Connect with us

Hi, what are you looking for?

သတင်း

တောလမ်းကနေ ဝင်ရောက်လာတဲ့ မြန်မာ ရွှေ့ပြောင်းလုပ်သား ၁၀၀ ကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီး

တောလမ်းကနေ ထိုင်းနိုင်ငံထဲ ဝင်ရောက်ဖို့ ကြိုးစားတဲ့ မြန်မာနိုင်ငံသား တရားမဝင် ရွှေ့ပြောင်းလုပ်သား ၁၀၀ ကို ဖမ်းဆီး ရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ဓာတ်ပုံ - Khaosod

တောလမ်းကနေ ထိုင်းနိုင်ငံထဲ ဝင်ရောက်ဖို့ ကြိုးစားတဲ့ မြန်မာနိုင်ငံသား တရားမဝင် ရွှေ့ပြောင်းလုပ်သား ၁၀၀ ကို ဖမ်းဆီး ရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ဆန်ခလာဘူရီမှာရှိတဲ့ ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာ တရားမဝင် လှုပ်ရှားမှုတွေ၊ အထူးသဖြင့် တရားမဝင် ရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းဖက် ပို့ဆောင်နေတဲ့ အေးဂျင့်တွေရဲ့ လုပ်ငန်းလည်ပတ်နေမှုတွေကို ထိထိရောက်ရောက် စောင့်ကြည့် တားဆီးဖို့ အာဏာပိုင်တွေက ကြပ်မတ် ဆောင်ရွက်နေရာက ဩဂုတ် ၂၅ ရက်နေ့မှာ မြန်မာတွေ ရာနဲ့ချီ အဖမ်းခံရတဲ့ အခြေအနေ ဖြစ်လာခဲ့တာပါ။

မြန်မာ ရွှေ့ပြောင်းလုပ်သားတွေက သူတို့ဟာ အာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းကို မခံရခင်မှာ ကုန်းလမ်း၊ ရေလမ်း၊ တောလမ်း အဆင့်ဆင့်ကို ဖြတ်ပြီး ၄ ရက်ကြာ ခရီးနှင်ခဲ့တယ်လို့ ထွက်ဆိုခဲ့ကြပါတယ်။

နယ်စပ် လုံခြုံရေးနဲ့ လူမှောင်ခိုမှု တိုက်ဖျက်ရေးအတွက် ကင်းလှည့် စောင့်ကြည့်နေတဲ့ အဖွဲ့တွေက တောလမ်းတွေမှာ လူတွေ အစုလိုက် အပြုံလိုက် ဖြတ်သန်းသွားတဲ့ ခြေရာတွေကို ရှာတွေ့ပြီး လိုက်လံစုံစမ်းခဲ့ပါတယ်။ အဲဒီ ခြေရာပိုင်ရှင်တွေဟာ ထိုင်းပိုင်နက်ထဲ လှေနဲ့ လောလောလတ်လတ် ရောက်ရှိလာပြီး တောထဲမှာ ပုန်းအောင်းနေတဲ့ မြန်မာနိုင်ငံသားတွေ ဖြစ်နိုင်တယ်လို့ ထိုင်းအာဏာပိုင်တွေက ယူဆခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နောက်ဆုံးမှာတော့ ခေါင်လမ် အမျိုးသား သစ်တောဥယျာဉ် နယ်မြေနဲ့ ဆက်စပ်နေတဲ့ ဗဂျီရာလောင်ကွန်း ရေလှောင်တမံကြီးရဲ့ အစွန်း၊ တောင်စောင်း တစ်နေရာမှာ စုဝေး ပုန်းခိုနေတဲ့ လူ ၁၀၀ ကို ရဲတွေနဲ့ လူဝင်မှု ကြီးကြပ်ရေး အာဏာပိုင်တွေက ခြေရာခံမိသွားပါတယ်။ ဒါကြောင့်လည်း အမျိုးသား ၆၂ ဦးနဲ့ အမျိုးသမီး ၃၈ ဦးစလုံး အဖမ်းခံခဲ့ကြရတာ ဖြစ်ပါတယ်။ သူတို့ရဲ့ အိတ်တွေကို စစ်ဆေးရာမှာတော့ တရားမဝင် ပစ္စည်းတွေ ဘာတစ်ခုမှ ယူဆောင်လာတာ မရှိဘူးလို့ ဆိုပါတယ်။

ဖမ်းခံထားရသူ အားလုံးကို ဆန်ခလာဘူရီ ရဲစခန်းဆီ ခေါ်ဆောင်သွားပြီး ချုပ်နှောင်ထားသလို စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်နေပါတယ်။ ပြီးတော့ သူတို့တွေရဲ့ ခရီးစဉ်ကို စီစဉ်ပေးတဲ့ အေးဂျင့်တွေနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်တွေကိုလည်း ရဲတွေက ဖော်ထုတ်ဖို့ ကြိုးစားနေပါတယ်။

ဖမ်းဆီးရမိထားတဲ့ မြန်မာနိုင်ငံသားတွေကိုတော့ ထိုင်းနိုင်ငံ ပိုင်နက်ထဲ ခွင့်ပြုချက် မရှိဘဲ ကျူးကျော်ဝင်ရောက်မှုနဲ့ တရားစွဲဆိုပြီး မြန်မာဖက်ကို ပြန်ပို့သွားမယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောကြားထားပါတယ်။

ကိုးကား: Khaosod

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းကမြန်မာဘက်ကိုတိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန် မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။

သတင်း

လူမျိုးတုံးသတ်ဖြတ်တဲ့ နိုင်ငံတကာစစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်တပ်ကို လက်နက်အပါအဝင် နိုင်ငံခြားဝင်ငွေ ရရှိအောင် လုပ်ဆောင်ပေးနေတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေကို ရှုတ်ချကြောင်း နဲ့ စစ်တပ်ကို ကူညီပေးမှုတွေကို ရပ်တန့်ဖို့ Justice For Myanmar-JFM ကတောင်းဆိုလိုက်ပါတယ်။

သတင်း

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။

အတွေးအမြင်

ခါကာဘို ရေးသားသည်။ “ဂျပန်မှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတယ်၊ လစာကောင်းတယ်၊ အနာဂတ်ရှိတယ်” ဆိုတာ မြန်မာလူငယ်အများစု ကြားဖူးနေကျ စကားပါ။ အထူးသဖြင့်မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေအရ ဂျပန်နိုင်ငံကို အလုပ်သွားလုပ်ဖို့၊ ကျောင်းသွားတက်ဖို့၊ ဒါမှမဟုတ် အခြေချနေထိုင်ဖို့ စဉ်းစားနေသူတွေ တိုးလာနေပါတယ်။ ဒါပေမယ့်တစ်ဖက်မှာစိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအလဲတစ်ခု ဂျပန်နိုင်ငံအတွင်း ဖြစ်ပေါ်နေပါတယ်။ ဂျပန်ဟာ...