Connect with us

Hi, what are you looking for?

ဗီဒီယို

ထိုင်းထီစျေးကွက် ပြည်တွင်းမှာ ပိုတွင်ကျယ်လာ

ထိုင်းထီလက်မှတ်တွေကို အွန်လိုင်းကနေရောင်းချတာဖြစ်ပြီး မြန်မာငွေ ၆၀၀၀ ကျပ်ကျော်ကနေ ၇၀၀၀ ကျပ်ကျော်အထိ နံပတ်လှတာတာအပေါ်မူတည်ပြီး​စျေးသတ်မှတ်ရောင်းကြတယ်လို့ ပြောပါတယ်။

အောင်ဘာလေထီကို NUG အစိုးရဖြတ်သိမ်းကြောင်း ကြေညာပြီးချိန်ကစလို့ ပြည်တွင်းက ထီဝါသနာအိုးတွေ ထိုင်းထီဘက်ကိုလှည့်လာလို့ အွန်းလိုင်း Page တွေ Group တွေဖွင့်ပြီးတွင်တွင်ကျယ်ကျယ်ရောင်းလာနေကြပါတယ်။

ထီကိုပဲ စီးပွားဖြစ်ရောင်းနေကြတာဖြစ်ပြီး တစ်ချို့က ငွေလွှဲလုပ်ငန်းတွေနဲ့တွဲလုပ်တာဖြစ်တယ်လို့ ထီလက်မှတ်တွေ အရောင်းအဝယ်လုပ်နေသူတစ်ဦးက ပြောပါတယ်။

ထိုင်းထီလက်မှတ်တွေကို အွန်လိုင်းကနေရောင်းချတာဖြစ်ပြီး မြန်မာငွေ ၆၀၀၀ ကျပ်ကျော်ကနေ ၇၀၀၀ ကျပ်ကျော်အထိ နံပတ်လှတာတာအပေါ်မူတည်ပြီး​စျေးသတ်မှတ်ရောင်းကြတယ်လို့ ပြောပါတယ်။

ထိုင်းထီက တစ်လနှစ်ကြိမ်ဖွင့်တာဖြစ်ပြီးတော့ အနိမ့်ဆုံးဆု ဘတ် ၂၀၀၀ ကနေ အမြင့်ဆုံးဆု ဘတ် ၆ သန်းအထိရှိပြီး မြန်မာတွေလည်းပေါက်ကြတယ်လို့ “ဘန်ကောက်သွားမယ်” Page က မနီလာဝင်းက အခုလိုပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့်လည်းပြည်တွင်းမှာ Online Shop Page တွေမှာ ထိုင်းထီကို လက်လီလက်ကားအရောင်းပိုတွင်ကျယ်လာကြတာဖြစ်ပါတယ်။

” ထိုင်းထီက ထိုးကြတယ်။ ရောင်းလည်းရောင်းရတယ်။ ကျွန်မက တစ်စောင် ၆၈၀၀ ကျပ်နဲ့ရောင်းတယ်” လို့ ထိုင်းထီကိုမကြာသေးခင်ကမှ လက်လီစရောင်းပြီး ခုလက္ကားပါ ဖြန့်ဖို့လုပ်နေတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

NUG က ရောင်းတဲ့ နွေဦးထီကိုလည်း တစ်ချိန်ထဲမှာပဲ ထိုးနေကြတာရှိပါတယ်။

NUG က အောင်လံလွှင့်ချီနွေဦးထီကို သြဂုတ်လ ၁၅ ရက်က စတင်စမ်းသပ်ရောင်းချခဲ့ပြီး စရောင်းတဲ့ရက်မှာပဲ ၁ နာရီအတွင်း သတ်မှတ်စောင်ရေ ကုန်သွားခဲ့ပါတယ်။

အောင်ဘာလေထီကို အာဏာမသိမ်းခင် ဇန်နဝါရီလအထိ ကျပ်သိန်းတစ်သောင်းခွဲဆုအထိဖွင့်နိုင်ခဲ့ပြီး သြဂုတ်လ ၂၁ ရက်မှာ NUG က ဖျက်သိမ်းကြောင်းကြေညာပြီးတဲ့နောက် ကျပ်သိန်းတစ်သောင်းခွဲ မဖွင့်နိုင်တော့တဲ့အပြင် ထီဖွင့်ပွဲရက်ရွှေ့ရတာတွေအထိ ဖြစ်လာခဲ့ပါတယ်။

နွေဦးထီ အွန်လိုင်းက ရောင်းချပြီး ပြည်သူတွေအပြည့်အဝအားပေးနေချိန်မှာ အောင်ဘာလေထီကို အွန်လိုင်းကနေ ရောင်းချဖို့ တင်ဒါခေါ်တာတွေခေါ်ပြီး စစ်ကောင်စီက ကြိုးစားလာတာရှိပါတယ်။

ခုနောက်ပိုင်းမှာ ထိုင်းထီတင်မက၊ စင်ကာပူထီ၊ ကိုရီးယားထီတွေကိုပါ တော်တော်လေးတွင်တွင်ကျယ်ကျယ်ရောင်းချလာတာတွေရှိတယ်လို့ အွန်လိုင်းအရောင်းအဝယ်လုပ်နေသူတစ်ဦးကပြောပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲနှစ်ဦးကို ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ဆက်နွှယ်တဲ့ သံသယရှိသူ နှစ်ယောက်ကို သုတ်သင် ရှင်းလင်းခဲ့ကြောင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

သတင်း

လူသိထင်ရှား တရုတ် အနုပညာ ကြယ်ပွင့် တစ်ဦးကို တွေ့ခွင့်ရဖို့ ကြိုးစားတဲ့ တရုတ် ပရိသတ် အဖွဲ့တစ်ဖွဲ့ကို လေယာဉ်ပေါ် ပေးမတက်ခဲ့တာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာရှိတဲ့ သုဝဏ္ဏဘူမိ လေဆိပ်က ပြန်လည် ဖြေရှင်းခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ မိုးရွာထဲ ဘောလုံးကန်နေတုန်း မိုးကြိုးပစ်ချလို့ ဘောလုံးသမားတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

သတင်း

ထိုင်းနိုင်ငံကနေ ပျံသန်းတဲ့ ခရီးစဉ်အတွင်း အိန္ဒိယ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးဟာ လေထုဖိအား မတည်ငြိမ်မှုနဲ့ လေစီးကြောင်း ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တဲ့ လေလှိုင်းထန်မှု (turbulence)နဲ့ ကြုံတွေ့ခဲ့တာကြောင့် လူ ၁၇ ဦးလောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။