Connect with us

Hi, what are you looking for?

သတင်း

ဝန်းသိုကစစ်ကြောင်းကို PDF​တွေတိုက်ခိုက် စစ်သား၃၀ ခန့်​သေဆုံးပြီး စစ်သုံ့ပန်း၅ဦးဖမ်းမိ

ဝန်းသိုမြို့ကထွက်လာတဲ့စစ်တပ်စစ်ကြောင်းတိုက်ခိုက်ခံရပြီးစစ်သား ၃၀ ခန့်သေဆုံးပြီးစစ်သုံ့ပန်း ၅ဦးဖမ်းမိပြီး လက်နက်အများအပြား သိမ်းယူနိုင်ခဲ့တယ်လို့ တော်လှန်ရေး တပ်တွေဆီကသိရပါတယ်။

​ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်-PDF များ။ ဓါတ်ပုံ-PDF

စက်တင်ဘာ၉၊၂၀၂၅၊မေ/People’s Spring

ဝန်းသိုမြို့ကထွက်လာတဲ့စစ်တပ်စစ်ကြောင်းတိုက်ခိုက်ခံရပြီးစစ်သား ၃၀ ခန့်သေဆုံးပြီးစစ်သုံ့ပန်း ၅ဦးဖမ်းမိပြီး လက်နက်အများအပြား သိမ်းယူနိုင်ခဲ့တယ်လို့ တော်လှန်ရေး တပ်တွေဆီကသိရပါတယ်။

စက်တင်ဘာလပထမပတ်က ဝန်းသိုမြို့အနီး စစ်တပ်ရဲ့ အမှတ် (၁၁၁) ​ခြေမြန်တပ်ရင်း (ခမရ ၁၁၁) နဲ့ အမှတ်၁၂၀ ခြေမြန်တပ်ရင်း (ခမရ၁၂၀)တို့ကစစ်ကောင်စီတပ်သားတွေဟာ ဝန်းသိုမြို့ရဲ့ အရှေ့ဘက်က ထောက်ကြန့်‌​တောရွာကို စစ်​ကြောင်းထိုးလာချိန် မှာ ​တော်လှန်​ရေးတပ်​တွေက တိုက်ခိုက်ခဲ့တာလို့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်အချို့က​ပြောတယ်။

ကောလင်း PDFတပ်ရင်းတွေအပါအဝင် ပူး ပေါင်းအဖွဲ့ တွေကထောက်ကြန့်တော ရွာကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်တပ်ရဲ့စစ်ကြောင်းကဖရိုဖရဲ ထွက်ပြေးသွားတာလို့စုံစမ်းသိရပါတယ်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲက ၃ ရက် လောက်ဖြစ်တာ။တောထဲကို စစ်သား တွေထွက် ပြေးသွားလို့ အကုန်ပိတ်ပြီး လိုက်ဖမ်းကြတာ။အလက်တွေလည်းရတယ်”လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တဦး ကပြောပါတယ်။

တိုက်ပွဲအပြီးမှာ စစ်ကောင်စီတပ်သား တွေရဲ့ အ လောင်း (၃၀) ဝန်းကျင်ရရှိခဲ့ပြီး ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စစ်သုံ့ပန်း၅ဦးဖမ်းမိခဲ့တယ်လို့လည်းသူကဆက်​ပြောပါတယ်။

စစ်တပ်က ကန့်ဘလူ၊ကောလင်းနဲ့ ဝန်းသိုမြို့နယ်တို့မှာ နယ်မြေစိုးမိုးမှုရဖို့ စစ်ကြောင်းတွေ ထိုးလာတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အင်းတော်-ဝန်းသိုလမ်းပိုင်းမှာ​ အောက်တိုဘာ ၂၉ ရက်​နေ့ကဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်တပ်ကသေဆုံးထိခိုက်သူများပြီးပြန်ဆုတ်​ပြေးသွားရကာ PDF ​တွေကလက်နက်ခဲယမ်း အများအပြားသိမ်းဆည်းနိုင်ခဲ့ပါတယ်။

သတင်း

ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး ရဲ့ စစ်သုံ့ပန်းစခန်းကို စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခံထားရတဲ့ စစ်သား ၁၀ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ချင်းပြည်ကောင်စီ(CC) ချင်းပြည်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းနိုင်ဂျွန်ကိန်းက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ ထွက်ပြေးသွားတဲ့ စစ်သုံ့ပန်းတွေထဲက ထက်၀က်ကျော် ပြန်မိထားတယ်လို့ ဒေသခံနဲ့စစ်ရေးတာ၀န်ရှိသူတချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ် ကံကုန်းကို ရောက် နေတဲ့ စစ်ကြောင်းတွေနဲ့ တော်လှန်ရေးတပ်တွေ မနေ့ညပိုင်းက အပြင်းထန်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်အထိခိုက်အကျဆုံးများတယ်လို့ တော်လှန်ရေး သတင်းအရင်းမြစ်တွေက ပြောပါတယ်။