စက်တင်ဘာ-၁၄၊၂၀၂၅။ သုည/People’s Spring
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် စျေးတစ်ခုတွင် ယနေ့ စက်တင်ဘာ ၁၄ရက် နံနက်ပိုင်းက စျေးသူစျေးသားများ ပူးပေါင်းပြီး စစ်ကောင်စီက ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

ယင်းဆန္ဒပြလှုပ်ရှားမှုကို ဆားလင်းကြီးမြို့နယ် သပိတ်အင်အားစုနှင့် ချင်းတွင်းမြစ်ကမ်းဘေး သပိတ်အင်အားစုတို့ ဦးဆောင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
တော်လှန်ပြည်သူများက “အတုအယောင်ရွေးကောက်ပွဲသပိတ်မှောက် ဖက်ဒရယ်ကို ရဲရဲလျှောက်” ၊ “တရားမဝင်တဲ့ အတုအယောင်ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ” စသည့် စာသားများကို ကိုင်ဆောင်ပြီး အတုအယောင်ရွေးကောက်ပွဲ အလိုမရှိကြောင်း၊ စစ်အာဏာရှင်စနစ် ကျရှုံးရေး ဟစ်ကြွေးသံများဖြင့် ဆန္ဒပြခဲ့ကြသည်။

Public Service Announcement


















































