Connect with us

Hi, what are you looking for?

News

မင်္ဂလာဆောင်ပေါက်ကွဲမှုမှာ ထိခိုက်သွားတဲ့ ညီအစ်ကိုနှစ်ဦးအနက် တစ်ဦးသေဆုံးပြီး တစ်ဦးအရေးပေါ်ရောက်နေ

သင်္ဃန်းကျွန်းမြို့နယ်က မင်္ဂလာဆောင်တစ်ခုမှ ဗုံးပေါက်ကွဲလို သေဆုံးသွားသူထဲမှာ ပရဟိတအသင်း တွဲဖက်အတွင်းရေးမှုး လူငယ်တစ်ဦးပါတယ်လို့ မိသားစုက အတည်ပြုပြောကြားပါတယ်။

ကိုဇော်ဝင်းအောင်

ကွယ်လွန်သွားသူက အသက် ၂၀ အရွယ် ကိုဇော်ဝင်းအောင်ဖြစ်ပြီး ဆေးရုံမှာအရေးပေါ်ကုသခံယူနေရသူကတော့ ကိုဇော်ဝင်းအောင်ရဲ့ အကိုဖြစ်သူ ကိုဝေယံမိုးဖြစ်တယ်လို့ သိရပါတယ်။

“ညီအစ်ကိုနှစ်ယောက် မင်္ဂလာဆောင်အတူသွားကြတာ။ အခုက ဆုံးသွားတာက အငယ်လေး။ အကြီးက အခုဒဏ်ရာတွေနဲ့ သင်္ဃန်းကျွန်းစံပြဆေးရုံအရေးပေါ်ခန်းမှာ ရောက်နေတယ်။ အခုနောက်ဆုံးအခြေအနေကတော့ အိမ်ပြန်ရောက်နေလို့ ကျွန်တော်မသိရသေးဘူး”လို့ ကိုဇော်ဝင်းအောင်ရဲ့ အကိုအကြီးဆုံးက ပြောပါတယ်။

ကိုဝေယံမိုး

ကိုဇော်ဝင်းအောင်နဲ့ ကိုဝေယံမိုးတို့က လူငယ်အင်အားကမ်းလက်စေတနာပရဟိတအဖွဲ့ ဥက္ကဌနဲ့ တွဲဖက်အတွင်းရေးမှုးတာဝန်ယူထားသူတွေဖြစ်ပြီး ကိုဗစ်ကာလမှာလည်း လူမှုကူညီရေးတွေ လုပ်ဆောင်ခဲ့တယ်လို့ အကိုအကြီးဆုံးဖြစ်သူက ပြောပါတယ်။

“မင်္ဂလာဆောင်ကို ကျွန်တော်က လိုက်မသွားတော့ ဘာတွေဖြစ်ပြီး ဘယ်လိုတွေ ထိခိုက်ကုန်တယ် ကျွန်တော်မသိပါဘူး။ အခုလည်း အမေနဲ့ ညီမလေးပဲ အိမ်မှာကျန်ခဲ့တော့ ကျွန်တော်အိမ်ပြန်နေတော့ မိသားစုအဆက်အသွယ်မရှိဘူး” လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒီကနေ့ မေ ၂၅ ရက် မွန်းလွဲပိုင်းက သင်္ဃန်းကျွန်းမြို့နယ်ထဲက သုဝဏ္ဏ (က) ရပ်ကွက်မှာရှိတဲ့ မင်္ဂလာဆောင်အိမ်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီး သတို့သမီးအပါအဝင် သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ သတင်းတွေ ထွက်နေပေမယ့် သေဆုံးမှုအရေအတွက်အခြေအနေကို အတည်မပြုနိုင်သေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဘိုလီးဗီယားနိုင်ငံက စစ်တန်းလျား တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန်က မင်္ဂလာဆောင် တစ်ခုကို အမေရိကန်ဒုံးကျည် ထိမှန်ခဲ့တယ်ဆိုတဲ့ သတင်းတွေကို စုံစမ်းစစ်ဆေးသွားမယ်လို့ အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ် ဒေးဗစ် ဗန့်စ်က ပြောကြားခဲ့ပါတယ်။

Facebook