Connect with us

Hi, what are you looking for?

News

ချောင်းဦးPDFမှတပ်ဖွဲ့ဝင်တစ်ဦး ပြည်သူနှင့် နိုင်ငံ​တော်အတွက်အသက်​ပေးလှူ

ကျဆုံးသွား​သောပြည်သူ့တပ်ဖွဲ့ဝင်ကို သဂြိုဟ်ရာတွင်​ချောင်းဦး PDFတပ်ဖွဲ့ဝင်များတက်​ရောက်၍ ဂုဏ်ပြု ၊အ​လေးပြုခဲ့ကြသည်။

စစ်ကိုင်းတိုင်းတွင် အကြမ်းဖက်စစ်ကောင်စီကို ခုခံတိုက်ခိုက်နေကြသည့် ချောင်းဦး PDFမှ ရဲဘော်တစ်ဦး ဖက်ဒရယ်ဒီမိုက​ရေစီနိုင်ငံထူ​ထောင်​နိုင်ရေးအတွက်ကြိုးပမ်းရင် ပြည်သူများနှင့်နိုင်ငံ​တော်အတွက် အသက်ပေးလှူသွားခဲ့သည်။

နိုဝင်ဘာလ ၂၀ ရက်နေ့က ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ အမာခံရဲဘော်တစ်ဦးသည် ချောင်းဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီလက်နက်ကိုင်များ၏ဖမ်းဆီးခြင်းကိုခံရပြီး ပစ်ခတ်သတ်ဖြတ်ခံရသဖြင့် ဂုဏ်ရည်ပြောင်မြောက်စွာ နိုင်ငံတော်အတွက် အသက်ပေးလှူသွားခဲ့ရကြောင်း ချောင်းဦး PDFမှ သတင်းထုတ်ပြန်သည်။

ကျဆုံးရဲဘော်၏ စွန့်ဝံ့သောသတ္တိကို ကျွန်ုပ်တို့ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် လေးစားစွာဦးညွှတ်အ‌လေးနီပြု၍ မိသားစုနှင့်ထပ်တူဝမ်းနည်းကြေကွဲရပါကြောင်း၊ ကျဆုံးရဲဘော်ဆောင်ရွက်လျှက်ရှိသော စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေးအတွက် ကျွန်ုပ်တို့ကျန်ရစ်သူရဲဘော်များက အပြီးသတ်ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဝန်ခံကတိပြုအပ်ပါသည်ဟု ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကတိသစ္စာ ပြုခဲ့သည်။

ကျဆုံးသွား​သောပြည်သူ့တပ်ဖွဲ့ဝင်ကို သဂြိုဟ်ရာတွင်​ချောင်းဦး PDFတပ်ဖွဲ့ဝင်များတက်​ရောက်၍ ဂုဏ်ပြု ၊အ​လေးပြုခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေဖြင့်ပြည်သူတို့ရဲ့အသက်၊ခန္ဓာနဲ့ အနာဂတ်အတွက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊လူထုကို ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ရေးမဏ္ဍိုင်သုံးရပ်နဲ့ ရှေ့သို့အရှိန်အဟုန်မပျက်ချီတက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်မတော်ကအောက်တိုဘာ ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖဲရှုံးပြီး ဖုန်းခိုးယူမှုအရေးယူခံရမှာကြောက်တာကြောင့် စစ်တပ်ထံ အညံ့ခံသွားတဲ့ PDF ရဲဘော်သတင်းပေးမှုကြောင့် စစ်တပ်က ဘုတလင်မြို့နယ် အရှေ့တောင်ခြမ်းကို ​လေ

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်ပြည်သူ ၂ဦးသေဆုံးခဲ့ရကြောင်း ဒေသခံသတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

Facebook