Connect with us

Hi, what are you looking for?

သတင်း

ကုလ၌ သံအမတ်ကြီးဦးကျော်မိုးထွန်းဆက်ထားရှိရေး အမေရိကန်ရောက်မြန်မာများ ချီတက်ဆန္ဒပြ

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တော်ရှိ ကမ္ဘာ့ကုလသမဂ္ဂရုံးချုပ်အနီး၌ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တည်ရှိရေးအတွက် Global Action for Credential Campaign 2025 အဖြစ် အမေရိကန်ရောက်မြန်မာများ ချီတက် ဆန္ဒပြကို စက်တင်ဘာ ၂၀ ရက်က ပြုလုပ်ခဲ့သည်။

စက်တင်ဘာ-၂၁၊၂၀၂၅။ သုည/People’s Spring

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တော်ရှိ ကမ္ဘာ့ကုလသမဂ္ဂရုံးချုပ်အနီး၌ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တည်ရှိရေးအတွက် Global Action for Credential Campaign 2025 အဖြစ် အမေရိကန်ရောက်မြန်မာများ ချီတက် ဆန္ဒပြကို စက်တင်ဘာ ၂၀ ရက်က ပြုလုပ်ခဲ့သည်။

အဆိုပါချီတက်ဆန္ဒပြပွဲကို “Our UN Ambassador U Kyaw Moe Tun, The True Voice of Myanmar” ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲဲ့ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေကြောင်း ဆုတောင်းခဲ့ကြသည်။

ထို့နောက် မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း၊ NUG အစိုးရ ဆက်သွယ်ရေးသတင်းအချက်အလက်နှင့် နည်းပညာ၀န်ကြီးဌာနဝန်ကြီး ဦးထင်လင်းအောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီးဦးမိုးဇော်ဦးတို့က ဟောပြောခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ကုလတွင် မြန်မာပြည်သူများကိုယ်စားပြု သံအမတ်ကြီးဦးကျော်မိုးထွန်းဆက်ထားရှိရေးအပြင်၊ တရားဥပဒေမဲ့စွာ ပြောင်ပြောင်တင်းတင်းလုပ်ဆောင်နေသော စစ်အုပ်စုအား နိုင်ငံတကာက ကျဉ်ဖယ်ပြီး၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းစေရေးအတွက် ဝိုင်းဝန်ကူညီ ပေးကြရန်လည်း တောင်းဆိုခဲ့ကြသည်။

ထို့နောက် UN ရုံးချုပ်ရှေ့မှ နယူးယောက်မြို့လယ်ရှိ Time Square ရင်ပြင်အနီးသို့ ချီတက်ခဲ့ကြသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ နီဗားဒါး ပြည်နယ်မှာရှိတဲ့ အမေရိကန် လေတပ်ရဲ့ လျှို့ဝှက်စခန်း Area 51 နားထိ တောမီးတွေ ပျံ့နှံ့ ကူးစက်လာနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် တပ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ကြိုးစားခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို အပြင်းအထန် တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)နဲ့ ဆက်စပ်တဲ့ သတင်းဌာန တစ်ခုက အမေရိကန် သမ္မတရဲ့ ဇနီးနဲ့သားကို လုပ်ကြံဖို့ တိုက်တွန်းထားတဲ့ ဗီဒီယိုတစ်ခု ဖြန့်ဝေခဲ့တာကို အမေရိကန် သမ္မတ လုံခြုံရေး တာဝန်ယူထားတဲ့ လျှို့ဝှက် ထောက်လှမ်းရေး...