Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းမှာ ဖြန့်ကျက်လာမယ့် တပ်တိုင်းဟာ ရုရှားရဲ့ တရားဝင်ပစ်မှတ် ဖြစ်လာမယ်လို့ ပူတင်ခြိမ်းခြောက်

ယူကရိန်းမှာ ဖြန့်ကျက်ထားတဲ့ နိုင်ငံခြား တပ်ဖွဲ့မှန်သမျှဟာ ရုရှားရဲ့ တရားဝင် ပစ်မှတ်တွေ ဖြစ်လာလိမ့်မယ်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ခြိမ်းခြောက်သွားခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ယူကရိန်းမှာ ဖြန့်ကျက်ထားတဲ့ နိုင်ငံခြား တပ်ဖွဲ့မှန်သမျှဟာ ရုရှားရဲ့ တရားဝင် ပစ်မှတ်တွေ ဖြစ်လာလိမ့်မယ်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ခြိမ်းခြောက်သွားခဲ့ပါတယ်။

ရုရှားနဲ့ ယူကရိန်းကြား စစ်ပွဲ ပြီးဆုံးသွားရင် အနာဂတ် ယူကရိန်းရဲ့ လုံခြုံရေးကို ကာကွယ်ဖို့ နိုင်ငံပေါင်း ၂၆ ခုက ကြည်း၊ ရေ၊ လေ တပ်ဖွဲ့ဝင်တွေ ဖြန့်ကျက်ကူညီပေးဖို့ သဘောတူထားကြောင်း ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်က ပြောကြားခဲ့ပြီး နောက်တစ်နေ့မှာ ပူတင်က အခုလို တုံ့ပြန်ခဲ့တာပါ။

ဒါပေမဲ့ မာခရွန်ရဲ့ စကားထဲမှာတော့ လက်ရှိ ရုရှား-ယူကရိန်း စစ်ဖြစ်နေဆဲ ကာလမှာတော့ ဥရောပ နိုင်ငံတွေက ဦးဆောင်ပြီး စုပေါင်းတပ်ဖွဲ့တွေ ယူကရိန်းဆီ စေလွှတ်မယ်လို့တော့ ထည့်ပြောမထားပါဘူး။

ပူတင်က ယူကရိန်းမှာ အနောက်နိုင်ငံတွေရဲ့ တပ်ဖွဲ့ဝင်တွေ စေလွှတ်ပြီး လုံခြုံရေး စောင့်ကြပ်ပေးနိုင်တယ်ဆိုတဲ့ စိတ်ကူးကို ခါးခါးသီးသီး ကန့်ကွက်ထားသူပါ။ တကယ်လို့ အခုလို စစ်ဖြစ်နေဆဲ ကာလမျိုးမှာ တခြားနိုင်ငံ တစ်ခုခုရဲ့ တပ်တွေ ယူကရိန်းကို ရောက်လာတာနဲ့ ရုရှားရဲ့ တရားဝင် ပစ်မှတ် ဖြစ်သွားမယ်လို့ သူက စက်တင်ဘာ ၅ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ရုရှားနဲ့ ယူကရိန်းတို့ကြား ၃ နှစ်ခွဲကျော်ကြာအောင် ဖြစ်ပွားလာတဲ့ စစ်ပွဲကို ရပ်တန့်စေဖို့ ကြားဝင် ညှိနှိုင်းပေးနေပေမယ့် လောလောဆယ်မှာတော့ သဘောတူညီမှု တစ်ခုခု ရနိုင်ခြေမျိုး မမြင်ရသေးပါဘူး။

တစ်ဖက်မှာလည်း စစ်ပွဲရပ်ဆိုင်းပြီးရင် ယူကရိန်းရဲ့ အနာဂတ် လုံခြုံရေးကို ဘယ်လို အာမခံချက် ပေးမလဲ ဆိုတာနဲ့ ပတ်သက်လို့ ဥရောပ အင်အားကြီး နိုင်ငံတွေက ဦးဆောင်ပြီး အပူတပြင်း ဆွေးနွေး ညှိနှိုင်းနေတာ ဖြစ်ပါတယ်။

စိတ်ထားတူ နိုင်ငံများ အစုအဖွဲ့လို့ ရည်ညွှန်း ခေါ်ဝေါ်လေ့ရှိပြီး ယူကရိန်းကို ထောက်ခံလိုတဲ့ နိုင်ငံ ၃၅ ခုရဲ့ ကိုယ်စားလှယ်တွေက ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်မှာ စက်တင်ဘာ ၄ ရက်နေ့တုန်းက ဆွေးနွေးခဲ့ကြပြီးတဲ့နောက် ၂၆ နိုင်ငံက စစ်ပြီးခေတ် ယူကရိန်းဆီ တပ်တွေ စေလွှတ်ပေးထားဖို့ သဘောတူခဲ့တာပါ။ မာခရွန်ကတော့ အဲဒီနိုင်ငံတွေရဲ့ နာမည်ကို အတိအကျ ထုတ်ပြောမသွားခဲ့ပါဘူး။

အဲဒီအစည်းအဝေးကို ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ အမေရိကန် အစိုးရ အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ်တို့လည်း တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

ကိုးကား: France 24

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှိလာရင်တောင်မှ တိုက်ခိုက်မှုတွေကိုတော့ ရုရှားက ရပ်တန့်ထားမှာ မဟုတ်ကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

နိုင်ငံတကာ

ပြင်သစ်နိုင်ငံမှာ ရထားတစ်စီး သံလမ်းချော်မှု ဖြစ်ပွားပြီး လူ ၄၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

ရုရှားက အသုံးပြုလာတဲ့ ဂျက်အင်ဂျင်တပ် ဖောက်ခွဲရေး ဒရုန်းတွေဟာ ယူကရိန်း လေကြောင်းကာကွယ်ရေး စနစ်တွေကို အကျပ်ရိုက်နေစေကြောင်း သိရပါတယ်။