Connect with us

Hi, what are you looking for?

သတင်း

ဟင်္သာတမြို့တွင်သွားဆရာဝန်လင်မယားအသတ်ခံရ

ဟင်္သာတမြို့​ပေါ်တွင် ယနေ့ ညနေပိုင်း၌ သွားဆရာဝန်ဇနီး​လင်မယားအသတ်ခံလိုက်ရသည်။

စက်တင်ဘာ-၈၊၂၀၂၅။စိုးမြင့်/People’s Spring

ဟင်္သာတမြို့​ပေါ်တွင် ယနေ့ ညနေပိုင်း၌ သွားဆရာဝန်ဇနီး​လင်မယားအသတ်ခံလိုက်ရသည်။

ဟင်္သာတမြို့၊ ပါဆယ်လမ်းမှ သွားဆရာဝန်ဒေါက်တာခင်မောင်ထွန်း နှင့် ဇနီးတို့ကိုစက်တင်ဘာ၈ ရက်၊ ညနေ ၄နာရီခန့်တွင် အမျိုးသားတစ်ဦးက ဓားဖြင့်သတ်ဖြတ်သွားခြင်းဟုမြို့ခံအချို့ကပြောသည်။

“ဆေးခန်းပြချင်တယ်ဆိုပြီး ဝင်လာပြီး ဓားနဲ့ထိုးသတ်တာ။ မိန်းမဖြစ်သူက အိမ်မှာတင်သေတာ။ယောင်္ကျားကတော့ ဆေးရုံပို့တုန်း သေဆုံးတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

သတ်ဖြတ်မှုကျူးလွန်သူသည် လူငယ်တစ်ဦးဖြစ်ပြီး အဆိုပါ ဆရာဝန်နှင့် ဇနီးဖြစ်သူအပြင် နေအိမ်ထဲမှ အိမ်အကူနှင့်အခြားအမျိုးသမီးတစ်ဦးကိုပါ ဓားဖြင့်ထိုးသွားသည်ဟု သိရသည်။

“အိမ်ထဲမှာရုန်းရင်ဆန်ခတ်ဖြစ်ပုံရတယ်။နှစ်ဦးသေဆုံးတယ်။ နှစ်ဦးဒဏ်ရာရတယ်။အဲ့ဒီလူ ( သတ်ဖြတ်မှုကျူးလွန်သူ) က ထွက်ပြေးသွားတယ်”ဟု မိသားစုနှင့်သိသူတဦးကပြောသည်။

လူသတ်မှုဖြစ်စဉ်သည် လူမှုရေးကိစ္စကြောင့်ဖြစ်နိုင်ကြောင်း​ဒေသခံအချို့ကပြော​နေ​သော်လည်း People’s Spring ကသီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

အမှုဖြစ်သည့် ‌နေအိမ်သည် ဟင်္သာတခရိုင်ရဲရုံး၊ တရုားရုံးတို့နှင့် တစ်မိုင်ပင်‌မဝေးသောနေရာ၌ ရှိသည်ဟု မြို့ခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

"အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ကျွန်တော် နေပြည်တော် ကားအငှားဝန်ဆောင်မှုနဲ့ ကားမောင်းသင်တန်းက ကိုဝင်းပါ။ အခုကတော့ ကျွန်တော် ဘယ်ရောက်နေလဲဆိုတော့ မန္တလေး တံတားဦးကို ရောက်နေတာဖြစ်ပါတယ်ခင်ဗျာ"

သတင်း

စလော့ဂိမ်းကစားပြီးငွေလိုနေတဲ့လူငယ်တစ်ဦးက သူငယ်ချင်းရဲ့မိခင်ဖြစ်သူကို သတ်ဖြတ်ပြီး ​ရွှေ​​ငွေနဲ့အဖိုးတန် ပစ္စည်း​​တွေကိုခိုးယူမှု ရန်ကုန်မြို့မှာဖြစ်ပွားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား မောင်နှမနှစ်ဦး အသတ်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နစ်နာသူ မိသားစုကို ထိုင်းဝန်ကြီးချုပ်က စာနာဝမ်းနည်းကြောင်း ပြောကြားခဲ့သလို ရုရှားပြည်သူတွေနဲ့ ရုရှား ကမ္ဘာလှည့် ခရီးသည်တွေကို ရည်စူးပြီး တောင်းပန်စကားလည်း ဆိုခဲ့ပါတယ်။