်တွေ ရှိတယ်။ တစ်ယောက် အထိန်းသိမ်းခံရတိုင်း၊ တစ်ယောက် ကျဆုံးတိုင်း ကျွန်တော်တို့ ကြေကွဲကြရတယ်။ ဝမ်းနည်းမဆုံး ဖြစ်ကြရတယ်။ သို့သော် ဒီတော်လှန်ရေးက ဆုံးအောင်သွားရမယ့် ခရီးပါ။အဆုံးထိသွားဖို့ ဆုံးဖြတ်ထားတဲ့ ရဲဘော်တွေ၊ ပြည်သူတွေ သိန်းသန်းချီ ရှိနေတယ်လို့ ယုံတယ်။ဒီတစ်ခါသန္နိဌာန်က သေချာတယ်” ဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၏ ပြောကြားချက်ကိုလည်း ထုတ်ပြန်ခဲ့သည်။

အထိန်းသိမ်းခံရသူများ ကိုယ်စား၊ ကျဆုံးရဲဘော်များ ကိုယ်စား၊ သက်ရှင်လွတ်လပ်နေသေးသူများက နှစ်ဆတိုး အလုပ်လုပ်ကြမည်ဖြစ်ကြောင်း၊ နှစ်ဆတိုး ရဲရင့်ကြမည်ဟု သစ္စာပြုကြောင်းဦးရည်မွန်က ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။