Connect with us

Hi, what are you looking for?

သတင်း

ဝန်းသိုကစစ်ကြောင်းကို PDF​တွေတိုက်ခိုက် စစ်သား၃၀ ခန့်​သေဆုံးပြီး စစ်သုံ့ပန်း၅ဦးဖမ်းမိ

ဝန်းသိုမြို့ကထွက်လာတဲ့စစ်တပ်စစ်ကြောင်းတိုက်ခိုက်ခံရပြီးစစ်သား ၃၀ ခန့်သေဆုံးပြီးစစ်သုံ့ပန်း ၅ဦးဖမ်းမိပြီး လက်နက်အများအပြား သိမ်းယူနိုင်ခဲ့တယ်လို့ တော်လှန်ရေး တပ်တွေဆီကသိရပါတယ်။

​ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်-PDF များ။ ဓါတ်ပုံ-PDF

စက်တင်ဘာ၉၊၂၀၂၅၊မေ/People’s Spring

ဝန်းသိုမြို့ကထွက်လာတဲ့စစ်တပ်စစ်ကြောင်းတိုက်ခိုက်ခံရပြီးစစ်သား ၃၀ ခန့်သေဆုံးပြီးစစ်သုံ့ပန်း ၅ဦးဖမ်းမိပြီး လက်နက်အများအပြား သိမ်းယူနိုင်ခဲ့တယ်လို့ တော်လှန်ရေး တပ်တွေဆီကသိရပါတယ်။

စက်တင်ဘာလပထမပတ်က ဝန်းသိုမြို့အနီး စစ်တပ်ရဲ့ အမှတ် (၁၁၁) ​ခြေမြန်တပ်ရင်း (ခမရ ၁၁၁) နဲ့ အမှတ်၁၂၀ ခြေမြန်တပ်ရင်း (ခမရ၁၂၀)တို့ကစစ်ကောင်စီတပ်သားတွေဟာ ဝန်းသိုမြို့ရဲ့ အရှေ့ဘက်က ထောက်ကြန့်‌​တောရွာကို စစ်​ကြောင်းထိုးလာချိန် မှာ ​တော်လှန်​ရေးတပ်​တွေက တိုက်ခိုက်ခဲ့တာလို့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်အချို့က​ပြောတယ်။

ကောလင်း PDFတပ်ရင်းတွေအပါအဝင် ပူး ပေါင်းအဖွဲ့ တွေကထောက်ကြန့်တော ရွာကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်တပ်ရဲ့စစ်ကြောင်းကဖရိုဖရဲ ထွက်ပြေးသွားတာလို့စုံစမ်းသိရပါတယ်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲက ၃ ရက် လောက်ဖြစ်တာ။တောထဲကို စစ်သား တွေထွက် ပြေးသွားလို့ အကုန်ပိတ်ပြီး လိုက်ဖမ်းကြတာ။အလက်တွေလည်းရတယ်”လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တဦး ကပြောပါတယ်။

တိုက်ပွဲအပြီးမှာ စစ်ကောင်စီတပ်သား တွေရဲ့ အ လောင်း (၃၀) ဝန်းကျင်ရရှိခဲ့ပြီး ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စစ်သုံ့ပန်း၅ဦးဖမ်းမိခဲ့တယ်လို့လည်းသူကဆက်​ပြောပါတယ်။

စစ်တပ်က ကန့်ဘလူ၊ကောလင်းနဲ့ ဝန်းသိုမြို့နယ်တို့မှာ နယ်မြေစိုးမိုးမှုရဖို့ စစ်ကြောင်းတွေ ထိုးလာတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်