Connect with us

Hi, what are you looking for?

News

ပြည်သူကို ကူညီစပါးရိတ်သိမ်း​ပေး​သော PDF

ဒေသအနှံ့ရှိ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များမှာ အကြမ်းဖက်စစ်​ကောင်စီကိုလက်နက်စွဲကိုင် ခုခံ​တော်လှန်ရင်း အချိန်ရလျှင်ရသလိုပြည်သူများကို ကူညီ​နေကြသည်ကိုလည်း​တွေ့ရသည်။

(ဓါတ်ပုံ-ပြည်သူ့ကာကွယ်​ရေးတပ် DMO-PDF)

ကရင်နီပြည်နယ် ၊မိုးဗြဲ မြို့နယ်နှင့် ဒီး​မာ့ဆိုမြို့နယ်အစပ်​တွင် အကြမ်းဖက်စစ်​ကောင်စီတပ်များစစ်​ကြောင်းထိုးလာ​​သောကြောင့် ​ဒေသခံရွာသူ၊ရွာသားများထိတ်လန့်​ကြောက်
ရွံ့ကာရိတ်သိမ်း​နေဆဲစပါးခင်းများကိုလည်း ဆက်လက်မရိတ်သိမ်းနိုင်ဘဲအိုးအိမ်စွန့်ကာ ထွက်ပြေးခဲ့ကြသည်။

ထို​ကြောင့်ထားပစ်ခဲ့​သောစပါးခင်းများကို ပြည်သကာကွယ်ရေးတပ်ဖွဲ့-ဒီး​မော့ဆို(DMO-PDF)တပ်ရင်းတပ်ဖွဲ့ဝင်များကနိုဝင်ဘာ ၂၁ ရက်တွင် စပါးခင်းများကိုရိတ်သိမ်းပေးခြင်း၊ ‌ခြွေပေးခြင်းဖြင့်ကူညီပေးခဲ့ကြသည်။

​ဒေသအနှံ့ရှိ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များမှာ အကြမ်းဖက်စစ်​ကောင်စီကိုလက်နက်စွဲကိုင် ခုခံ​တော်လှန်ရင်း အချိန်ရလျှင်ရသလိုပြည်သူများကို ကူညီ​နေကြသည်ကိုလည်း​တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။