Connect with us

Hi, what are you looking for?

သတင်း

မော်လိုက်မြို့အနီး ရစ်ခ်တာစကေး ၅ ဒသမ ၆ အဆင့် ငလျင်လှုပ်

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့အနီးတွင် ရစ်ခ်တာစကေး ၅ ဒသမ ၆ အဆင့် ငလျင် ယနေ့ နံနက် ၁၁နာရီ ၂၆ မိနစ်က လှုပ်ရှားသွားသည်။

သြဂုတ်-၂၂၊ ၂၀၂၅။ အိမ်သွင်/People’s Spring

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့အနီးတွင် ရစ်ခ်တာစကေး ၅ ဒသမ ၆ အဆင့် ငလျင် ယနေ့ နံနက် ၁၁နာရီ ၂၆ မိနစ်က လှုပ်ရှားသွားသည်။

မော်လိုက်မြို့၏ တောင်-အနောက်တောင်ဘက် ၃၅ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀၃ ကီလိုမီတာကိုဗဟိုပြု၍ လှုပ်ရှားသွားခြင်းဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)က ထုတ်ပြန်သည်။

ထိုင်းမိုးလေဝသဌာန(TMD)၏ ထုတ်ပြန်ချက်တွင် ရစ်ခ်တာစကေး ၅ ဒသမ ၄ အဆင့်ရှိသည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံတွင် ဩဂုတ် ၂၀ရက် ညပိုင်းမှ ယနေ့ နံနက်ပိုင်းအထိ ရစ်ခ်တာစကေး ၄ မှ ၆ အဆင့်ကြား ငလျင် ငါးကြိမ်လှုပ်ရှားခဲ့ပြီး လေးကြိမ်သည် မြန်မာ့ပင်လယ်ပြင်အတွင်း ဗဟိုပြုခဲ့သည်။

ရန်ကန်၊ ဧရာဝတီတိုင်းတို့နှင့်ဆက်စပ်‌နေသော မြန်မာ့ကမ်းရိုးတန်းအနီးတွင် ဩဂုတ် ၂၀ရက် ည ၇နာရီ ၁၆မိနစ်က ရစ်ခ်တာစကေး ၅ အဆင့်၊ ထိုနေ့ည ၁၀နာရီကျော်တွင်လည်း ၄ ဒသမ ၁နှင့် ၄ ဒသမ၂ အဆင့်၊ ဩဂုတ် ၂၁ရက် နံနက်တွင် ၄ ဒသမ ၇ အဆင့်တို့လှုပ်ရှားခဲ့သည်။ အဆိုပါငလျင်များကို ရန်ကုန်မြို့တွင် သိသာစွာ ခံစားခဲ့ရသည်။

မြန်မာ့ကမ်းရိုးတန်းအနီးတွင် ငလျင်ငယ်များတောက်လျောက် လှုပ်ခတ်နေသည်ကို သတိပြုသင့်ကြောင်း MOHADMနှင့် ဘူမိဗေဒပညာရှင်များက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့အနီးကို ဗဟိုပြုပြီး အင်အားအတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်သွားပြီး ရှေးဟောင်းမြို့တော် ပုဂံဒေသအထိ သိသိသာသာ လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဇွန်လတုန်းက ဗင်နီဇွဲလား နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ စုံတွဲငလျင်ကြီး နှစ်ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၀၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။