Connect with us

Hi, what are you looking for?

News

မင်္ဂလာဆောင်ပေါက်ကွဲမှုမှာ ထိခိုက်သွားတဲ့ ညီအစ်ကိုနှစ်ဦးအနက် တစ်ဦးသေဆုံးပြီး တစ်ဦးအရေးပေါ်ရောက်နေ

သင်္ဃန်းကျွန်းမြို့နယ်က မင်္ဂလာဆောင်တစ်ခုမှ ဗုံးပေါက်ကွဲလို သေဆုံးသွားသူထဲမှာ ပရဟိတအသင်း တွဲဖက်အတွင်းရေးမှုး လူငယ်တစ်ဦးပါတယ်လို့ မိသားစုက အတည်ပြုပြောကြားပါတယ်။

ကိုဇော်ဝင်းအောင်

ကွယ်လွန်သွားသူက အသက် ၂၀ အရွယ် ကိုဇော်ဝင်းအောင်ဖြစ်ပြီး ဆေးရုံမှာအရေးပေါ်ကုသခံယူနေရသူကတော့ ကိုဇော်ဝင်းအောင်ရဲ့ အကိုဖြစ်သူ ကိုဝေယံမိုးဖြစ်တယ်လို့ သိရပါတယ်။

“ ညီအစ်ကိုနှစ်ယောက် မင်္ဂလာဆောင်အတူသွားကြတာ။ အခုက ဆုံးသွားတာက အငယ်လေး။ အကြီးက အခုဒဏ်ရာတွေနဲ့ သင်္ဃန်းကျွန်းစံပြဆေးရုံအရေးပေါ်ခန်းမှာ ရောက်နေတယ်။ အခုနောက်ဆုံးအခြေအနေကတော့ အိမ်ပြန်ရောက်နေလို့ ကျွန်တော်မသိရသေးဘူး” လို့ ကိုဇော်ဝင်းအောင်ရဲ့ အကိုအကြီးဆုံးက ပြောပါတယ်။

ကိုဝေယံမိုး

ကိုဇော်ဝင်းအောင်နဲ့ ကိုဝေယံမိုးတို့က လူငယ်အင်အားကမ်းလက်စေတနာပရဟိတအဖွဲ့ ဥက္ကဌနဲ့ တွဲဖက်အတွင်းရေးမှုးတာဝန်ယူထားသူတွေဖြစ်ပြီး ကိုဗစ်ကာလမှာလည်း လူမှုကူညီရေးတွေ လုပ်ဆောင်ခဲ့တယ်လို့ အကိုအကြီးဆုံးဖြစ်သူက ပြောပါတယ်။

“ မင်္ဂလာဆောင်ကို ကျွန်တော်က လိုက်မသွားတော့ ဘာတွေဖြစ်ပြီး ဘယ်လိုတွေ ထိခိုက်ကုန်တယ် ကျွန်တော်မသိပါဘူး။ အခုလည်း အမေနဲ့ ညီမလေးပဲ အိမ်မှာကျန်ခဲ့တော့ ကျွန်တော်အိမ်ပြန်နေတော့ မိသားစုအဆက်အသွယ်မရှိဘူး” လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒီကနေ့ မေ ၂၅ ရက် မွန်းလွဲပိုင်းက သင်္ဃန်းကျွန်းမြို့နယ်ထဲက သုဝဏ္ဏ (က) ရပ်ကွက်မှာရှိတဲ့ မင်္ဂလာဆောင်အိမ်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီး သတို့သမီးအပါအဝင် သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ သတင်းတွေ ထွက်နေပေမယ့် သေဆုံးမှုအရေအတွက်အခြေအနေကို အတည်မပြုနိုင်သေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

မဲရုံသင်တန်းပေးနေတဲ့ မုံရွာမြို့ပေါ်မှာ ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

သတင်း

နိုဝင်ဘာ-၂၀၊၂၀၂၅။အိမ်သွင်/People’s Spring ဖားကန့်မှာ ယ​နေ့ (နိုဝင်ဘာလ၂၀) ညနက်ပိုင်းကစပြီး စစ်တပ်က လူနေရပ်ကွက်တွေဘက်ကို လက်နက်ကြီးတွေ ဆက်တိုက်ပစ်နေပြီး မြစ်ကြီးနားမြို့မှာလည်း ပြင်းထန်တဲ့‌ ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ ည ၁၁နာရီ ၂၁မိနစ်ခန့်ကစပြီး ဖားကန့်တပ်မကုန်းကနေ လက်နက်ကြီးနဲ့ပစ်နေတာဖြစ်ပါတယ်။ဆိုင်းတောင်ရွာဘက်ကလူနေအိမ်တချို့ကိုထိမှန်ပေါက်ကွဲနေပြီး ည ၁၂နာရီထိုးကာနီးအထိ ဆက်ပစ်နေပါတယ်။ လက်နက်ကြီးကျည်ဒလက်လွင့်စင်သွားတဲ့အသံပါကြားရပြီး အရပ်သားတွေအနီးပတ်ဝန်းကျင်ကို ဦးတည်ပစ်နေတာလို့...

နိုင်ငံတကာ

ဒေလီမြို့တော်ရဲ့ လူစည်ကားရာ တစ်နေရာမှာ ဖြစ်ပွားခဲ့တဲ့ မော်တော်ကား ပေါက်ကွဲမှုဟာ အကြမ်းဖက် ဖြစ်စဉ် တစ်ခုလို့ အိန္ဒိယ အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်ရဲ့ အထင်ကရ ရှေးအဆောက်အအုံ တစ်ခုနားမှာ ကားတစ်စီး ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။